ရန်ကုန် အတွဲ၁၄ စာ၂၄၂စုံညီအမှုတွင်၊မြန်မာမိဘများသည်သားသမီးကိုအပိုင်ပေးရန်ရည်ရွယ်၍လွှဲပြောင်းစာချုပ်ရယူခဲသည်ဟုအောက်ပါအတိုင်းထုံးဖွဲ့ထားပါသည်-

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


ရန်ကုန် အတွဲ၁၄ စာ၂၄၂စုံညီအမှုတွင်၊မြန်မာမိဘများသည်သားသမီးကိုအပိုင်ပေးရန်ရည်ရွယ်၍လွှဲပြောင်းစာချုပ်ရယူခဲသည်ဟုအောက်ပါအတိုင်းထုံးဖွဲ့ထားပါသည်-


“Rarely would a Myanmar ( Burmese ) parent take a conveyance of property in the name of his child with a view to making a gift of it to the child."


ဒေါ်ခင်ခင်ကြွယ်ပါ၅ နှင့် ဒေါ်တင်တင်ကြွယ်၊ ၁၉၆၄ မတစ ၅၉၉အမှုတွင်လည်းထိုစီရင်ထုံး(ရန်ကုန်၊အတွဲ၁၄၊စာ၂၄၂စုံညီ)ကိုကိုးကားဆုံးဖြတ်ဖူးပါသည်။


လူအမျိုးမျိုးနတ်အထွေထွေရှိနိုင်သဖြင့်အထက်ပါထုံးဖွဲ့ချက်ကိုတရားသေမှတ်ယူရန်မသင့်ပါ။


အမှန်စင်စစ်ထိုသို့ထုံးဖွဲ့ရန်အခြေခံနိုင်သည့်အလေ့အထရှိကြောင်းအမှုတွင်သက်သေခံမရှိပါ။


ရန်ကုန်အတွဲ၁၄၊စာ၂၄၂(စုံညီ)အမှု၌ပြဆိုထားသောကောက်နုတ်ဖော်ပြချက်သည်စီရင်ချက်ရေးသောတရားဝန်ကြီးချုပ်(Sir Arthur Page, Kt., Chief Justice)၏အတ္တနောမတိမျှသာဖြစ်ပါသည်။


ဓမ္မသတ်အကိုးအကားမရှိပါ။


ထုံးသာဓကလည်းမရှိပါ။


အင်္ဂလိပ်တရားသူကြီးသည်မြန်မာတို့​၏အလေ့အထကိုကောင်းစွာသိရှိသည်ဟုမဆိုနိုင်ပါ။


ဒေါ်ခင်ခင်ကြွယ်အမှု၌ထုံးဖွဲ့ချက်သည်၊ရန်ကုန် အတွဲ၁၄ စာ၂၄၂အမှု၌ထုံးဖွဲ့ချက်ကိုကောက်နုတ်ဖော်ပြချက်ဖြစ်ကြောင်းစီရင်ထုံးစာမျက်နှာ၆၀၄ကိုဖတ်ကြည့်ပါကသိနိုင်ပါသည်။


အမှုတွင်အမွေရှင်ဆရာကြွယ်သည်ယခင်မယားနှင့်ရသောသမီးဒေါ်တင်တင်ကြွယ်နှင့်မယားပြိုင်သုံးဦးနှင့်အတူပေါင်းသင်းဆဲ၌သမီးဒေါ်တင်တင်ကြွယ်အမည်ဖြင့်ပစ္စည်းများဝယ်ရာသမီးအားအပိုင်ရစေလိုသောရည်ရွယ်ချက်နှင့်ဝယ်ခြင်းမဟုတ်ကြောင်းစီရင်ထုံးစာမျက်နှာ၆၀၃တွင်သက်သေခံချက်များကိုစိစစ်ပြီးအကြောင်းပြဆုံးဖြတ်ပါသည်။


အမှန်စင်စစ်အဖိုးငွေပေးချေသူ​၏ရည်ရွယ်ချက်ကိုဆန်းစစ်ရာ၌အထက်ပါထုံးဖွဲ့ချက်ကိုမှတ်ကျောက် ( test )အဖြစ်ထုံးဖွဲ့ထားခြင်းမဟုတ်ပါ။ 


ခရီးသွားဟန်လွဲဆုံးဖြတ်ခြင်းမျိုးဖြစ်ပါသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ