အမည်ခံအမည်ငှားဆိုသည်မှာ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အမည်ခံအမည်ငှားဆိုသည်မှာ
10LBR36( F B )အမှုတွင်စုံညီခုံရုံး၌ပါဝင်သောတရားသူကြီးဦးခင်ကစီရင်ထုံးသာမျက်နှာ၄၀တွင်အမည်ခံအမည်ငှားကိုအောက်ပါအတိုင်းဖွင့်ဆိုသည်-
" အမည်ခံအမည်ငှားကိစ္စနှင့်စပ်လျဉ်းသည့်အမှုတသီတတန်းကြီးကိုဖတ်ရှုပြီးနောက်ကျွန်ုပ်သိမြင်သမျှမှာအမည်ခံအမည်ငှားဟူသည်ပိုင်ရှင်အစစ်၏အပြုအမူအရပိုင်ဆိုင်မှုဝိသေသလက္ခဏာများလွှမ်းခြုံထားသောသူဖြစ်သည်။ထိုသူ၏ကိုယ်ပိုင်အမည်ဖြင့်ပိုင်ရှင်အစစ်၏ပစ္စည်းအားမည်သည့်စီမံခန့်ခွဲခြင်းမျိုးမဆိုပိုင်ရှင်အစစ်အပေါ်အတည်ဖြစ်သည်ဟုမှတ်ယူသည်။ထိုသို့မှတ်ယူရသည့်အကြောင်းမှာအခြားသူသည်ပိုင်ရှင်အစစ်ဖြစ်ဟန်လက္ခဏာရှိသူဖြစ်သည်ဟုခပ်သိမ်းကုန်သောသူတို့အားအထင်ရောက်စေခဲ့ခြင်းကြောင့်တကယ့်ပိုင်ရှင်မှာမိမိလုပ်ရပ်ကိုဘွာမခတ်နိုင်တော့ခြင်းကြောင့်ဖြစ်သည်။ "
တရားသူကြီးဦးခင်ရည်ညွှန်းသော indicia of ownership ( ထိုဝေါဟာရကို 7BLT8 ( Mr . Justice Parlett ဆုံးဖြတ်သည် )စီရင်ထုံးတွင်လည်းသုံးသည်။)စကားရပ်မှာ၎င်းရည်ညွှန်းသောစီရင်ထုံးများတွင်သုံးသောဝေါဟာရဖြစ်ပုံပေါ်သည်။
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၁ပါ ostensible owner 14 Ran 242 ( F B )စီရင်ထုံးစာမျက်နှာ၂၅၂၌ရည်ညွှန်းထားသော ostensible transferee စသည့်ဝေါဟာရများကိုဥပဒေပညာရှင်များနားလည်ရန်လိုပါသည်။
တကယ့်ပိုင်ရှင်အစစ်သည်၎င်းပိုင်သောပစ္စည်းတွင်ပိုင်ဆိုင်ခွင့်ဆိုင်ရာအခွင့်အရေးများရရှိသူဖြစ်သည်ကိုထွေထွေထူးထူးပြောရန်မလို။
၎င်း၏အမည်ခံအမည်ငှားသည်ပိုင်ရှင်အစစ်ဖြစ်ဟန်လက္ခဏာရှိသူဖြစ်သည်ဟုဦးခင်ကမြွက်ဆိုရသည့်အကြောင်းမှာမိမိ(ပိုင်ရှင်အစစ်)၏အမည်ခံအမည်ငှားသည်တကယ့်ပိုင်ရှင်အစစ်ဟုခပ်သိမ်းကုန်သောသူတို့အားအထင်ရောက်စေခြင်းကိုအကြောင်းပြုပြီးပိုင်ရှင်အစစ်၏ပစ္စည်းခန်းဆိုင်ရာအခွင့်အရေးများ(ဝိသေသလက္ခဏာများ)ရရှိသွားသည့်သဘောသက်ရောက်ခြင်းကြောင့်ဖြစ်သည်။
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၁ပါ ostensible owner ၏အနေအထားတွင်ရှိသူဖြစ်သည်ဟုတနည်းဆိုနိုင်သည်။တဘက်တွင်ပုဒ်မ၄၁၌ရည်ညွှန်းထားသောသူသည်အခြားအကြောင်းကြောင့်ပိုင်ရှင်လက္ခဏာရှိသူလည်းဖြစ်နိုင်သည်။
အေကဘီ၏အမည်ဖြင့်မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုဝယ်ယူရာ၌ဘီအားပိုင်စေလိုသောရည်ရွယ်ချက်မရှိလျှင်ဘီကိုအရောင်းအဝယ်စာချုပ်တွင်ဝယ်သူအဖြစ်ဖော်ပြထားသော်လည်း၎င်းသည် ostensible transferee ( လွှဲပြောင်းရရှိသောလက္ခဏာရှိသူ )သာဖြစ်သည်။
အထက်ပါဝေါဟာရများသည် 14 Ran 242 ( F B )စီရင်ထုံးစာမျက်နှာ၂၅၆တွင်ရည်ညွှန်းထားသောဥပဒေသုံးစကားများ၊ဥပဒေသုံးဝေါဟာရများ ( legal parlance )ဖြစ်ကြသည်။(မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၉၈၅ရှိ parlance ၏ဘာသာပြန်ချက်အပေါ်မှီးသည်)
စုံညီခုံရုံးတွင်ပါဝင်သောတရားသူကြီးသုံးဦး(ဦးခင်အပါအဝင်)ကအောက်ပါအတိုင်းထုံးဖွဲ့သည်-
" မြန်မာဗုဒ္ဓဘာသာတဦးသည်မိမိနှင့်မိမိ၏မယားတို့ပူးတွဲပိုင်သောပစ္စည်းကိုမယား၏သိချက်ဖြင့်(ပါလီမန်ရွေးကောက်ပွဲအက်ဥပဒေပုဒ်မ၃၆(ပြည်ထောင်စုမြန်မာနိုင်ငံဥပဒေအတွဲ၁စာ၁၁၈)ပါ " ကိုယ်စားလှယ် "၏အဓိပ္ပာယ်ဖွင့်ဆိုချက်ရှိအသုံးအနှုန်းကိုမှီးသည်)ထို့ပြင်သဘောတူချက်ဖြင့်ပေါင်ခဲ့ဦးတော့၎င်း၏အစုနှင့်စပ်လျဉ်း၍မိမိမယား၏အမည်ခံအမည်ငှားဖြစ်သည်ဟုယူဆခြင်းမပြုနိုင်။သို့ဖြစ်၍အပေါင်မှု၌မယားကိုအမှုသည်အဖြစ်ထည့်သွင်းရန်လိုအပ်သည်။အမှုသည်အဖြစ်ထည့်သွင်းရန်ပျက်ကွက်ခြင်းကြောင့်အပေါင်ဒီကရီမှာမယား၏အစုအပေါ်အကျိုးသက်ရောက်မှုမရှိ။"
ယင်းတရားသူကြီးသုံးဦးကအပေါင်ဒီကရီသည်မယား၏အစုကိုမထိခိုက်ကြောင်းဆုံးဖြတ်ရာ၌အပေါင်မှုတွင်လင်သည်မိမိမယားကိုကိုယ်စားမပြုခဲ့ဟုဆုံးဖြတ်သည်။
ကျန်တရားသူကြီး ( Mr . Justice Ormond )ကမူ 8BLT97အမှုတွင်မိမိဆုံးဖြတ်ခဲ့သည့်အတိုင်း ခင်ပွန်းဖြစ်သူသည်မညွန့်၏အမည်ခံအမည်ငှားဖြစ်သည်ဟုအကြောင်းပြကာလင်အပေါ်ချမှတ်သောအပေါင်ဒီကရီသည်မယားအပေါ်လည်းအတည်ဖြစ်သည်ဟုဆုံးဖြတ်သည်။
Comments
Post a Comment