ဒေါက်တာမောင်မောင်၏ပင်ကိုယ်ရေးဟန်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1964 BLR 403စီရင်ထုံးမှာတရားရုံးချုပ်တရားသူကြီးဒေါက်တာမောင်မောင် တရားသူကြီးလုပ်သက်(၂ )နှစ်မပြည့်မီတရားမကြီးမှု၌ရေးသားချမှတ်သောစီရင်ချက်ဖြစ်ပြီးစာမျက်နှာ၄၀၃မှ၄၂၂အထိရှည်လျားပါသည်။
စီရင်ချက်ပထမအပိုဒ်တွင်အမှုအကြောင်းမစသေးဘဲပြည်သူ့ဝန်ထမ်းတို့၏အခွင့်အာဏာအကြောင်းနိဒါန်းပျိုးရေးပြရာစာကြောင်းရေ၁၉ကြောင်းရှိပါသည်။
( မှတ်ချက်။ ။ 1990 BLR ( F B ) ( 131 ) ( 139 ) ဒေါ်သန်းသန်းပါ-၃ နှင့် ဒေါ်တီပါ-၃ စီရင်ထုံးအစတွင်စာရေးသူသည်တရားရေးအကြံပေးအဖြစ်စီရင်ချက်မူကြမ်းတင်ပြရာ၌စီရင်ချက်အစတွင်ဒေါက်တာမောင်မောင်၏ရေးနည်းကိုအတုယူရေးခဲ့ဖူးသည်။)
တရားလိုအမှုအကြောင်းကိုစာတမျက်နှာသာသာမျှရေးထားရာဖတ်ချင်စဖွယ်ဖြစ်သည်။
ငြင်းချက်များကိုဖော်ပြပြီးသက်သေခံချက်များကိုစိတ်ဝင်စားဖွယ်သုံးသပ်ထားသည်ကိုဖတ်ရှုနိုင်သည်။
တရားမကြီးမှုတွင်ထိုစီရင်ချက်နှင့်ရေးဟန်ချင်းတူသောစီရင်ထုံးမျိုးကိုမဖတ်ဖူးပါ။
ဒေါက်တာမောင်မောင်၏ပင်ကိုယ်ရေးဟန်ဖြစ်ပါသည်။
ဂျပန်ခေတ်မြန်မာနိုင်ငံတရားလွှတ်တော်ချုပ်တွင်တရားသူကြီးအဖြစ်ထမ်းဆောင်ဖူးပြီးရန်ကုန်တက္ကသိုလ်ဥပဒေပါမောက္ခလည်းဖြစ်သောဦးမြင့်ကဒေါက်တာဘမော်ရေးသော Breakthrough in Burma စာအုပ်တွင်အမှာရေးရာ၌ဒေါက်တာမောင်မောင်ကို "a distinguished writer and jurist”ဟုဖော်ပြထားသည်ကိုတွေ့ရပါသည်။
ဒေါက်တာဧမောင်နှင့်ဒေါက်တာမောင်မောင်တို့သည်စီရင်ချက်များကိုကိုယ်တိုင်ရေး၍လက်နှိပ်စက်ရိုက်စေသည်ဟုတဆင့်ကြားသိရပါသည်။
Mr . Page နှင့် ဦးဧမောင်တို့စီရင်ချက်များကိုရေးသားကြပုံတို့မှာတမူထူးခြားသည်ကိုလေ့လာတွေ့ရှိနိုင်ပါသည်။
မိမိ၏ပင်ကိုယ်ဟန်နှင့်ရေးကြခြင်းဖြစ်သည်။
Comments
Post a Comment