ဘီနာမီခေါ်အမည်ခံအမည်ငှါးစနစ်အကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ဘီနာမီခေါ်အမည်ခံအမည်ငှားစနစ်အကြောင်းကိုမြန်မာနိုင်ငံသမိုင်းမှတ်တိုင်စီရင်ထုံးအဖြစ်တွင်သော မောင်ထွန်းဖေ နှင့် ဘီကေဟောဒါပါအများ၊ ရန်ကုန် အတွဲ၁၄၊ စာ၂၄၂(စုံညီ)အမှုတွင်ထုံးဖွဲ့ရာ၌တဦးတယောက်အမည်ဖြင့်ပစ္စည်းလွှဲပြောင်းပေးရာတွင်ထိုအဖိုးငွေကိုပေးချေသူသည်ပိုင်ရှင်ဖြစ်ပြီးလွှဲပြောင်းရရှိသူသည်ယုံမှတ်အပ်နှံခြင်းခံရသူဖြစ်သည်။


သို့ရာတွင်ထိုမှတ်ယူချက်မမှန်ကြောင်းပြဆိုခွင့်ရှိသည်။ 


“The presumption, however, is rebuttable "ဟုထုံးဖွဲ့ထားသည်။


စီရင်ထုံးစာမျက်နှာ၂၄၉တွင် အမည်ခံအမည်ငှားစနစ်ကျင့်သုံးရန်အကြောင်းရင်းရည်ရွယ်ချက်ရှိရင်းအကြောင်းခံ ( Motive )ရှိကြောင်းအောက်ပါအတိုင်းပြဆိုပါသည်-


“He may wish to defeat or delay his creditors , or to hoodwink the Income-tax authorities . Again , he may be advised by some spiritual mentor that it would be expedient to adopt this method of taking a transfer of property . Or he may wish to make a gift , which is to operate either at once or at his death by way of testamentary disposition . These are some , but by no means all , of the motives which may operate upon the mind of the real purchaser of the property.”


မောင်ထွန်းဖေစီရင်ထုံးတွင်မြန်မာဗုဒ္ဓဘာသာဝင်မိဘတဦးသည်မိမိသားသမီးကိုအပိုင်ပေးရန်ရည်ရွယ်ကာလွှဲပြောင်းစာချုပ်တို့ကိုထိုကလေး၏အမည်ဖြင့်ဝယ်ယူခဲ့သည်(Rarely would a Myanmar ( Burmese ) parent take a conveyance of property in the name of his child with a view to making a gift of it to the child.)ဟုထုံးဖွဲ့ထားပါသည်။


မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်ညီညွတ်ခြင်းမရှိဟုထုံးဖွဲ့ထားခြင်းလုံးဝမရှိပါ။


မောင်ထွန်းဖေအမှု၌တရားဝန်ကြီးချုပ်ကအထက်ပါအတိုင်းသုံးသပ်ရာ၌မည်သည့်ထုံးသာဓကမျှကိုးကားနိုင်ခြင်းမရှိပါ။


မောင်ထွန်းဖေစီရင်ချက်ကိုရေးသားစဉ်ကတရားဝန်ကြီးချုပ်သည်မြန်မာနိုင်ငံ၌တရားလွှတ်တော်တွင်တာဝန်ထမ်းဆောင်ခဲ့သည်မှာဆယ်နှစ်ပင်မပြည့်သေးပါ။


နိုင်ငံခြားသားတဦးသည်ထိုကာလအတွင်းမြန်မာတို့၏ထုံးတမ်းအစဉ်အလာကိုသိရှိနိုင်ရန်အကြောင်းမရှိပါ။


“ထုံးတမ်းစဉ်လာ”ဆိုသည်မှာတရပ်တရွာတမြို့တတိုင်းတပြည်နယ်တွင်ဖြစ်ထွန်းသောဓလေ့ထုံးတမ်းမျိုးမဟုတ်ပါ။ 


မြန်မာနိုင်ငံအဝှမ်းတွင်ဖြစ်ထွန်းသောထုံးတမ်းဖြစ်ပါမှဥပဒေ၏အာနိသင်ကိုရရှိမည်ဖြစ်ပါသည်။


ပုဂ္ဂိုလ်တဦး၏အမြင်များဖြင့်ထုံးသာဓကမဖြစ်နိုင်ပါ။


မောင်ထွန်းဖေအမှုတွင်တရားဝန်ကြီးချုပ်ညွှန်ပြသောဓလေ့ထုံးတမ်းရှိကြောင်းသက်သေခံအထောက်အထားကိုညွှန်ပြဆုံးဖြတ်ခြင်းမဟုတ်ပါ။


တရားဝန်ကြီးချုပ်၏အတ္တနောမတိမျှသာဖြစ်ပါသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ