14 Ran 242 ( F B )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


14 Ran 242 ( F B )အမှုတွင်စီရင်ထုံးစာမျက်နှာ၂၄၆၌ကိုးကားထားသောပရီဗီကောင်စီ၏ ( 1854 ) 6 Moo, I A 53 ( 74 )စီရင်ထုံးအဆုံး(စာမျက်နှာ၂၄၈ပထမအပိုဒ်)၌-


" Their Lordships , therefore , are not prepared to act against the general rule , even in the absence of pecliar circumstances ; but in India there is what would make it particularly objectionable , namely , the impropriety or immortality of making an unequal division of property among children . This might bd more striking where there were more sons than one ; but if the objection exists , it does not become less where there is only one son , for the father may have others , and in such a case the same objectionable consequences would follow as where several sons were in being."


(မှတ်ချက်။   ။ Their Lordships ဆိုသည်မှာအမှုကိုစီရင်သောပရီဗီကောင်စီဝင်များကိုရည်ညွှန်းသည်)ဟူသောမြွက်ဆိုချက်ကိုအခြေခံကာ 14 Ran 242 ( F B )အမှုတွင်မိဘကသားသမီးအားပစ္စည်းအပိုင်ဝယ်ပေးခြင်းသည်၎င်းတို့၏အမွေဆက်ခံရေးဆိုင်ရာတရားဥပဒေကိုထိခိုက်မည်ဖြစ်သည်ဟုထုံးဖွဲ့ပုံပေါ်သည်။ပရီဗီကောင်စီစီရင်ထုံးသည်အိန္ဒိယနိုင်ငံနှင့်သက်ဆိုင်သည်။


ကင်းဝန်မင်းကြီးဦးကောင်း၏၃၆စောင်တွဲအမွေမှုခန်းကျမ်းကြီးတွင်ဓမ္မသတ်၈စောင်ပါအဆိုအမိန့်ကိုကိုးကားပြီးပုဒ်မ၇၅၌မိဘရှိစည်(စဉ်)သားသမီးတယောက်ကိုပစ္စည်းဥစ္စာအကုန်ပေးသော်လည်းမပိုင်ရာသောတရားကိုပြဆိုထားရာအဆိုပါအဆိုအမိန့်နှင့်မဆန့်ကျင်ပါကမိဘကသားသမီးတဦးအားပစ္စည်းအပိုင်ဝယ်ပေးခြင်းသည်မြန်မာဗုဒ္ဓဘာသာမိဘ၏အမွေဆက်ခံရေးဆိုင်ရာဥပဒေကိုထိခိုက်ရန်အကြောင်းမရှိနိုင်ကြောင်းစုံညီခုံရုံးကဆင်ခြင်မိပုံမပေါ်။ဥပဒေအပြောကျယ်လှပါသည်။မြန်မာနိုင်ငံအတွက်အဆိုပါအမွေမှုခန်းဓမ္မသတ်ကျမ်းကြီးပုဒ်မ၇၇၌စုစည်းပြဆိုဖော်ပြထားသောဓမ္မသတ်ဆယ်စောင်ပါအဆိုအမိန့်တို့ကိုလိုက်နာပါကပိုမိုသင့်မြတ်ပေလိမ့်မည်။


( မှတ်ချက်။  ။ Moo , I . A .မှာ၁၈၃၆မှ၁၈၇၂ခုနှစ်အတွင်း Moore's Indian Appealsအမည်ဖြင့်ထုတ်ဝေသောပရီဗီကောင်စီစီရင်ထုံးများဖြစ်သည်။အတွဲ၁၄တွဲရှိသည်။နောက်ပိုင်းတွင်ပရီဗီကောင်စီစီရင်ထုံးများကို Indian Appeals ( I A )အဖြစ်အတွဲလိုက်ထုတ်ဝေခဲ့သည်မှာအိန္ဒိယသမ္မတနိုင်ငံတည်ထောင်သည်အထိ(၁၉၅၀ပြည့်နှစ်ဟုမှတ်မိပါသည်။)၇၅တွဲရှိသည်။


2004 BLR 99အမှုတွင်ရည်ညွှန်းသော”မြန်မာဓလေ့ထုံးတမ်းစဉ်လာ”ဆိုသောစကားရပ်ကို14 Ran 242( FB )စီရင်ထုံးတွင်မတွေ့ရပါ။


ထိုစီရင်ထုံး၌ရည်ညွှန်းသောသဘောထား(sentiment)နှင့်အစဉ်အလာ(practice)တို့သည်မြန်မာနိုင်ငံတရားဥပဒေများဆိုင်ရာဥပဒေပုဒ်မ၁၃(၁)ပါ”ဗုဒ္ဓဘာသာတရားဥပဒေ”( Buddhist Law )မဟုတ်ပါ။


14 Ran 242 ( FB )အမှုတွင်စီရင်ထုံးစာမျက်နှာ၂၅၂၌ငွေရှင်သည်စာချုပ်တွင်အမည်ခံသူ၏အကျိုးငှာဝယ်ပေးခြင်းဟုတ်မဟုတ်မှာအမှုအသီးသီး၌အကြောင်းခြင်းရာပြဿနာဖြစ်သည်ဟုဆိုင်ရာဥပဒေကိုမီးမောင်းထိုးပြထားသည်ကိုသတိမူရန်လိုသည်။


14 Ran 242 (FB)အမှုတွင်ငွေရှင်၏ရည်ရွယ်ချက်နှင့်စပ်လျဉ်း၍အောက်ရုံးများတညီတညွတ်တည်းဆုံးဖြတ်ထားသည်ဖြစ်၍စုံညီခုံရုံးတွင်အဆုံးအဖြတ်ပေးရန်မဟုတ်ကြောင်းစီရင်ထုံးစာမျက်နှာ၂၅၂၌ရှင်းပြထားသည်။


14 Ran 242(FB)အမှုမှာတရားလွှတ်တော်တဦးထိုင်တရားသူကြီး၏အဆုံးအဖြတ်အပေါ်တင်သွင်းသောအယူခံဖြစ်သည်။(ယခင်ပြည်ထောင်စုတရားစီရင်ရေးအက်ဥပဒေပုဒ်မ၂၀တွင်အလားတူအယူခံဝင်ခွင့်ပေးခဲ့ဖူးသည်။၁၉၆၂ခုနှစ်အတွင်း၌ထိုပုဒ်မကိုဖျက်သိမ်းခဲ့၍နောက်ပိုင်းတွင်ထိုအယူခံမျိုးမရှိတော့။)


အမည်ခံအမည်ငှားဖြစ်ကြောင်း မူလတရားရုံး၊ပထမနှင့်ဒုတိယအယူခံတရားရုံးတို့ကဆုံးဖြတ်ခဲ့သည်ကိုညွှန်ပြကာထိုအကြောင်းခြင်းရာပြဿနာကိုထပ်မံအရေးဆိုခွင့်မပြုနိုင်ကြောင်းစီရင်ထုံးစာမျက်နှာ၂၅၂၌အောက်ပါအတိုင်းဆုံးဖြတ်ထားသည်-


" It is common ground that there was evidence to justify the findings of the trial Court upon these issues of fact , and in our opinion neither in second appeal nor upon the further appeal to this Bench was it open to this Court to permit these issues of fact to be reagitated."ဟုပြဆိုသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ