အပေးအယူ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

ပဋိညာဉ်အက်ဥပဒေသည်မြန်မာဥပဒေပညာရှင်တို့နှင့်စိမ်းသည်။


နားလည်သဘောပေါက်အောင်နားမလည်မချင်းအထပ်ထပ်လေ့လာရန်လိုသည်။


နားလည်သည်ဟုမိမိကိုယ်ကိုမလှည့်စားဖို့အရေးကြီးသည်။


ဝထ္ထုဖတ်သလိုဖတ်၍ရသည်မဟုတ်။


ပဋိညာဉ်အက်ဥပဒေပုဒ်မ၂(ဃ)ပါပြဌာန်းချက်များသည်နားလည်ရန်လွယ်သည်မဟုတ်။


စီရင်ထုံးများပါဖြစ်ရပ်နှင့်စပ်ဟပ်ဖတ်ပါမှနားလည်နိုင်ပါသည်။


အခက်အခဲတရပ်မှာ 1952 BLR ( HC ) 32 (DB )စီရင်ထုံးတခုကိုသာလက်လှမ်းမှီနိုင်သည်။


ထိုစီရင်ထုံးကိုအင်္ဂလိပ်ဘာသာဖြင့်ရေးထားရာနားလည်အောင်ဆယ်ကြိမ်ထက်မနည်းဖတ်ရန်လိုသည်။


အပေးအယူ

ပဋိညာဉ်အက်ဥပဒေပုဒ်မ၂(ဃ)ပါအပေးအယူ(consideration)၏ဆိုလိုရင်းကိုနားလည်အောင်အခေါက်ခေါက်အခါခါဖတ်ရန်အထူးအရေးကြီးသည်။


ပဋိညာဉ်မြောက်မမြောက်ကိစ္စတွင်ထိုပြဌာန်းချက်များသည်သော့ချက်ဖြစ်သည်။


နားလည်လွယ်သောအရေးအသားမဟုတ်ပါ။


ပဋိညာဉ်မြောက်သည့်ကိစ္စ၌ကတိပြုသူ(promisor)သည်ကတိရသူ(promisee)ထံမှတခုခုကိုမျှော်ကိုး၍ကတိပေးခြင်းမျိုးဖြစ်ကြောင်း at the desire of the promisor(ကတိပြုသူ၏ဆန္ဒအရ)ဟူသောစကားရပ်ကဖော်ညွှန်း(suggest )သည်။


ကတိရသူဘက်မှအတုံ့အပြန်ရှိရန်လိုကြောင်းမြင်သာသည်။


ဤသဘောအခံရှိပါမှ 1952 BLR ( HC )32 စာမျက်နှာ၃၅တွင်-

 Reading this racital , we do not see anything in it which would suggest that U Tun Hlaing has promised to give up any right , that is , to do or abstain from doing anything . 

ဟူသောသုံးသပ်ချက်ကိုနားလည်မည်ဖြစ်သည်။

ထိုသုံးသပ်ချက်မတိုင်မီစာချုပ်ပါအကြောင်းအရာများကိုဖော်ပြထားရာကတိပြုသူဒေါ်တင်စိန်နှင့်မောင်ပါတို့ကအချင်းဖြစ်ငွေကိုပြန်လည်ပေးဆပ်ရန်ကတိပြုကြောင်းသာပါသည်။


ကတိရသူဦးထွန်းလှိုင်ဘက်မှဒေါ်တင်စိန်တို့ကတိပြုခြင်းကိုတုံ့ပြန်သည့်အနေဖြင့်တစုံတရာမပြုပါ။


(ဥပမာငွေဆပ်လျှင်တရားမစွဲပါဟုအပြန်အလှန်ကတိပြုခြင်း)ဟုဖော်ညွှန်းသောအရေးအသားစာချုပ်တွင်မပါ။


" U Tun Hlaing has promised to give up anything . "


 ဦးထွန်းလှိုင်ကအခွင့်အရေးတရပ်ရပ်ကိုစွန့်လွှတ်ကြောင်းဖော်ညွှန်းသည့်လေသံပါသည်ကိုစာချုပ်၌မတွေ့ရဟုဆိုရာ၌ဦးထွန်းလှိုင်အနေဖြင့်၎င်းတို့နှစ်ဦးအားတရားစွဲဆိုခွင့်အားစွန့်လွှတ်ခြင်းကိုဆိုလိုခြင်းဖြစ်သည်။


ငွေဆပ်လျှင်တရားမစွဲပါဟုဦးထွန်းလှိုင်ကတာဝန်ယူသဖြင့်ဒေါ်တင်စိန်တို့ကငွေပေးဆပ်ရန်ကတိပြုခြင်းဖြစ်လျှင်အပေးအယူရှိသည်ဟုဆိုရမည်ဖြစ်သည်။


ပုဒ်မ၂(ဃ)ပါ " at the desire of the promisor . "ဟူသောစကားရပ်နောက်ကလာသောကိစ္စတို့သည် promisee နှင့်ဆိုင်သည်။


ကတိရသူဘက်မှတုံ့ပြန်မှုသည်(က)ကတိရသူသို့မဟုတ်အခြားသူတဦးကတစုံတရာပြုပြီးဖြစ်ခြင်းသို့မဟုတ်မပြုလုပ်ဘဲရှောင်ကြဉ်ပြီးဖြစ်ခြင်းသို့မဟုတ်(ခ)တစုံတရာကိုပြုလုပ်ခြင်းသို့မဟုတ်မပြုလုပ်ဘဲရှောင်ကြဉ်ခြင်းသို့မဟုတ်(ဂ)တစုံတရာကိုပြုရန်သို့မဟုတ်မပြုဘဲရှောင်ကြဉ်ရန်ကတိပြုခြင်းဖြစ်နိုင်သည်။


ဦးထွန်းလှိုင်ကဒေါ်တင်စိန်တို့အားတရားစွဲဆိုခြင်းမပြုပါဟုကတိပြုလျှင် promise to abstain from suing or prosecuting ဖြစ်ပေလိမ့်မည်။


1952 BLR ( HC )32 (DB)စီရင်ထုံးစာမျက်နှာ၃၅နောက်ဆုံးအပိုဒ်ပါရေးနည်းရေးဟန်ကိုအတုခိုးကာ(အင်္ဂလိပ်ဘာသာဖြင့်ရေးရသော်၊ borrowing (မြန်မာစာအဖွဲ့၏အင်္ဂလိပ်မြန်မာအဘိဓာန်စာမျက်နှာ၁၄၆တွင် borrow ဟူသောဝေါဟာရကိုအတုခိုးသည်ဟုဘာသာပြန်ပြီး borrow freely from other writers ဟုဥပမာပေးထားသည်) the phraseology adopted in 1952 BLR ( HC ) 32(35)ဟုအစချီပြီး-


" There is nothing which would amount to a contract supported by consideration on the part of the bank to do or abstain from doing anything in this case . "


ဟုဆိုပါကမှားအံ့မထင်။


ထိုရေးနည်းရေးဟန်ကို 1960 BLR ( SC ) 156 စီရင်ထုံးစာမျက်နှာ၁၅၈တတိယစာပိုဒ်၌တွေ့နိုင်သည်။


ထုံးပြုသောစီရင်ချက်ကိုယခင်တရားလွှတ်တော်ချုပ်၏တတိယမြောက်နှင့်နောက်ဆုံးနိုင်ငံတော်တရားသူကြီးချုပ်ဦးမြင့်သိန်းရေးပါသည်။


ထိုပုဂ္ဂိုလ်ကြီးသည်ဒေါက်တာမောင်မောင်ကဲ့သို့နားလည်လွယ်သောအင်္ဂလိပ်ဘာသာအရေးအသားကိုရေးတတ်သူဖြစ်သည်။


တရားသူကြီးနှစ်ဦး၏အရေးအသားကွဲလွဲပုံကိုနှိုင်းယှဉ်လေ့လာမှတ်သားပါကအင်္ဂလိပ်ဘာသာအရေးအသားများတိုးတက်နိုင်ကြောင်းအသိပေးလိုပါသည်။






















Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]