ပဋိညာဉ်ဖောက်ဖျက်သည့်အတွက်လျော်ကြေးရလိုမှု ( ၃ )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပဋိညာဉ်ဖောက်ဖျက်သည့်အတွက်လျော်ကြေးရလိုမှု ( ၃ )


သက်သေခံစာချုပ်ပဋိညာဉ်မမြောက်ခြင်းကိုတရားရုံးအဆင့်ဆင့်ကဆင်ခြင်ရန်ပျက်ကွက်ခြင်း


မမီလုံးကကိုယ်စားလှယ်ခန့်ခြင်းသည်မခိုင်လုံခြင်း


ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၈၃တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-


" Any person who is of the age of majority according to the law to which he is subject , and who is of sound mind , may employ an agent."


( မည်သူမဆိုမိမိလိုက်နာရသောဥပဒေအရအရွယ်ရောက်ပြီးစိတ်ပေါ့သွပ်သူမဟုတ်လျှင်ကိုယ်စားလှယ်လွှဲနိုင်သည်။ )


စီရင်ထုံးစာမျက်နှာ၉၇ရှိဦးအေးမောင်(လိုပြ၁)၏ထွက်ချက်ကိုကြည့်ပါ။


အရွယ်မရောက်သေးသူမမီလုံးသည်ကိုယ်စားလှယ်ခန့်ခွင့်မရှိ။


၎င်း၏ကိုယ်စားလှယ်ရသူကသက်သေခံ(က)ကိုချုပ်ဆိုခြင်းသည်မမီလုံးအတွက်ခိုင်လုံသည့်ပဋိညာဉ်မဖြစ်နိုင်။


ထိုပဋိညာဉ်အရမမီလုံးလျော်ကြေးတောင်းခွင့်မရှိ။


အကြောင်းမူလျော်ကြေးတောင်းဆိုခွင့်ရရှိစေသောပဋိညာဉ်အက်ဥပဒေပုဒ်မ၇၃ပါချိုးဖောက်သည်ဆိုသောပဋိညာဉ်သည်ပဋိညာဉ်မြောက်သည့်သဘောတူညီချက်ဖြစ်သည်။


ထို့အပြင်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၂၆ပါ " contracts entered into through an agent . " ဟူသောစကားရပ်လာ agent ဟူသောဝေါဟာရသည်ပုဒ်မ၁၈၃နှင့်အညီခန့်ထားသူကိုဆိုလိုကြောင်းယုံမှားဖွယ်မရှိ။


မမီလုံးသည်တရားရုံးချုပ်တွင်အယူခံဝင်ရာ၌အရွယ်မရောက်သေး။









Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ