တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ဘဲတရားစွဲဆိုသည့်အမှု ( ၅ )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ဘဲတရားစွဲဆိုသည့်အမှု ( ၅ )


မူလတရားရုံးကသက်သေခံ(က)ကတိစာချုပ်ပါသဘောတူညီချက်ပျက်ပြယ်သည်ဟုဆုံးဖြတ်ရာ၌ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၈ကိုကိုးကားသည်။


ပုဒ်မ၁၀ပါ " ဤဥပဒေအရပျက်ပြယ်ကြောင်းအတိအလင်းပြဌာန်းထားခြင်း(မှတ်ချက်။ ။ပုဒ်မ၂၈ပါပြဌာန်းချက်များအကျုံးဝင်သည်။)မရှိသောသဘောတူညီချက် " ဟူသောပြဌာန်းချက်များကိုထောက်ရှုပါကသက်သေခံ(က)ကတိစာချုပ်သည်ပဋိညာဉ်မြောက်မည်မဟုတ်ပါ။


သို့သော်မြို့နယ်တရားရုံးသည် " ဥပဒေအရစွဲဆိုသောမှုခင်းများကိုတားမြစ်သည့်သဘောတူညီချက်များသည်ပျက်ပြယ်ခြင်း " ဟူသောပုဒ်မ၂၈၏ပထမဘေးရှိခေါင်းစီးကိုသာဖတ်၍ဆုံးဖြတ်ပုံပေါ်သည်။ 


1967 BLR 608 စီရင်ထုံးတွင်ဘေးခေါင်းစီးအကြောင်းမြွက်ဆိုချက်ကိုသတိချပ်ရန်လိုသည်။


ပုဒ်မ၂၈၏ပထမအပိုဒ်ပါ " ပဋိညာဉ်တခုခုအရသို့မဟုတ်ပဋိညာဉ်နှင့်စပ်လျဉ်း၍မိမိအခွင့်အရေးများကိုသာမာန်ခုံအဖွဲ့များတွင်လုပ်ရိုးလုပ်စဉ်အားဖြင့်ဥပဒေအရမှုခင်းများစွဲဆိုခြင်းဖြင့်ရယူခြင်းလုံးဝတားမြစ်သောသဘောတူချက် "ဟူသောပြဌာန်းချက်များတွင်သက်သေခံ(က)အကျုံးမဝင်။


သက်သေခံ(က)ကတိစာချုပ်၌မမီလုံးရရန်ရှိသည်ဆိုသောငွေကျပ်၃၇၅၀ကိုတရားရုံးတွင်တရားစွဲဆိုခြင်းမပြုရဟုမမီလုံးအားတားမြစ်ခြင်းမပြုသည်မှာမြင်သာသည်။


မောင်ထွန်းမြင့်ကမိမိအားဗလက္ကာရပြုသည့်အတွက်၎င်းကိုပြစ်မှုကြောင်းအရတရားမစွဲဆိုပါဟုမမီလုံးဘက်မှအပြန်အလှန်ကတိပြုခြင်းသည်အပေးအယူ ( consideration )ကိုအဓိပ္ပာယ်ဖွင့်ဆိုသောပုဒ်မ ၂(ဃ )ပါ " promise to abstain from doing anything " ဟူသောစကားရပ်တွင်အကျုံးမဝင်သည်ဖြစ်၍မောင်ထွန်းမြင့်၏ကတိအတွက်မမီလုံးဘက်မှအပြန်အလှန်ပြုသောအပေးအယူဖြစ်သည်။ 


5 LBR 192 စီရင်ထုံးကိုဖတ်ပါ။

တဖက်တွင် အရွယ်မရောက်သေးသူအားတာဝန်ရှိစေသောအပေးအယူဖြစ်သဖြင့်ပဋိညာဉ်မမြောက်ခြင်းသည်သီးခြားကိစ္စဖြစ်သည်။


အယူခံတွင်တိုင်းတရားရုံးက " ပြစ်မှုကြောင်းအရတရားမစွဲဆိုဘဲနေရန်ကတိကိုမမီလုံးဘက်မှချိုးဖောက်ပြီးပြစ်မှုကြောင်းအရတရားစွဲဆိုကြောင်းပေါ်ပေါက်သဖြင့်မောင်ထွန်းမြင့်ဘက်မှလည်းလျော်ကြေးပေးရန်တာဝန်မရှိတော့ကြောင်း " အကြောင်းပြချက်နှင့်စပ်လျဉ်း၍တရားရုံးချုပ်က " နစ်နာကြေးငွေကျပ်၃၇၅၀ကိုမောင်ထွန်းမြင့်ကပေးမည်ဆိုခြင်းကြောင့်မမီလုံးကမောင်ထွန်းမြင့်အပေါ်ပြစ်မှုဆိုင်ရာတရားရုံး၌တရားတထုံးစွဲဆိုခြင်းမပြုရဟုပိတ်ပင်တားမြစ်ထားခြင်းအလျဉ်းမရှိပေ။လူတဦးတယောက်၏ဥပဒေအရတရားစွဲဆိုပိုင်ခွင့်ကိုတားမြစ်သောပဋိညာဉ်မဟုတ်၍ပဋိညာဉ်အက်ဥပဒေပုဒ်မ၂၈အရပျက်ပြယ်စရာအကြောင်းမရှိပေ " ဟုဆုံးဖြတ်သည်။









Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]