ဒေါ်ထွေး နှင့် မတင်ဦး၊၁၉၅၄၊မတစ၅၂အမှုတွင်တရားလွှတ်တော်ချုပ်က၊ရန်ကုန်၊အတွဲ၅၊စာ၇၈၅အမှု၌တရားဝန်ကြီးမစ္စတာချာရီ၏သုံးသပ်ချက်(စီရင်ချက်စာမျက်နှာ၅၇၏အောက်ခြေမှတ်ချက်၌ဖော်ပြထားပါသည်။)သည်ဓမ္မသတ်တခုခုမည်မည်ရရအထောက်အထားရှိသောစကားလည်းမဟုတ်၊တရားဝန်ကြီးမစ္စတာချာရီ၏အတ္တနောမတိမျှသာဖြစ်သည်ဟုပြဆိုထားသည်။
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ဒေါ်ထွေး နှင့် မတင်ဦး၊၁၉၅၄၊မတစ၅၂အမှုတွင်တရားလွှတ်တော်ချုပ်က၊ရန်ကုန်၊အတွဲ၅၊စာ၇၈၅အမှု၌တရားဝန်ကြီးမစ္စတာချာရီ၏သုံးသပ်ချက်(စီရင်ချက်စာမျက်နှာ၅၇၏အောက်ခြေမှတ်ချက်၌ဖော်ပြထားပါသည်။)သည်ဓမ္မသတ်တခုခုမည်မည်ရရအထောက်အထားရှိသောစကားလည်းမဟုတ်၊တရားဝန်ကြီးမစ္စတာချာရီ၏အတ္တနောမတိမျှသာဖြစ်သည်ဟုပြဆိုထားသည်။
ဒေါ်ထွေးအမှုကိုဆုံးဖြတ်ရာ၌နိုင်ငံတော်တရားသူကြီးချုပ်ဦးသိမ်းမောင်ကစီရင်ထုံးစာမျက်နှာ၅၇တွင်၊5 Ran 785(798)အမှု( Mr . Justice Chari ဆုံးဖြတ်သည်)၌ထုံးဖွဲ့ချက်ကိုရည်ညွှန်းပြီး၊ဓမ္မသတ်ကျမ်းပြုဆရာတို့၏ယူဆချက်အရ၊အမွေမှုမစွဲမီကပင်လျှင်၊အမွေဆိုင်သည်၊ဆိုင်ရာအစု၏တဦးချည်းသီးခြားပိုင်ရှင်ဖြစ်ပြီဟူသောစကား-
"Thus according to the conceptions of the Dhamathat writers it is the fractional share of each Burmese Buddhist heir which vests in him separately and individually and he is entitled to claim a division of that share on the death of the ancestor , and nothing more . His right extends no further and he cannot be deemed to be with his co-heirs a joint owner or joint tenant of the property nor is he entitled to joint possession of the property with them."
( 5 Ran 798တွင်သုံးသပ်ထားသည်။)သည်၊အမှုကိုစီရင်ဆုံးဖြတ်ရန်လိုသောစကားလည်းမဟုတ်၊ဓမ္မသတ်တခုခုမည်မည်ရရအထောက်အထားရှိသောစကားလည်းမဟုတ်၊တရားဝန်ကြီးမစ္စတာချာရီ၏အတ္တနောမတိမျှသာဖြစ်သည်-
" Chari , J . himself has stated at page 795 of the Report ." There are no direct authorities on the position of the heirs of decased Burman Buddhist and the conclusion I have arrived at is merely a inference from the general conceptions of Burman Buddhist Law and the indications given in the Dhamathats as to what the writers conceived to be rights of the heirs of a decased Burman Buddhist."ဟုပြဆိုသည်။
ဦးသိမ်းမောင်ကွယ်လွန်သောအခါရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာထင်အောင်က၊ဦးသိမ်းမောင်သည်ပါဠိဘာသာတွင်အလွန်ပညာတော်ကြောင်း The Nation သတင်းစာ၌ချီးကျူးရေးသားခဲ့သည်ကိုဖတ်ရဖူးပါသည်။
အထက်ပါစီရင်ထုံးမတိုင်မီ မြန်မာဘာသာဖြင့်ထုံးပြုသောစီရင်ထုံးများမှာအလွန်တရာနည်းပါးလှပါသည်။
ဦးသိမ်းမောင်သည်တရားရုံးသုံးဆန်သည့်ခန့်ငြားသောမြန်မာစာဖြင့်စီရင်ချက်ကိုရေးသားထားပြီး၊”အတ္တနောမတိမျှသာဖြစ်သည်”ဟူသည့်ယဉ်ကျေးသောအသုံးအနှုန်းကိုပထမဆုံးဖတ်ရခြင်းဖြစ်ပါသည်။
Comments
Post a Comment