မောင်ထွန်းဖေအမှုအကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

မောင်ထွန်းဖေအမှု ရန်ကုန်အတွဲ၁၄၊စာ၂၄၂(စုံညီ)စီရင်ထုံးစာမျက်နှာ၂၄၉တွင်မြန်မာဖခင်ကအခြားသူ၏အမည်ဖြင့်ပစ္စည်းဝယ်ယူရာ၌အောက်ပါအကြောင်းရင်း( Motive )ရှိကြောင်းရှင်းပြထားပါသည်-

" He may wish to defeat or delay his creditors , or to hoodwink the Income-tax authoritues. Again , he may be advised by some spiritual mentor that it would be expedient to adopt this method of taking a transfer of property. Or he may wish to make a gift , which is to operate either at once or at his death by way of testamentary disposition. There are some , but by no means all , of the motives which may operate upon the mind of the real purchaser of the property."

မောင်ထွန်းဖေအမှုတွင် ပစ္စည်းကိုအမှန်တကယ်ဝယ်ယူသောသူ၏အမည်ဖြင့်မဟုတ်ဘဲအခြားသူ၏အမည်ဖြင့်ဝယ်သည့်အလေ့အထကိုအိန္ဒိယနိုင်ငံမှာကဲ့သို့မြန်မာနိုင်ငံတွင်တွေ့မြင်နေကြမဟုတ်ပါ။

( The practice of purchasing property in the name of a person other than the real purchaser is not common in Burma as it is in India.)

ဟူ၍လည်းကောင်း၊မြန်မာမိဘတဦးသည်မိမိ၏သားသမီးအားအပိုင်ပေးရန်ရည်ရွယ်ကာ၎င်း၏အမည်ဖြင့်လွှဲပြောင်းရယူခြင်းမှာဖြစ်တောင့်ဖြစ်ခဲဖြစ်ပေလိမ့်မည်။

( Rarely would a Burmese parent take a conveyance of property in the name of his child with a view to making a gift of it to the child.)

ဟုပြဆိုပါသည်။

မြန်မာဓလေ့ထုံးတမ်းအစဉ်အလာကိုရည်ညွှန်းထုံးဖွဲ့ခြင်းမရှိပါ။

အထက်ပါပြဆိုချက်များသည်မြန်မာမိဘကပစ္စည်းတရပ်ကိုသားသမီးအမည်ဖြင့်ဝယ်ရာ၌၎င်းအားအပိုင်ဝယ်ပေးလိုသောရည်ရွယ်ချက်ရှိသည်ဟုမှတ်ယူခွင့်ရှိခြင်းကိုသာပြဆိုခြင်းဖြစ်ပါသည်။

တဖက်တွင်မိဘကထိုသို့ဝယ်ယူရာ၌သားသမီးသည်ဝယ်သောပစ္စည်းကိုအပိုင်ရလိုသောရည်ရွယ်ချက်ရှိမရှိပြဿနာကိုအမှုတမှုစီတွင်ပေါ်ပေါက်သောအကြောင်းခြင်းရာများအရဆုံးဖြတ်ရန်ဖြစ်သည်ဟုစီရင်ထုံးစာမျက်နှာ၂၅၂တွင်အောက်ပါအတိုင်းပြဆိုထားပါသည်-

"In each case it was a question of fact whether the property was bought by the real purchaser for the benefit of the ostensible transferee or not. "

မောင်ထွန်းဖေအမှုတွင်အကြောင်းခြင်းရာနှင့်စပ်လျဉ်း၍ခရိုင်တရားရုံးကအယူခံတွင်ချမှတ်သောကောက်ယူဆုံးဖြတ်ချက်ကိုနောက်တရားရုံးများတွင်လက်မခံအရေးဆိုခွင့်မရှိစသည်ဖြင့်စီရင်ထုံးစာမျက်နှာ၂၅၂၌အောက်ပါအတိုင်းအကြောင်းပြပြီးအကြောင်းခြင်းရာများကိုအထူးခုံရုံးကအဆုံးအဖြတ်မပေးပါ

" It is common ground that there was evidence to justify the findings of the trial Court and the District Court upon these issues of facts , and in our opinion neither in second appeal nor upon the further appeal to this Bench was it open to this Court to permif these issues of fact to be reagitated."

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ