ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ပဋိညာဉ်ဖောက်ဖျက်သည့်အတွက်လျော်ကြေးရလိုမှု ( ၂ )
တရားရုံးချုပ်၏အဆုံးအဖြတ်(စာမျက်နှာ၉၇)အရဆိုလျှင်သက်သေခံ(က)တွင်လျော်ကြေးပေးရန်ကိစ္စသာပါပုံပေါ်သည်။
လျော်ကြေးပေးရန်သဘောတူခြင်းကြောင့်မမီလုံးကမောင်ထွန်းမြင့်အပေါ်ပြစ်မှုကြောင်းအရတရားစွဲဆိုခြင်းကိုပိတ်ပင်ခြင်းမရှိဟုတရားရုံးချုပ်ကဆုံးဖြတ်ထားသည်ကိုထောက်ရှုပါကမမီလုံးကမောင်ထွန်းမြင့်ကိုပြစ်မှုကြောင်းအရတရားစွဲဆိုခဲ့ခြင်းသည်သက်သေခံ(က)အရလျော်ကြေးတောင်းဆိုခြင်းကိုပိတ်ပင်ရန်အကြောင်းမရှိ။
ပုဒ်မ၂၈တွင်ထိုသို့ပိတ်ပင်ကြောင်းပြဌာန်းချက်တစုံတရာမရှိချေ။
မူလတရားရုံး၏အကြောင်းပြချက်နှင့်မမီလုံး၏ရှေ့နေတင်ပြချက်တို့သည်အခြေအမြစ်ရှိဟန်မတူ။
မူလတရားရုံးနှင့်တိုင်းတရားရုံးတို့ကမမီလုံးသည်မောင်ထွန်းမြင့်အပေါ်ရာဇဝတ်ကြောင်းအရတရားစွဲဆိုသည့်အတွက်လျော်ကြေးရလိုမှုစွဲဆိုခွင့်မရှိကြောင်းဆုံးဖြတ်ရာ၌အကြောင်းပြချက်များကိုစုံစုံလင်လင်မသိရပါ။
သက်သေခံ(က)တွင်မမီလုံးဘက်မှမောင်ထွန်းမြင့်အပေါ်မမီလုံးအားဖက်နမ်းသည့်အတွက်ပြစ်မှုကြောင်းအရတရားမစွဲဆိုပါဟုကတိပြုသည့်အတွက်မောင်ထွန်းမြင့်ဘက်မှလျော်ကြေးပေးရန်အပြန်အလှန်ကတိပြုပြီးနောက်မမီလုံးကမောင်ထွန်းမြင့်ကိုပြစ်မှုကြောင်းအရတရားစွဲဆိုသဖြင့်သက်သေခံ(က)ပါပဋိညာဉ်ကိုမမီလုံးကချိုးဖောက်ခြင်းကြောင့်လျော်ကြေးရလိုမှုစွဲဆိုခွင့်မရှိဟုဆုံးဖြတ်ခြင်းဖြစ်တန်ရာသည်။
မှန်လျှင်အဆင့်ကျော်၍ဆုံးဖြတ်ရာရောက်ပေလိမ့်မည်။
အကြောင်းမူသက်သေခံ(က)စာချုပ်သည်ပဋိညာဉ်မြောက်ပါမှပဋိညာဉ်အက်ဥပဒေပုဒ်မ၇၃(လျော်ဒဏ်သတ်မှတ်ပါရှိပါကပုဒ်မ၇၄အရလျော်ကြေးရလိုမှုစွဲဆိုနိုင်မည်ဖြစ်သည်။)
မောင်ထွန်းမြင့်က၎င်းအားဗလက္ကာရပြုမိသည့်အတွက်လျော်ကြေးပေးပါမည်ဟုကတိပြုရာ၌ထိုသို့ပေးလျော်ပါလျှင်၎င်းအပေါ်ပြစ်မှုကြောင်းအရတရားမစွဲပါဟုမမီလုံးကအပြန်အလှန်ကတိပြုခြင်းသည် ထိုစဉ်က၎င်းအရွယ်ရောက်ခဲ့ပါလျှင်ပဋိညာဉ်အက်ဥပဒေပုဒ်မ၂(ဃ)ပါ " promise to abstain from doing something " ဟူသောပြဌာန်းချက်များတွင်အကျုံးဝင်သဖြင့်မောင်ထွန်းမြင့်၏ကတိအတွက်မမီလုံးဘက်မှ(အပြန်အလှန်)ကတိသည်ပဋိညာဉ်မြောက်စေရန်အပေးအယူဖြစ်နိုင်ပါလျက်မြို့နယ်တရားရုံးကရာဇဝတ်မှုစွဲဆိုခြင်းကိုမပြုလုပ်စေခြင်းငှာလျော်ကြေးပေးမည်ဟုကတိဝန်ခံပြုလုပ်ခဲ့ခြင်းဖြစ်၍ပျက်ပြယ်သောပဋိညာဉ်ဖြစ်သည်ဟုဆုံးဖြတ်ခြင်းဖြစ်သည်။
1952 BLR 32(HC)စီရင်ထုံးကိုမလေ့လာဘဲတရားစီရင်ကြောင်းမြင်သာသည်။
တရားလိုဘက်မှရှေ့နေကထိုစီရင်ထုံးကိုပွဲမထုတ်ခြင်းကြောင့်လည်းဖြစ်တန်ရာသည်။
တရားရုံးအဆင့်ဆင့်သည်ပဋိညာဉ်အက်ဥပဒေပါဆိုင်ရာပြဌာန်းချက်များကိုဆင်ခြင်ရန်ပျက်ကွက်ကြသည်။
တရားရုံးချုပ်တွင်မမီလုံးသည်တိုင်းတရားရုံး၏စီရင်ချက်နှင့်ဒီကရီအပေါ်နီးစပ်ရာမိတ်ဆွေဖြင့်အယူခံတင်သွင်းခဲ့သည်ဖြစ်ရာအရပ်လူကြီးများရှေ့တွင်မိမိအတွက်ဆောင်ရွက်ရန်ကိုယ်စားလှယ်ခန့်ခဲ့စဉ်ကအရွယ်မရောက်သေးသည်မှာမြင်သာသည်။
Comments
Post a Comment