ပဋိညာဉ်ဖောက်ဖျက်သည့်အတွက်လျော်ကြေးရလိုမှု ( ၆ )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပဋိညာဉ်ဖောက်ဖျက်သည့်အတွက်လျော်ကြေးရလိုမှု ( ၆ )


မောင်ထွန်းမြင့်ကကိုယ်စားလှယ်ခန့်ထားဆောင်ရွက်စေသည့်ကိစ္စ


ဦးအေးမောင်က"လူကလေးဘက်မှဦးတင်ဝင်းအားကိုယ်စားလှယ်အဖြစ်ပေးပါသည်"ဟုထွက်ဆိုရာ၌မောင်ထွန်းမြင့်ကိုယ်တိုင်ကဦးတင်ဝင်းအား၎င်းကိုယ်စားညှိနှိုင်းရန်တာဝန်ပေးခြင်းလားမရှင်းလှပါ။


ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၈၆နှင့်၁၈၇တို့တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-


" 186 . The authority of an agent may be expressed or implied . "


( ကိုယ်စားလှယ်၏အခွင့်အာဏာသည်အတိအလင်းလွှဲသော သို့မဟုတ် လွှဲအပ်သည့်သဘောသက်ရောက်သောအခွင့်အာဏာဖြစ်နိုင်သည်။ )


" 187 . An authority is said to be express when it is given by words spoken or written . An authority is said to be implied when is to be inferred from the circumstances of the case ; and things spoken or written , or the ordinary course of dealing , may be accounted circumstances of the case . "


( အခွင့်အာဏာကိုနှုတ်ဖြင့်ဖြစ်စေ၊စာရေးသား၍ဖြစ်စေလွှဲလျှင်၊အတိအလင်းလွှဲသည်မည်၏။ဆိုင်ရာအကြောင်းခြင်းရာများမှကောက်ယူရန်ဖြစ်လျှင်၊လွှဲသည့်သဘောသက်ရောက်သောအခွင့်အာဏာဖြစ်သည်မည်၏။ထို့ပြင်နှုတ်ဖြင့်ပြောသောသို့မဟုတ်ရေးသားသောအရာများသည်သော်လည်းကောင်း၊ဆက်ဆံမြဲတွင်ဆက်ဆံခြင်းသည်သော်လည်းကောင်း၊ဆိုင်ရာအကြောင်းခြင်းရာများကိုပြဆိုသောအချက်အလက်များဖြစ်နိုင်သည်။)


ဦးအေးမောင်က"ကျွန်တော်တို့မှဦးဘိုးခြုံရှေ့တွင်တရားလိုနှင့်(၁)တရားပြိုင်တို့အားခေါ်ယူစစ်ဆေးပါသည်။ကျွန်တော်တို့စစ်ဆေးပြီးနောက်နှစ်ဖက်ကာယကံရှင်များ၏ကိုယ်စားလှယ်များအားတောင်းရာဦးအောင်ကိုအားကိုယ်စားလှယ်ဖြင့်ပေးပြီး၊လူကလေးဘက်မှဦးတင်ဝင်းအားကိုယ်စားလှယ်အဖြစ်ပေးပါသည်"ဟူသောထွက်ချက်ပါဖြစ်ရပ်နှင့်စပ်ဟပ်ဆင်ခြင်ပါကမောင်ထွန်းမြင့်သည်ဦးတင်ဝင်းအား၎င်းကိုယ်စားညှိနှိုင်းစေခဲ့ကြောင်းမြင်သာပါသည်။


ဦးတင်ဝင်းကသက်သေခံ(က)ကိုလက်မှတ်ရေးထိုးခြင်းသည်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၂၆ပါအောက်ပါပြဌာန်းချက်များအရမောင်ထွန်းမြင့်ကိုယ်တိုင်လက်မှတ်ရေးထိုးဘိသကဲ့သို့အကျိုးသက်ရောက်ပါသည်-


" Contracts entered into through an agent , and obligations arising from acts done by an agent , may be enforced in the same manner , and will have the same legal consequences ; as if the contracts had been entered into and the acts done by the principle in person . "


ကိုယ်စားလှယ်မှတဆင့်ချုပ်ဆိုသောပဋိညာဉ်များကိုလည်းကောင်း၊ကိုယ်စားလှယ်ကပြုသောပြုလုပ်မှုများကိုလည်းကောင်း၊ကိုယ်စားလှယ်လွှဲသူကိုယ်တိုင်ချုပ်ဆို သို့မဟုတ် ပြုဘိသကဲ့သို့ထိုပဋိညာဉ်များအတိုင်း၊ထို့ပြင်ထိုပြုလုပ်မှုများမှပေါ်ပေါက်သောတာဝန်များအတိုင်းဆောင်ရွက်စေနိုင်သည့်အပြင်ဥပဒေအရလည်းထပ်တူထပ်မျှအကျိုးသက်ရောက်မှုရှိစေမည်။ 


သို့သော်မမီလုံးအတွက်သက်သေခံ(က)ကိုချုပ်ဆိုသောဦးအောင်ကိုမှာမူပဋိညာဉ်အက်ဥပဒေအရ၎င်း၏ကိုယ်စားလှယ်မဟုတ်သဖြင့်၎င်းကိုယ်စားဆောင်ရွက်ခွင့်မရှိသည့်အတွက်မမီလုံးကိုယ်စားချုပ်ဆိုသည့်သဘောသက်ရောက်သည်ဆိုသောသက်သေခံ(က)မှာမမီလုံးအတွက်ချုပ်ဆိုရာမရောက်နိုင်။


ပုဒ်မ၂၂၆ပါ agent ( ကိုယ်စားလှယ် )သည်ပုဒ်မ၁၈၃အပါအဝင်ပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်များနှင့်အညီခန့်ထားခံရသည်ဖြစ်သည်။


သက်သေခံ(က)ကိုမောင်ထွန်းမြင့်ကတဖက်သတ်ချုပ်ဆိုရာရောက်သည်။


ပဋိညာဉ်မမြောက်နိုင်။


သက်သေခံ(က)အရပဋိညာဉ်မမြောက်သည်ကိုမမီလုံးအတွက်အဆိုလွှာရေးသောရှေ့နေသတိထားမိခဲ့လျှင်မမီလုံးကိုဗလက္ကာရပြုသည့်အတွက်မောင်ထွန်းမြင့်အပေါ်လျော်ကြေးရလိုမှုစွဲဆိုရန်ဖြစ်ပေလိမ့်မည်။


မခိုင်လုံသောသက်သေခံစာချုပ်ကထိုသို့လျော်ကြေးရလိုမှုစွဲဆိုခြင်းကိုမပိတ်ပင်နိုင်။


တရားရုံးချုပ်သည်ဆိုင်ရာပြဌာန်းချက်များကိုကိုးကားဆုံးဖြတ်ရန်ပျက်ကွက်သည်ဟုဆိုရပါမည်။









Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ