1992 BLR 77( F B )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1992 BLR 77(FB)အမှုတွင်အငြင်းမပွားသောအချက်များမှာအချင်းဖြစ်တိုက်နှင့်မြေပိုင်ရှင်တို့သည်အယူခံတရားပြိုင်များ၏ဗုဒ္ဓဘာသာဝင်မိဘများပိုင်ဖြစ်သည်။


ဖခင်သေဆုံးသောအခါသားငါးယောက်ကျန်ရစ်သည်။အကြီးဆုံးသည်ဩရသအနေဖြင့်အမွေဝေစုရပြီးအကျန်ကိုမိခင်ကရရှိသည်။


မိခင်မှာစိတ်ဝေဒနာရှင်ဖြစ်ပြီးသားများကအဆိုပါတိုက်နှင့်မြေကိုဦးချစ်ထွန်းနှင့်ဦးသန်းဆွေတို့အားလည်းကောင်း၊၎င်းတို့နှစ်ဦးကအယူခံတရားလိုဦးနေဝင်းအားလည်းကောင်းမှတ်ပုံတင်စာချုပ်များချုပ်ဆိုပြီးအဆင့်ဆင့်ရောင်းချရာမှပစ္စည်းများမှာဦးနေဝင်းလက်ရောက်ရသွားသည်။


ရောင်းသူသားများသည်သူရူးဥပဒေအရမိခင်နှင့်၎င်း၏ပစ္စည်းများကိုအုပ်ထိန်းခွင့်ရှိသူများမဟုတ်ကြလျှင်၊ထို့ပြင်အုပ်ထိန်းသူများဖြစ်ဦးတော့တရားရုံးခွင့်ပြုချက်မရလျှင်မိခင်၏အစုကိုရောင်းချခြင်းမှာခိုင်လုံမည်မဟုတ်။


ဤအခြေအနေတွင်မိခင်ဒေါ်အုန်းသင်ကသားများပစ္စည်းရောင်းချခြင်းသည်မိမိအပေါ်အကျိုးသက်ရောက်မှုမရှိကြောင်းမြွက်ဟကြေညာပေးရန်မန္တလေးတိုင်းတရားရုံး၌တရားစွဲဆိုရာတိုင်းတရားရုံးကတရားလိုကိုအနိုင်ပေးဆုံးဖြတ်သည်။


အချင်းဖြစ်ပစ္စည်းများမှာဦးနေဝင်းလက်ရှိဖြစ်နေပါလျက်မြွက်ဟဒီကရီသက်သက်တရားစွဲဆိုပုံပေါ်သည်။


ဦးနေဝင်းတင်သွင်းသောအယူခံတွင်ဗဟိုတရားရုံးကနောက်ဆက်တွဲသက်သာခွင့်တောင်းရန်လိုအပ်သည်ဟုအကြောင်းပြပြီးတိုင်းတရားရုံး၏စီရင်ချက်နှင့်ဒီကရီတို့ကိုပယ်ဖျက်ကာအဆိုလွှာကိုလိုအပ်သလိုပြင်ဆင်စေပြီးအမှုကိုဆက်လက်ဆောင်ရွက်စေသည်။


ဗဟိုတရားရုံးအယူခံအတောအတွင်းဒေါအုန်းသင်ကွယ်လွန်ရာ၌ပစ္စည်းများရောင်းခဲ့သောသားများကိုတရားဝင်ကိုယ်စားလှယ်အဖြစ်ထည့်သွင်းဆောင်ရွက်ခြင်းပြုနိုင်မပြုနိုင်ဗဟိုတရားရုံးကဆင်ခြင်ခဲ့ပုံမပေါ်။


သားငါးဦးတို့သည်ကွယ်လွန်သူမိခင်တရားစွဲဆိုသောအမှုကိုဆက်လက်ဆောင်ရွက်ခြင်းမပြုတော့ဘဲဦးနေဝင်းနှင့်၎င်းအားရောင်းသူများအပေါ်မိမိတို့ချုပ်ဆိုခဲ့သောအရောင်းအဝယ်စာချုပ်ကိုပယ်ဖျက်ပေးရန်နှင့်ပစ္စည်းလက်ရောက်ရလိုကြောင်းတရားစွဲဆိုရာတိုင်းတရားရုံးတွင်အမှုရှုံးသော်လည်းတရားရုံးချုပ်တွင်အမှုနိုင်သည်။


စုံညီခုံရုံးကယခုအမှုကိုစွဲဆိုရန်သက်သေခံအက်ဥပဒေပုဒ်မ၁၁၅ကပိတ်ပင်ခြင်းရှိမရှိပြဿနာကိုစီရင်ထုံးစာမျက်နှာ၈၀နှင့်၈၁တွင်ဆုံးဖြတ်သည်။


ဒေါ်အုန်းသင်ကအဆိုလွှာ၌မည်သို့အကြောင်းပြစွဲဆိုသည်ကိုမသိရပါ။


ရောင်းချရာ၌မပါသဖြင့်မိမိ၏အစုအပေါ်အကျိုးသက်ရောက်မှုမရှိဟုစွဲဆိုဟန်တူပါသည်။


အကြောင်းထူးမရှိလျှင်ဒေါ်အုန်းသင်အမှုနိုင်သင့်ပါသည်။


နောက်ဆုံးအယူခံရုံးအထိ(ထိုစဉ်ကဗဟိုတရားရုံး)ဒေါ်အုန်းသင်သေဆုံးခဲ့ခြင်းမရှိလျှင်ဆက်လက်အမှုနိုင်ရန်အကြောင်းရှိသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]