ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၃ပါတရားဥပဒေအကြောင်း
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၃ပါတရားဥပဒေအကြောင်းပြန်လည်ဆွေးနွေးလိုပါသည်။
ပညာဒါနစာစဉ်၁(ဥပဒေပြဿနာအဖြာဖြာ)စာအုပ်မှစ၍ဥပဒေအပြောကျယ်ပုံကိုထပ်တလဲလဲသတိပေးလျက်ရှိပါသည်။
ဥပဒေများသည်တနေရာတည်းတွင်စုစည်း၍မရှိခြင်းကြောင့်ဆိုင်ရာဥပဒေအကြောင်းအကုန်အစင်မဟုတ်သည့်တိုင်မည်မည်ရရသိရန်ပင်မလွယ်ကြောင်းအထက်ပါ 1992 BLR ( F B ) 77 စီရင်ထုံးသည်သာဓကဖြစ်ပါသည်။
မင်းကွန်းဆရာတော်ကြီးပိဋိကတ်သုံးပုံကိုအာဂုံဆောင်နိုင်သကဲ့သို့ဥပဒေပညာရှင်များဥပဒေအရပ်ရပ်ကိုသိပါမှအမှုသည်များ၏နစ်နာမှုကိုအပြည့်အဝကုစားပေးနိုင်ပါလိမ့်မည်။
အမှုတွင်တရားလိုသားများစာချုပ်ပယ်ဖျက်ပေးရန်တရားစွဲဆိုစဉ်ကအဆိုလွှာရေးသောရှေ့နေသည်တရားလိုများသည်မိမိတို့ရောင်းချခဲ့သောပစ္စည်းများတွင်ပုဒ်မ၄၃အရအကျိုးခံစားခွင့်မရှိတော့သည်ကိုသတိမထားမိဦးတော့ပညာရှင်တိုင်းလိုလိုသိသည့်သက်သေခံအက်ဥပဒေပုဒ်မ၁၁၅ပါပြဌာန်းချက်များကို(အထူးသဖြင့်ပုဒ်မ၁၁၅၏ဥပမာအရအရောင်းစာချုပ်ကိုချုပ်ဆိုစဉ်ကရောင်းချခဲ့သောပစ္စည်းအစုကိုမပိုင်သေးပါဟုထွက်ဆိုခွင့်မရှိသည်ကိုသိကောင်းသည်။)သတိထားမိလျှင်တရားမစွဲဆိုရန်တရားလိုများကိုအကြံပြုမည်ဖြစ်သည်။
အမှုကိုအရှုံးပေးပါဟုမူလရုံးတရားသူကြီးကိုပြောဆိုကာအဆိုလွှာတင်ရာရောက်သည်။
သို့သော်တရားရုံးချုပ်ပထမအယူခံတွင်တရားလိုများအနိုင်ရသည်။
တရားရုံးချုပ်တွင်သက်သေခံအက်ဥပဒေပုဒ်မ၁၁၅ကိုပွဲထုတ်မထုတ်မသိရသော်လည်းအထူးခုံရုံးရှေ့တွင်တင်ပြဟန်တူသည်။
အထူးခုံရုံးက"ယခုအမှုကိုစွဲဆိုရန်သက်သေခံအက်ဥပဒေပုဒ်မ၁၁၅ကပိတ်ပင်ခြင်းရှိမရှိ"ပြဿနာကိုကြားနာရန်လမ်းဖွင့်ပေးခဲ့သည်။
စာရေးသူများမကြာခင်ကထုတ်ဝေခဲ့သောပညာဒါနစာစဉ်၂စာအုပ်စာမျက်နှာ၅၈တွင်ဘီအယ်လ်သင်တန်းတက်စဉ်ကမီးသေခြင်းဆိုင်ရာဥပဒေသနှင့်နှုတ်ပိတ်ခြင်းဆိုင်ရာဥပဒေသတို့၏ခြားနားချက်သုံးရပ်ကိုလေ့လာမှတ်သားခဲ့ရပုံကိုရေးသားပြီးအောက်ပါခြားနားချက်ကိုဖော်ပြခဲ့ပါသည်-
" Estoppel shuts the mouth of a party , res judicata ousts the jurisdiction of the Court. "
သက်သေခံအက်ဥပဒေပုဒ်မ၁၁၅ပါပြဌာန်းချက်များကတရားလိုများ၏နှုတ်ကိုပိတ်ပါသည်။
တရားလိုများကမူလဝယ်သူများကိုမှတ်ပုံတင်စာချုပ်ချုပ်ဆိုရောင်းချရာ၌ရောင်းသူပစ္စည်းများ၏အစုကိုသာရောင်းချခွင့်ရှိသည်။
မိခင်၏အစုကိုရောင်းချခွင့်မရှိပါ။
ထိုအစုကိုရောင်းချခြင်းအထမမြောက်ပါဟုတရားရုံးတွင်ထွက်ဆိုခွင့်မရှိ။
ပုဒ်မ၁၁၅ပါပြဌာန်းချက်များကတရားစွဲသောအဆိုလွှာကိုပိတ်ပင်သောပြဌာန်းချက်မျိုးမဟုတ်သည်မှာမြင်သာပါသည်။
မီးသေခြင်းဆိုင်ရာဥပဒေသသည်တရားရုံးကတရားစီရင်ခြင်းကိုပိတ်ပင်ခြင်းဖြစ်ပါသည်။
တရားစွဲဆိုခွင့်ကိုပိတ်ပင်ခြင်းမဟုတ်ပါ။
သို့ဖြစ်ရာအထူးခုံရုံးကထုတ်သောပြဿနာသည်ဥပဒေနှင့်မညီဟုဆိုစရာရှိပါသည်။
မိမိမပိုင်သောပစ္စည်းကိုလက်ရောက်ရရန်တရားစွဲဆိုခွင့် ( locus standi ) မရှိဟု 1948 BLR 866 ( 876 )တွင်ဆုံးဖြတ်ဖူးပါသည်။
စီရင်ထုံးပေါင်းချုပ်များတွင် right of sue ( တရားစွဲဆိုခွင့် ) ခေါင်းစဉ်အောက်ရှိစီရင်ထုံးများကိုလေ့လာသင့်သည်။
1897-01 , 2 UBR 229 အမှုတွင်ပစ္စည်းခွဲဝေပေးစေလိုမှု၌ပူးတွဲပိုင်ပစ္စည်းအားလုံးကိုခွဲပေးရန်တရားစွဲဆိုခြင်းမပြုဘဲအချို့အဝက်ကိုချန်လှပ်၍စွဲဆိုခြင်းမပြုနိုင်ဟုထုံးဖွဲ့ထားပါသည်။
1907-09 , 2 UBR Civ Pro 21 အမှုတွင်အမွေမခွဲရသေးသောလယ်မြေများမှဖြစ်ထွန်းသည့်သီးနှံဝေစုရလိုကြောင်းတရားစွဲဆိုခွင့်မရှိဟု 1897-01 စီရင်ထုံးကိုလိုက်နာဆုံးဖြတ်သည်ကိုတွေ့ရသည်။
ထိုစီရင်ထုံးနှစ်ခုကိုသီးခြားခေါင်းစီးနှစ်ရပ်အောက်တွင်ကောက်နုတ်ဖော်ပြထားရာစုစည်းမှတ်သားရန်လိုသည်။
2004 BLR ( SAB ) 89 အမှုတွင်ဥပဒေဆိုရိုးတရပ်ကိုကိုးကားပြီး" ပစ္စည်းလွှဲပြောင်းပေးရန်အခွင့်အရေးမရှိသူကလွှဲပြောင်းပေးခြင်းသည်တရားဝင်အတည်မဖြစ်ချေ "ဟုထုံးဖွဲ့ချက်သည်အထူးခုံရုံးကဆုံးဖြတ်သောအမှုတွင်အဖြေဖြစ်သည်။
1992 BLR ( F B ) 77 အမှုအတွက်ထုံးသာဓကမဟုတ်။
၂၀၀၄ခုနှစ်စီရင်ထုံးတွင်ကိုးကားသောဥပဒေဆိုရိုးသည်အတိုင်းအတာတခုအတွက်သာလျှင်မှန်သည်။
တရားသေမှန်သည်မဟုတ်။
ဤကဲ့သို့ခြွင်းချက်များရှိနေသဖြင့်ဥပဒေသည်အပြောကျယ်သည်ဟုပြောစရာဖြစ်လာခြင်းဖြစ်သည်။
Comments
Post a Comment