ပိတ်ပင်ခြင်းဆိုင်ရာဥပဒေနှင့်ဆက်စပ်လျက်ရှိသောဥပဒေ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ပိတ်ပင်ခြင်းဆိုင်ရာဥပဒေနှင့်ဆက်စပ်လျက်ရှိသောဥပဒေ
သားများစွဲဆိုသောအမှု၏အဖြေသည်သက်သေခံအက်ဥပဒေပုဒ်မ၁၁၅နှင့်တပိုင်းတစသက်ဆိုင်သည်မှန်၏။ထိုပုဒ်မပါဥပဒေသကိုပိတ်ပင်ခြင်းဆိုင်ရာဥပဒေ ( The doctrine of estoppel )ဟုခေါ်သည်။(စာရေးသူကမူနှုတ်ပိတ်ခြင်းဆိုင်ရာဥပဒေဟုခေါ်လျှင်ပို၍နားလည်မည်ဟုသဘောရရှိပါသည်။)
ထိုဥပဒေသဘောတရားကိုဥပဒေပညာရှင်တိုင်းသိသည်။မသိ၍လည်းမရ။စာမေးပွဲတွင်မေးတတ်၍အသေအလဲမှတ်ထားရသည်။တဖက်တွင် The doctrine of feeding estoppel ( ပိတ်ပင်ခြင်းကိုဖြစ်ပေါ်စေသောဥပဒေ )ကိုသတိထားမိသူနည်းနေသည်။
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၃တွင်အောက်ပါအတိုင်းပြဌာန်းထားသည်-
" Where a person fraudulently or erroneously represents that he is authorized to transfer certain immoveable property and professes to transfer such property for consideration , such transfer shall , at the option of the transferee , operate on any interest which the transferor may acquire in such property at any time during which the contract of transfer subsists."
(တဦးတယောက်သောသူကမရွှေ့မပြောင်းနိုင်သောပစ္စည်းကိုလွှဲပြောင်းခွင့်ရှိကြောင်း၊လိမ်လည်လှည့်ဖြား၍ဖြစ်စေ၊မှားယွင်း၍ဖြစ်စေပြောဆိုပြီးထိုပစ္စည်းကိုအဖိုးစားနားဖြင့်လွှဲပြောင်းသည်ဟုဆိုသည့်ကိစ္စတွင်အဆိုပါပဋိညာဉ်တည်ဆဲကာလအတွင်းမည်သည့်အခါတွင်မဆို၊ယင်းပစ္စည်း၌ထိုသူရရှိလာသည့်အကျိုးခံစားပိုင်ခွင့်သည်အဆိုပါလွှဲပြောင်းခြင်းအပေါ်လွှဲပြောင်းရရှိသူကအကျိုးသက်ရောက်စေလိုလျှင်အကျိုးသက်ရောက်စေရမည်။)
သားများ၂၉-၁၁-၆၈ရက်စွဲပါမှတ်ပုံတင်စာချုပ်အရရောင်းချစဉ်ကအချင်းဖြစ်ကစ္စည်းများ၌ဩရသသားရခွင့်ရှိသောဝေစုကိုသာလျှင်ရောင်းချခွင့်ရှိသည်။သို့ရာတွင်မိခင်ကွယ်လွန်သောအခါရောင်းသောပစ္စည်း၏ကျန်(မိခင်၏ဝေစု)ကိုရောင်းသူသားများ(ဩရသမဟုတ်သောကနိဌသားများကအမွေဆက်ခံ)ရရှိခြင်းသည်အထက်ပုဒ်မ၄၃ပါ " any interest which the transferor may acquire in such property. "ဟူသောစကားရပ်တွင်အကျုံးဝင်သည်ဖြစ်၍ထိုသို့ရရှိခြင်းကို such transfer (ရောင်းချလွှဲပြောင်းခြင်း)အပေါ်လွှဲပြောင်းရရှိသူအနေဖြင့်အကျိုးသက်ရောက်စေလိုပါက ( at the option of the transferee )အကျိုးသက်ရောက်စေရမည် ( shall operate )ဖြစ်သည်။
တနည်းအားဖြင့်မိခင်၏အမွေစုကိုရောင်းသူသားများအရောင်းအဝယ်စာချုပ်ချုပ်ပြီးနောက်ပိုင်း၌အမွေဆက်ခံရရှိခြင်းကဝယ်သူဦးချစ်ထွန်းကိုဆန္ဒရှိခဲ့လျှင်ပစ္စည်းတရပ်လုံးရောင်းချခြင်းကိုအတည်ဖြစ်စေနိုင်သည်၊အထမြောက်စေနိုင်သည်။
ဦးချစ်ထွန်းတို့ထံမှအချင်းဖြစ်ပစ္စည်းကိုဝယ်သောဦးနေဝင်းသည်လည်းအချင်းဖြစ်ပစ္စည်းတရပ်လုံးကိုရောင်းသူတရားလိုကဦးချစ်ထွန်းတို့အားရောင်းချခြင်းကိုတည်စေလိုပါကတည်စေမည်ဖြစ်သည်။ AIR 1915 MAD 1085 , AIR 1914 ALL 366 နှင့် AIR 1915 Cal 75စီရင်ထုံးများကိုကြည့်ပါ။
ဦးနေဝင်းကချေလွှာတွင်ထိုသို့အကျိုးသက်ရောက်စေလိုကြောင်းချေပခဲ့လျှင်ရောင်းချပြီးသော၂၉-၁၁-၆၈ရက်စွဲပါစာချုပ်တွင်ထိုအစုကိုထည့်သွင်းရောင်းချရာရောက်သွားသည်။သို့ဖြစ်ရာသားများတရားစွဲဆိုစဉ်ကရောင်းချသောပစ္စည်းတွင်ပုဒ်မ၄၃အရအကျိုးခံစားခွင့်တစုံတရာမရှိနိုင်တော့။(ပုဒ်မ၄၃အရအမေ၏အစုကိုထည့်သွင်းရောင်းချရာရောက်သည်။)
ဤအခြေအနေတွင်သားများသည်အချင်းဖြစ်စာချုပ်ကိုပယ်ဖျက်ပေးရန်တရားစွဲဆိုခွင့် ( locus standi ) ရှိသူများမဟုတ်၍အချင်းဖြစ်စာချုပ်ကိုပယ်ဖျက်ပေးရန်အတွက်တရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ခြင်းကြောင့်အဆိုလွှာကိုအမိန့် ၇ နည်း ၁၁(က)အရပယ်ရန်သာရှိသည်။အမှုစစ်ဆေးရန်လိုမည်မဟုတ်။
2002 BLR 368အမှု၌ " အချင်းဖြစ်ပစ္စည်းတွင်အကျိုးခံစားခွင့်မရှိသူတဦးသည်သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉အရအချင်းဖြစ်ပစ္စည်းနှင့်စပ်လျဉ်းသည့်စာချုပ်စာတမ်းတရပ်ကိုပယ်ဖျက်ပေးရန်တရားစွဲဆိုခွင့်မရှိချေ "ဟုထုံးဖွဲ့ထားသည်။ထိုအမှုတွင်အလားတူထုံးဖွဲ့ထားသော AIR 1923 Mad 109 ( စာရေးသူ၏သီးခြားသက်သာခွင့်အက်ဥပဒေစာအုပ်စာမျက်နှာ၂၂၉)တွင်ဖော်ပြထားသည်။)ကိုကိုးကားတင်ပြခဲ့သည်။
ပုဒ်မ၄၃ပါ " at anytime during which the contract of transfer subsists. "ဟူသောပြဌာန်းချက်များ၏အဓိပ္ပာယ်မှာသားများကမိခင်၏အစုကိုရသောအခါလွှဲပြောင်းခြင်း(အရောင်းအဝယ်)ပဋိညာဉ်မတည်ရှိတော့လျှင်(ဥပမာမိခင်ကတရားစွဲဆိုရာမှဦးနေဝင်းတို့ကပဋိညာဉ်ကိုဖျက်သိမ်းခဲ့ခြင်း)နောက်ပိုင်း၌သားများအမွေဝေစုရခြင်းကြောင့်ပုဒ်မ၄၃ပါပြဌာန်းချက်များကိုအသုံးချခွင့်မရှိတော့ချေ။
Comments
Post a Comment