ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၃ကိုဘာသာပြန်ရာ၌အခက်အခဲ။

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၃ကိုဘာသာပြန်ရာ၌အခက်အခဲရှိတန်သလောက်ရှိပါသည်။ 


Where ကို”လျှင်’ဟုဘာသာပြန်ပါကပုဒ်မ၄၃၏စကားစပ်အရမမှန်နိုင်။


စကားပြေပြစ်ခြင်းမရှိ။


အင်္ဂလိပ်ဘာသာဖြင့်ပြဌာန်းခဲ့သော၁၉၄၈ခုနှစ်၊မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေသက်တမ်းကုန်ဆုံးသွားရာမှ၁၉၆၀ပြည့်နှစ်ဥပဒေကိုမြန်မာဘာသာဖြင့်ပြဌာန်းသောအခါ " where " ဟူသောစကားလုံးဖြင့်အစချီသော၁၉၄၈ခုနှစ်၊ဥပဒေပုဒ်မ၁၇နှင့်၁၈တို့ကို၁၉၆၀ပြည့်နှစ်ဥပဒေပုဒ်မ၂၅နှင့်၂၆အဖြစ်အသီးသီးပြဌာန်းရာ၌ကိစ္စတွင်ဟုသုံးနှုန်းသည့်အတိုင်းပုဒ်မ၄၃ကိုဘာသာပြန်ပါသည်။


 Fraudulent ကိုရာဇသတ်ကြီးပုဒ်မ၂၅၌ဘာသာပြန်ထားသည့်အတိုင်းဘာသာပြန်ပါသည်။


Profess to transfer ဟူသောစကားရပ်ကို’လွှဲပြောင်းသည်ဟုဆိုသည်’ဟုဘာသာပြန်ရာ၌ထို့ထက်ကောင်းသောဝေါဟာရကိုရှာမတွေ့ခြင်းကြောင့်ဖြစ်ပါသည်။


 Sell , purpot to sell နှင့် profess to sell ဟူသောစကားရပ်တို့အနက်၊’sell’ကိုရောင်းချသည်ဟုဘာသာပြန်ရန်ခက်မည်မဟုတ်။


တရားရုံးများလက်စွဲ(ဒုတိယအကြိမ်မြောက်ထုတ်)အပိုဒ်၁၆၁ပါ purport to record ကို’ရေးသွင်းဖော်ပြထားသောသဘောသက်ရောက်သည်’ဟုမြန်မာဘာသာဖြင့်ထုတ်ဝေသည့်တရားရုံးများလက်စွဲအပိုဒ်၁၆၁၌ဘာသာပြန်ထားသဖြင့် purport to sellကို’ရောင်းချသည့်သဘောသက်ရောက်သည်’ဟုဘာသာပြန်ရန်ဖြစ်သည်။


ပစ္စည်းပေါင်နှံရာတွင်ရောင်းချသည့်သဘောသက်ရောက်သောဟန်ဆောင်အရောင်းအဝယ်စာချုပ်ဖြစ်သည်ဟူသောအဓိပ္ပာယ်ဖြင့်သုံးနှုန်းခြင်းဖြစ်သည်။


သို့ဖြစ်၍ဥပဒေပြဿနာအဖြာဖြာစာအုပ်စာမျက်နှာ၂၁တွင်ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၄၈ပါ purport to create ကို ( အခွင့်အရေးများသီးခြား ) ဖြစ်ပေါ်စေသည့်သဘောသက်ရောက်စေဟုဘာသာပြန်ခဲ့သည်။


Profess to transfer လာ’profess’ကို မြန်မာစာအဖွဲ့ကပြုစုသောအင်္ဂလိပ်မြန်မာအဘိဓာန်စာမျက်နှာ၁၀၈၁တွင်’ဆိုသည်’၊’ပြောသည်’ဟုဘာသာပြန်ပြီး profess to be an expert ဟုဥပမာပေးသည်။


The Penal Code ပုဒ်မ၁၆၁၏ဥပမာတွင်ပါသော profess to exercise personal influence ဟူသောစကားရပ်ကို ( မိမိတို့၏ ) ဩဇာကိုအသုံးပြုကြောင်း၊# ‘ထုတ်ဖော်ပြောဆိုသည်’ဟုဘာသာပြန်ခြင်းသည်အထက်အဘိဓာန်ပါဘာသာပြန်ချက်နှင့်သဘောချင်းတူသည်ဟုဆိုနိုင်ပါသည်။


သို့ပါ၍ပုဒ်မ၄၃ပါ profess to transfer such property ကို အဆိုပါပစ္စည်းကိုလွှဲပြောင်းသည်ဟုဆိုသည့် ( ကိစ္စ )ဟုဘာသာပြန်ခြင်းဖြစ်ပါသည်။


လွှဲပြောင်းသည်ဟုဘာသာပြန်လျှင် profess ကိုချုံ့၍ဘာသာပြန်ရာရောက်ပါမည်။


စာရေးသူ၏ဘာသာပြန်ထက်ပို၍ချောမွေ့သောဘာသာပြန်ချက်ကိုဥပဒေပညာရှင်လည်းဖြစ်၊အင်္ဂလိပ်-မြန်မာနှစ်ဘာသာကိုပေါက်ပေါက်ရောက်ရောက်လည်းတတ်ကျွမ်းသောဒေါက်တာမောင်မောင်ကဲ့သို့ပုဂ္ဂိုလ်မျိုး၊ The Great Expectation ကို မျှော်တလင့်လင့်ဟုလှလှပပဘာသာပြန်နိုင်သောဆရာကြီးရွှေဥဒေါင်းကဲ့သို့ပုဂ္ဂိုလ်ကြီးမျိုးသာလျှင်ကျေနပ်ဘွယ်ဘာသာပြန်ဆိုချက်ဖန်တီးပေးနိုင်ပါလိမ့်မည်။


 Transfer , purport to transfer နှင့် profess to transfer တို့သည်သီးခြားအဓိပ္ပာယ်ဆောင်ပါသည်။


‘Transfer’ကအမှန်တကယ်လွှဲပြောင်းခြင်းကိုရည်ညွှန်းပါသည်။


 Purport to transfer လွှဲပြောင်းသည့်သဘောသက်ရောက်သောပြုလုပ်မှုဖြစ်ပါသည်။


အမှန်တကယ်လွှဲပြောင်းခြင်းမဟုတ်။


Profess to transfer သည်လွှဲပြောင်းသည်ဟုအဆိုရှိခြင်းမျှသာဖြစ်သည်။


အကြောင်းမူလွှဲပြောင်းသူသည်လွှဲပြောင်းသောပစ္စည်းကိုလုံးဝမပိုင်သူဖြစ်နိုင်သည်။


အပြည့်အဝမပိုင်သူလည်းဖြစ်နိုင်သည်။ 


Purport to transfer နှင့်မတူ။


ဒုတိယစကားရပ်ကိုမရောင်းဘဲရောင်းသည့်သဘောဖြင့်လွှဲပြောင်းသည့်ကိစ္စ၌သုံးသည်။


Profess to transfer မှာလွှဲပြောင်းသည့်သဘောသက်ရောက်သောလွှဲပြောင်းမှုမျိုးမဟုတ်။


လွှဲပြောင်းကြောင်းအဆိုရှိသည့်ကိစ္စသာဖြစ်သည်။


ပုဒ်မ၄၃၏စကားစပ် ( context ) နှင့်အံဝင်ဂွင်ကျဖြစ်သော profess to transfer ၏အဆီလျော်ဆုံးမြန်မာဘာသာပြန်ဆိုချက်ကိုဖန်တီးသူပေါ်ထွန်းရန်မျှော်လင့်လျက်ရှိပါသည်။


Bkack's Law Dictionaryစာမျက်နှာ၆၂၉တွင် profess၏အဓိပ္ပာယ်ကိုအောက်ပါအတိုင်းဖော်ပြထားပါသည်-


 profess , vb. ( 16c ) To declare openly and freely ; to confess .

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]