အပေးအယူမရှိသောသဘောတူညီချက်အရတရားစွဲဆိုသောအမှု ( ၂ )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အပေးအယူမရှိသောသဘောတူညီချက်အရတရားစွဲဆိုသောအမှု၂
ပြီးပြည့်စုံသည့်ပဋိညာဉ်ဟူသောစကားရပ်နှင့် ပြီးမြောက်သောပဋိညာဉ်ဟူသောစကားရပ်တို့သည် ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၀ပါ အောက်ပါပြဌာန်းချက်များတွင်မရှိ-
" All agreements are contracts if they made by the free consent of parties competent to contract , for a lawful consideration and with a lawful object , and are not hereby expressly declared to be void. "
( ပဋိညာဉ်ပြုရန်အရည်အချင်းရှိသူတို့က ဥပဒေနှင့်ညီသည့်ကတိနှင့်ညီညွတ်ချက်၊အဖိုးစားနား၊ အပေးအယူအတွက် ဥပဒေနှင့်ညီသောရည်ရွယ်ချက်ဖြင့် လွတ်လပ်သောသဘောတူချက်အရပြုလုပ်ပြီး ဤဥပဒေအရပျက်ပြယ်ကြောင်း အတိအလင်းပြဌာန်းထားခြင်းမရှိသော သဘောတူချက်အရပ်ရပ်သည်ပဋိညာဉ်များဖြစ်သည်။)
ကန်ကန်နီပါ၃ နှင့် မောင်ဖိုးရင်
အောက်မြန်မာပြည်စီရင်ထုံးများအတွဲ၁စာ၁၉၀
အမှုတွင် တရားလိုမြီရှင်ကတရားပြိုင်မြီစားထံမှ ရရန်ရှိသောမူလကြွေးမြီမှာတရားစွဲဆိုသောအခါ ကာလစည်းကမ်းသတ်ကျော်လွန်လျက်ရှိသဖြင့် တရားပြိုင်ကထိုကြွေးမြီကိုပေးဆပ်ရန်ထပ်မံကတိပြုချက်အပေါ်အခြေခံကာ ကြွေးမြီရလိုကြောင်းတရားစွဲဆိုရာ အောက်ပါအတိုင်းထုံးဖွဲ့ပါသည်။
"ပေးဆပ်ရန်တာဝန်ရှိပြီးဖြစ်သောကြွေးမြီများကိုပေးဆပ်ရန်ကတိပြုရုံသက်သက်သည် အဖိုးစားနားမရှိဘဲပြုသောကတိဖြစ်၍ ပဋိညာဉ်အသစ်ဖြစ်ပေါ်စေခြင်းမရှိ။ ထိုပဋိညာဉ်အားဖောက်ဖျက်ခြင်းသည် တရားစွဲဆိုရန်အကြောင်း၏အခြေခံဖြစ်မည်မဟုတ်"
အလက်ဇန္ဒားဂရန့် နှင့် ဂျီအပ္ပနား
9 BLR 221
အမှုတွင် အောက်ပါအတိုင်းထုံးဖွဲ့ပါသည်။
"တရားလိုသည်တရားပြိုင်ကိုမောင်ဖြူချုပ်ဆိုသောငွေပေးကတိစာချုပ်များအရပေးဆပ်ရန်ရှိသည်များကို(တရားပြိုင်)က ပေးဆပ်ပါမည်ဟူသောကတိအရ တရားစွဲဆို၏။ တရားလိုကမိမိသည်မောင်ဖြူအား အကြွေးဆပ်ရန်ဖိအားပေးသောအခါ တရားပြိုင်က မောင်ဖြူအတွက်မပူပါနဲ့ မိမိပေးဆပ်ပါမည်ဟုပြောဆိုကြောင်းဖြင့်အဆိုပြု၏။ တရားပြိုင်ကဤအချက်များကိုငြင်းသည်။ ဆုံးဖြတ်ချက်။ ကတိပြုသူ၏ကတိအတွက် အဖိုးစားနားဖြစ်သည့် ကတိရသူဘက်မှပြုသောပြုလုပ်မှု၊ရှောင်မှု သို့မဟုတ် ကတိသည်ဥပဒေအမြင်တွင်တန်ဖိုးတစုံတရာရှိရမည်၊ မပူနဲ့ဟုတာဝန်ယူခြင်း၊ တဦးတယောက်အားစိတ်အနှောင့်အယှက်မပေးရန်တာဝန်ယူခြင်းသည် လုံလောက်သောအဖိုးစားနားမဟုတ်၊ အတိအလင်းပြုသောကတိ၏အခြေခံလည်းမဟုတ်၊ တရားပြိုင်ကငွေပေးဆပ်ရန်ဥပဒေအရတာဝန်မရှိ"
မောင်ပါခေါ်မောင်ပါစီခေါ်မောင်မျိုးညွန့် နှင့် ဦးထွန်းလှိုင်ပါ၂
၁၉၅၂ မတစ ( တရားလွှတ်တော် )၃၂
အမှုတွင် မောင်ပါ၏ဖခင်ဦးဟိန်သည် ပန်းဆိုးတန်းလမ်းကွန်ကိုးသမဝါယမအသင်း၏ ဘဏ္ဏာထိန်းဖြစ်ပြီး၎င်းသေဆုံးသောအခါ ၎င်း၏လက်ဝယ်၌ အဆိုပါကွန်ကိုးပိုင်ငွေ ၃၅၀၀ကျပ်ရှိနေပါသည်။ အသင်း၏အတွင်းရေးမှုးဦးထွန်းလှိုင်က ဦးဟိန်၏သားမောင်ပါနှင့်ဇနီးဒေါ်တင်ကြည်တို့အပေါ် အဆိုပါငွေရလိုကြောင်းဖြင့် ၎င်းတို့ကိုယ်တိုင်အနေဖြင့်လည်းကောင်း၊ဦးဟိန်၏အမွေစားအမွေခံများအနေဖြင့်လည်းကောင်း၊ ( personally as well as in their capacity as heirs and legal representatives of U Hein ) (စီရင်ထုံးစာမျက်နှာ၃၂ကိုရည်ညွှန်းပါသည်)
တရားစွဲဆိုရာ၌တရားပြိုင်များကချုပ်ဆိုပေးသောသက်သေခံ( ဂ )ကတိစာချုပ်အပေါ်အခြေခံပါသည်( စီရင်ထုံးစာမျက်နှာ၃၃ကိုရည်ညွှန်းပါသည်)
အဆိုအပိုဒ်၅တွင်တရားပြိုင်များကအချင်းဖြစ်ငွေကိုပေးဆပ်ရန်တာဝန်ရှိပုံကိုဝန်ခံကြောင်းနှင့်ထိုငွေကိုပေးဆပ်ရန်ကတိစာချုပ်ချုပ်ဆိုကြောင်းအဆိုပြုပါသည်။(စီရင်ထုံးစာမျက်နှာ၃၃ကိုရည်ညွှန်းပါသည်)
မောင်ပါတို့ကအခြားအချက်များအပြင်အချင်းဖြစ်ကတိစာချုပ်ကိုအပေးအယူအဖိုးစားနားမရှိဘဲချုပ်ဆိုရကြောင်း(စီရင်ထုံးစာမျက်နှာ၃၃ကိုရည်ညွှန်းပါသည်)ထုချေပါသည်။
တရားလွှတ်တော်တရားသူကြီးနှစ်ဦးပါသောခုံရုံးက ကတိစာချုပ်ချုပ်ဆိုရခြင်းအတွက်အပေးအယူအဖိုးစားနားရှိ မရှိ စီရင်ထုံးစာမျက်နှာ၃၄ နှင့် ၃၅တွင်စိစစ်ပါသည်။
မောင်ပါတို့ကငွေပေးဆပ်ရန်ကတိပြုသည့်အတွက် ဦးထွန်းလှိုင်အနေဖြင့်တစုံတရာပြုလုပ်ရန် သို့မဟုတ် မပြုလုပ်ဘဲနေရန်အပေးအယူမရှိကြောင်း၊ သို့ဖြစ်၍ ပဋိညာဉ်သည်ပျက်ပြယ်ကြောင်း စီရင်ထုံးစာမျက်နှာ ၃၅ နှင့် ၃၆ တွင်အောက်ပါအတိုင်းဆုံးဖြတ်ပါသည်-
" In this case xxxxxxxxxxxxxxxxxxxxxxxxxxxxxxxx can be no question ( အငြင်းပွားဖွယ်မရှိနိုင် ) that the cause of action for recovery of the suit amount would be against the decaased's estate only . ( အချင်းဖြစ်ငွေရလိုကြောင်း တရားစွဲဆိုရန်အကြောင်းသည် သေသူ၏အမွေပုံအပေါ်အရေးဆိုသောအမှုမျိုးဖြစ်ပေလိမ့်မည်ဟူသော သုံးသပ်ချက်ကိုမှတ်သားပါ။)xxxxxxxxxxxxxxxxxx the liability must fall on his estate . ( ငွေပေးဆပ်ရန်တာဝန်သည် သေသူကျန်ရစ်သောအမွေပုံအပေါ်ကျရောက်သည်ဟုဆိုရခြင်းမှာ ကြွေးမြီကိုအမွေပုံမှပေးဆပ်ရန်ဖြစ်သည်။ သေသူ၏သားနှင့်မယားက မိမိတို့၏အိတ်မှ စိုက်ထုတ်ပေးဆပ်ရန်တာဝန်မရှိ။ တရားမကျင့်ထုံးဥပဒေပုဒ်မ ၅၂ကိုကြည့်ပါ။)xxxxxxxxxxxxxxxxxxxxxxxx. It follows that the claim based on it must fail . "
Comments
Post a Comment