အင်္ဂလန်နိုင်ငံသုံးဥပဒေသည်မြန်မာနိုင်ငံနှင့်မဆိုင်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
3 BLT 62 ၊ 8 BLT 87 ၊ 9 BLT 35အမှုများတွင်-
“The doctrine of intended advancement "
ဥပဒေသသည်မြန်မာနိုင်ငံနှင့်မဆိုင်ဟုဆုံးဖြတ်ပါသည်။
သို့သော်မောင်ကျော်ဖေပါအများနှင့်မောင်ကြည် ရန်ကုန်အတွဲ၆၊စာ၂၀၃အမှုတွင်မူတမျိုးဆုံးဖြတ်ပြန်ပါသည်။
ရန်ကုန် အတွဲ၆ စာ၂၀၃အမှုတွင် မြန်မာများသည်အမည်ခံအမည်ငှားစနစ်ကိုကျင့်သုံးလေ့မရှိ၊မည်သည့်အခါကျင့်သုံးကြောင်းစီရင်ထုံးစာမျက်နှာ၂၁၁မှ၂၁၂တွင်ပြဆိုထားပါသည်။
မစာ နှင့် မစိန်နုပါ၂၊ရန်ကုန် အတွဲ၇ စာ၇၅၁အမှုတွင်မြန်မာတို့သည်အယူသည်းတတ်ပြီးဗေဒင်ကိန်းခန်းအရမရွှေ့မပြောင်းနိုင်သောပစ္စည်းဝယ်လျှင်ခိုက်တတ်ကြောင်းဟောပါကအခြားသူအမည်ဖြင့်ပစ္စည်းဝယ်လေ့ရှိပုံကိုစာမျက်နှာ၇၅၇နှင့်၇၅၈တွင်သုံးသပ်ထားပါသည်။
နောက်ဆုံးတွင်မောင်ထွန်းဖေစီရင်ထုံး၌စုံညီခုံရုံးကအင်္ဂလန်နိုင်ငံသုံးဥပဒေသသည်မြန်မာနိုင်ငံနှင့်မဆိုင်ဟုအတိအလင်းထုံးဖွဲ့ပါသည်။
Comments
Post a Comment