တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ဘဲတရားစွဲဆိုသည့်အမှု ( ၃ )
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ဘဲတရားစွဲဆိုသည့်အမှု ( ၃ )
အချင်းဖြစ်ငွေမှာသက်သေခံ(က)ကတိစာချုပ်အရမမီလုံးရရန်ရှိသည်ဆိုသောငွေဖြစ်သည်။
သက်သေခံကတိစာချုပ်သည်ပဋိညာဉ်မြောက်ခဲ့ပါလျင် မောင်ထွန်းမြင့်၏ကိုယ်စားလှယ်ဦးတင်ဝင်းချုပ်ဆိုသောပဋိညာဉ်မှာပဋိညာဉ်အက်ဥပဒေပုဒ်မ၂၂၆အရမောင်ထွန်းမြင့်ချုပ်ဆိုဘိသကဲ့သို့အကျိုးသက်ရောက်မည်။
(မှတ်ချက်။ ။စီရင်ထုံးစာမျက်နှာ၉၆နောက်ဆုံးစာပိုဒ်၌ဖော်ပြထားသည့်အတိုင်းမောင်ထွန်းမြင့်သည်ပဋိညာဉ်ကိုလိုက်နာရန်တာဝန်မရှိဟုလျှောက်လဲတင်ပြခြင်းသည်(သက်သေခံ(က)သဘောတူညီချက်မှီာပဋိညာဉ်မြောက်ခဲ့ပါလျှင်)ပုဒ်မ၂၂၆ပါပြဌာန်းချက်များနှင့်မညီညွတ်ချေ)ပဋိညာဉ်အက်ဥပဒေပုဒ်မ၃၇အရမောင်ထွန်းမြင့်သည်သက်သေခံ(က)စာချုပ်(ပဋိညာဉ်မြောက်ခဲ့ပါလျှင်)ပါကတိအတိုင်းဆောင်ရွက်ရန်တာဝန်ရှိသည်။
ပုဒ်မ၂(ဇ)တွင် ဥပဒေအရဆောင်ရွက်စေနိုင်သော သဘောတူညီချက်သည်ပဋိညာဉ်ဖြစ်သည်ဟုအဓိပ္ပာယ်ဖွင့်ဆိုထားရာသက်သေခံ(က)စာချုပ်သည်ပဋိညာဉ်မြောက်ခဲ့ပါလျှင်မောင်ထွန်းမြင့်အားမိမိကတိအတိုင်းဆောင်ရွက်စေ(မမီလုံးအားကတိထားသည့်ငွေကိုပေးစေရန်)နိုင်သည်။
ထိုသို့ဆောင်ရွက်စေနိုင်သောဥပဒေသည်ပဋိညာဉ်အက်ဥပဒေပုဒ်မ၃၇ပါဥပဒေဖြစ်သည်။
ထိုသို့ပဋိညာဉ်အတိုင်းဆောင်ရွက်စေသည့်သက်သာခွင့်ကိုပေးရန်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၂ကတရားရုံးအားအာဏာပေးထားသည်။
ပဋိညာဉ်အတိုင်းဆောင်ရွက်စေခြင်းဆိုသည်မှာတရားပြိုင်ကပဋိညာဉ်အရသဘောတူထားသည့်တာဝန်အတိုင်းဆောင်ရွက်စေရန်တရားရုံးကခွင့်ပြုသောသက်သာခွင့်ဖြစ်သည်ဟုပါမောက္ခ G.C. Venkata Subbaraoပြုစုသော Law of Specific Relief ကျမ်း(၁၉၉၄)ခုနှစ်ထုတ်စာမျက်နှာ၄၂၃တွင်ပြဆိုထားသည်။
သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၂၏နောက်ဆုံးစာပိုဒ်အရပုဒ်မ၁၂ပါပဋိညာဉ်သည်ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၉ပါပြဌာန်းချက်များနှင့်ညီညွတ်သောပဋိညာဉ်ဖြစ်သည်။
သို့ဖြစ်ရာသက်သေခံ(က)ကတိစာချုပ်၌မောင်ထွန်းမြင့်ကငွေပေးရန်သဘောတူညီချက်သည်ပုဒ်မ၁၀အရပဋိညာဉ်မြောက်ရပါမည်။
ဤအခြေအနေတွင်မမီလုံးစွဲဆိုသောအမှု၌တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာတရပ်မှာ မောင်ထွန်းမြင့်ကငွေပေးရန်သဘောတူညီချက်အတွက် မမီလုံးဘက်မှအပေးအယူconsiderationရှိခြင်း ဖြစ်သည်။
ထိုသက်သေခံ(က)စာချုပ်ချုပ်ဆိုပုံဇာတ်လမ်းသက်သက်သည်တရားမကျင့်ထုံးဥပဒေ အမိန့် ၇ ၊ နည်း ၁(င)အရအဆိုပြုရန်ဖြစ်သောအကြောင်းခြင်းရာများမဟုတ်။
မမီလုံးစွဲဆိုသောအမှုတွင်တရားစွဲဆိုရန်အကြောင်းဖြစ်မြောက်စေသောအကြောင်းခြင်းရာတို့မှာအောက်ပါအတိုင်းဖြစ်သည်-
(က)မောင်ထွန်းမြင့်ကမမီလုံးအားဗလက္ကာရပြုခြင်းနှင့်စပ်လျဉ်း၍ဦးအောင်ကိုနှင့်ဦးတင်ဝင်းတို့သက်သေခံ(က)ကတိစာချုပ်ကိုချုပ်ဆိုခြင်း။
(ခ)ဦးအောက်ကိုနှင့်ဦးတင်ဝင်းတို့ကိုမမီလုံးနှင့်မောင်ထွန်းမြင့်တို့အသီးသီးကမိမိတို့အသီးသီး၏ကိုယ်စားလှယ်အဖြစ် ပဋိညာဉ်အက်ဥပဒေနှင့်အညီခန့်ထားခြင်း။
(ဂ)ဦးအောင်ကိုနှင့်ဦးတင်ဝင်းတို့သည်မမီလုံးနှင့်မောင်ထွန်းမြင့်တို့၏ကိုယ်စားလှယ်အသီးသီးအဖြစ်ဖြင့်သက်သေခံ(က)ကတိစာချုပ်ကိုချုပ်ဆိုခြင်း။
(ဃ)စာချုပ်ပါသဘောတူညီချက်တွင်မမီလုံးနှင့်မောင်ထွန်းမြင့်တို့ နှစ်ဦးနှစ်ဖက်တရားဝင်အပေးအယူရှိခြင်း။
(င)မောင်ထွန်းမြင့်ကငြင်းရန်ခိုင်လုံသောအကြောင်းမရှိဘဲအချင်းဖြစ်ငွေကိုပေးရန်ပျက်ကွက်ခြင်း။
Comments
Post a Comment