AIR 1968 SC 1165

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


စာရေးသူ၏ သီးခြားသက်သာခွင့်အက်ဥပဒေစာအုပ်စာမျက်နှာ၂၃တွင် AIR 1968 SC 1165စီရင်ထုံးပါထုံးဖွဲ့ချက်ကိုမြန်မာဘာသာဖြင့်ပြန်ဆိုကာအောက်ပါအတိုင်းဖော်ပြခဲ့သည် -


"ပိုင်ရှင်အသွင်ဖြင့်မြေလက်ရှိဖြစ်ပြီးပိုင်ရှင်၏သာမာန်အခွင့်အရေးကိုသုံးစွဲနေထိုင်သူတဦးသည်ပိုင်ရှင်အစစ်မှတပါးခပ်သိမ်းကုန်သောသူတို့နှင့်စပ်လျဉ်း၍ပိုင်ဆိုင်ခွင့်အခိုင်အမာရှိသည်။ပိုင်ရှင်အစစ်သည်စည်းကမ်းသတ်ကာလအတွင်းမိမိအခွင့်အရေးကိုအရေးဆိုခြင်းမပြုလျှင်၊ထိုသူ၏အခွင့်အရေးသည်ဆိတ်သုဉ်းသွားပြီး လက်ရှိထားလျက်ရှိသောသူသည်ပိုင်ဆိုင်ခွင့်အပြီးအပိုင်ရရှိသည်။ပိုင်ရှင်မဟုတ်သောအခြားသူကထိုသို့လက်ရှိထားခြင်းကိုအနှောင့်အယှက်ပြုလာလျှင်၊လက်ရှိထားသူသည်သီးခြားသက်သာခွင့်အက်ဥပဒေအရလက်ရောက်ရလိုကြောင်းစွဲဆိုနိုင်သည်။"


အင်္ဂလန်နိုင်ငံတွင်ကျင့်သုံးသည့်အခြေခံဥပဒေသဘောတရားမှာ Prior ( 8 LBR 227 ( F B )စီရင်ထုံးတွင် previous ဟုသုံးသည်။ ) 


possession is a good title of ownership against all who cannot show a better title 


အလျင်လက်ရှိဖြစ်ခြင်းသည်သာလွန်သောဆိုင်ရေးဆိုင်ခွင့်ရှိကြောင်းမပြနိုင်သည့်သူတို့အားလုံးအပေါ် ပိုင်ဆိုင်မှုကိုထင်ဟပ်သောခိုင်မာသည့်ဆိုင်ရေးဆိုင်ခွင့်ဖြစ်သည်ဟူ၍ဖြစ်သည်။ 


မြန်မာနိုင်ငံတွင်ကျင့်သုံးသောဥပဒေသဘောတရားနှင့်ကွဲပြားခြင်းမရှိ။

































Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]