တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ဘဲတရားစွဲဆိုသည့်အမှု ( ၆ )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ဘဲတရားစွဲဆိုသည့်အမှု ( ၆ )

မောင်ထွန်းမြင့်အားရာဇဝတ်ကြောင်းအရတရားစွဲဆိုပြီးနောက်သက်သေခံ(က)ကတိစာချုပ်အရမောင်ထွန်းမြင့်အပေါ်ငွေရလိုကြောင်းတရားစွဲဆိုသောအခါ၊မမီလုံးဘက်တွင် သဘောတူညီချက်ကိုအထောက်အကူပြုသည့်၊ကျားကန်သည့်(support)မရှိတော့။

အပေးအယူမရှိသောသဘောတူညီချက်သည်ပျက်ပြယ်သည်။

သို့ဖြစ်ရာစာချုပ်ပါသဘောတူညီချက်သည်ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၀အရပဋိညာဉ်မမြောက်နိုင်သဖြင့်မမီလုံးကမောင်ထွန်းမြင့်အပေါ်ရာဇဝတ်မှုစွဲဆိုသောအခါအချင်းဖြစ်သဘောတူညီချက်ပါကတိအတိုင်းမောင်ထွန်းမြင့်သည်ပုဒ်မ၃၇အရဆောင်ရွက်ရန်တာဝန်ရှိခြင်းမှရပ်စဲသွားသည်။

ပုဒ်မ၂(ည)တွင် ဥပဒေအရဆောင်ရွက်စေခြင်းမှရပ်စဲသောပဋိညာဉ်သည်၊ဆောင်ရွက်စေနိုင်ခြင်းမှရပ်စဲသည့်အခါပျက်ပြယ်သွား၏ဟုပြဌာန်းထားရာသက်သေခံ(က)ကတိစာချုပ်ပါသဘောတူညီချက်သည်ကနဦးတွင်ပဋိညာဉ်မြောက်ခဲ့ဦးတော့(မမီလုံးအရွယ်ရောက်ခဲ့ပါလျှင်)မမီလုံးတရားစွဲဆိုသောအခါ သက်သေခံ(က) ပဋိညာဉ်ကိုအထောက်အကူပြုသည့်ကျားကန်သည့်အပေးအယူမရှိတော့သဖြင့် ပဋိညာဉ်ပျက်ပြယ်သွားသည်ဖြစ်၍စာချုပ်ပါငွေရလိုကြောင်းတရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်နိုင်။

ဥပဒေအပြောကျယ်ခြင်းသာဓကတရပ်။

1992 BLR 94စီရင်ထုံးကို1952 BLR 32 (H C ) (စာရေးသူ၏ပဋိညာဉ်အက်ဥပဒေနှင့်စီရင်ထုံးပေါင်းချုပ်စာမျက်နှာ၁၆၁၌ဘာသာပြန်ထားသည်)စီရင်ထုံးနှင့်ယှဉ်တွဲဖတ်သင့်သည်။

ပထမစီရင်ထုံးတွင်အရွယ်မရောက်သေးသူအပေါ်တာဝန်ရှိစေသောသဘောတူညီချက်(မောင်ထွန်းမြင့်ကိုရာဇဝတ်ကြောင်းအရတရားမစွဲပါဟုကတိပြုသောသဘောတူညီချက်)သည်ပရီဗီကောင်စီစီရင်ထုံးအရပျက်ပြယ်သည်။

ပညာရှင်မူလာ၏ပဋိညာဉ်အက်ဥပဒေကျမ်း(ကျောင်းသားကိုင်)(၁၉၉၀ပြည့်နှစ်ထုတ်)စာမျက်နှာ၃၇တွင်အရွယ်မရောက်သေးသူ၏သဘောတူညီချက်ပျက်ပြယ်ခြင်းနှင့်စပ်လျဉ်း၍-

" The main reason for holding a minor 's agreement void is that where an agreement by a minor involves a promise on his part or his promise is a necessary part of the agreement , it is void because a minor is incapable of giving a promise imposing a legal obligation upon himself . "

ဟုပြဆိုချက်သည်ရှင်းလင်းပြတ်သားသည်။

ဒုတိယစီရင်ထုံးတွင်တရားပြိုင်ဘက်မှတရားလိုအားသေသူပေးရန်ရှိသောကြွေးမြီကိုပေးရန်ကတိပြုသော်လည်းကတိရသူတရားလိုဘက်မှအပေးအယူ(ကြွေးမြီပေးဆပ်လျှင်တရားမစွဲပါစသည့်)(consideration )မရှိ၍သဘောတူညီချက်အတွက်အဖိုးစားနားမရှိသဖြင့်တရားပြိုင်များပေးဆပ်ရန်ကတိပြုသောငွေကိုရလိုကြောင်းတရားစွဲဆိုပိုင်ခွင့်မရှိ။နှစ်မှုစလုံးတွင်ပဋိညာဉ်မမြောက်သောသဘောတူညီချက်အရငွေရလိုမှုစွဲဆိုခြင်းဖြစ်သည်။

ပဋိညာဉ်အက်ဥပဒေပါပြဌာန်းချက်များမှာမြန်မာတို့နှင့်စိမ်းသည်။

ပြဌာန်းဥပဒေများကိုဥပဒေစာမေးပွဲအောင်ရန်အောင်အောင်မြင်မြင်အလွတ်ကျက်နိုင်ခဲ့ရုံမျှဖြင့်ဥပဒေပညာရှင်မဖြစ်နိုင်ကြောင်းအထက်ပါစီရင်ထုံးနှစ်ရပ်ပါဖြစ်ရပ်တို့ကအထင်အရှားညွှန်ပြသည်။


















Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]