ပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်များမှာမြန်မာတို့နှင့်စိမ်းသည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်များမှာမြန်မာတို့နှင့်စိမ်းသည်။


ပြဌာန်းချက်များကိုဥပဒေစာမေးပွဲအောင်ရန်အောင်အောင်မြင်မြင်အလွတ်ကျက်နိုင်ခဲ့ရုံမျှဖြင့်ဥပဒေပညာရှင်မဖြစ်နိုင်ကြောင်း 1952BLR32(HC)နှင့် 1992BLR94 စီရင်ထုံးနှစ်ရပ်ပါဖြစ်ရပ်တို့ကအထင်အရှားညွှန်ပြသည်။


မြန်မာနိုင်ငံတရားစီရင်ထုံးများသည်ပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်အရပ်ရပ်ကို လွှမ်းခြုံမိသေးသည်မဟုတ်သော်လည်း စီရင်ထုံးများပါကြောင်းကျိုးဆင်ခြင်သည့်ပညာကိုလေ့လာမှတ်သားနိုင်ပါလျှင်အမှုသည်များကိုထိထိရောက်ရောက်အထောက်အကူပြုနိုင်ပါလိမ့်မည်။


ယုတ်စွအဆုံး ပဋိညာဉ်ဆိုင်ရာအမှုများတွင် အမှုဖြစ်ရပ်(ဇာတ်လမ်း)ကို ပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်များနှင့်ချိန်ထိုးဆင်ခြင်တတ်ပါမှ အရည်အချင်းပြည့်ရှေ့နေဖြစ်နိုင်ပါမည်။


တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသော အကြောင်းခြင်းရာမှန်များကိုရှာဖွေနိုင်ပါလိမ့်မည်။


တရားလိုပြောပြသည့်၎င်းအားအကျိုးပြုနိုင်သောဖြစ်ရပ်ကို ဆိုင်ရာဥပဒေဖြစ်သည့်ပဋိညာဉ်အက်ဥပဒေနှင့် စပ်ဟပ်ဆင်ခြင်ခြင်းမပြုပါက တရားမကျင့်ထုံးဥပဒေ အမိန့် ၇ ၊ နည်း ၁(င)အရ အဆိုပြုရန်လိုအပ်သည့်အကြောင်းခြင်းရာများကို မှန်မှန်ကန်ကန်အဆိုပြုနိုင်မည်မဟုတ်ကြောင်း သတိပေးလိုသည်။


သက်သေခံ(က)စာချုပ်ကို အဆိုပြုချက်များနှင့်တွဲဖက်ဖတ်ကြည့်ရုံမျှဖြင့် ပဋိညာဉ်အက်ဥပဒေအရအချင်းဖြစ်ငွေကိုရလိုကြောင်း တရားစွဲဆိုရန်အကြောင်းပေါ်ပေါက်ကြောင်းအဆိုလွှာကသိသာထင်ရှားစေခြင်းမရှိ၍ အဆိုလွှာကို အဆိုလွှာတင်သည့်နေ့တွင်ပင် အမိန့် ၇ ၊ နည်း ၁၁(က)အရ ပယ်ချရန်ဖြစ်သည်။


အဆိုးသံသရာနှစ်ချီ၍ကြာခဲ့သည်မှာမဖြစ်စကောင်း။


တရားလို၏ဇာတ်လမ်းသက်သက်သည် အမိန့် ၇ ၊ နည်း ၁(င)တွင်အကျုံးဝင်သော တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသည့်အကြောင်းခြင်းရာများဖြစ်သည်ဟု တထစ်ချမဆိုနိုင်။


တရားလိုရလိုသောသက်သာခွင့်ကို ဥပဒေအရ ရထိုက်စေသည့်အကြောင်းခြင်းရာများသာလျှင် အမိန့် ၇ ၊ နည်း ၁(င)တွင် အကျုံးဝင်နိုင်သည်ကိုသတိပြုပါ။


အပြောကျယ်လှသောဥပဒေများကိုမတတ်ကျွမ်းဘဲ အဆိုအချေတို့ကိုကျွမ်းကျွမ်းကျင်ကျင်ရေးနိုင်ရန်မျှော်လင့်နိုင်သည်မဟုတ်။


ရာဇဝတ်မှုမှာကဲ့သို့ တရားမမှုတမှုတွင်အနိုင်ရရန်မှာလည်း တရားလို၏အဓိကတာဝန်ဖြစ်ကြောင်း ရှည်ရှည်ဝေးဝေးဆင်ခြင်ကြည့်ရန်လိုမည်မဟုတ်။


သို့သော်တရားလိုအားအမှုအနိုင်ရစေမည့်အကြောင်းခြင်းရာတို့မှာ မည်သည်တို့ဖြစ်သည်ကိုကွက်ကွက်ကွင်းကွင်းမြင်တတ်ရန်မှာမူ အဆိုလွှာရေးသူရှေ့နေတိုင်းအတွက် အခါခပ်သိမ်းလွယ်ကူသည့်ကိစ္စမဟုတ်ကြောင်း စီရင်ထုံးများပါအမှားအယွင်းတို့ကိုထောက်ချင့်ကြည့်ပါကမြင်သာပါသည်။


အဆိုးဝါးဆုံးသာဓကကိုဖတ်ရသဖြင့် စာရေးသူသည် တရားစွဲဆိုရန်အကြောင်းကိုရေးပြလိုစိတ်ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။



Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]