Resulting Trust ဟူသောစကားလုံး
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အောက်မြန်မာပြည်စီရင်ထုံးများ၊အတွဲ၉၊စာ၂၁၂အမှုတွင်အမှုသည်နှစ်ဦးသည်လင်မယားဖြစ်ကြပါသည်။
လင်ဖြစ်သူကဝန်ထမ်းဖြစ်ပြီးအချင်းဖြစ်မြေကွက်များကိုဝယ်ယူရာ၌မယားအမည်ဖြင့်ဝယ်ပါသည်။
မြေကွက်များအပေါ်တွင်အိမ်ဆောက်သည်။
လင်မယားကွဲကွာသွားရာမှလင်ဖြစ်သူကထိုပစ္စည်းများမှာမိမိပိုင်ဖြစ်ကြောင်းမြွက်ဟကြေညာပေးစေရန်တရားစွဲဆိုရာအယူခံကိုဆုံးဖြတ်သောတရားရုံးချုပ်တရားဝန်ကြီးနှစ်ဦး(Mr.Justice Maung Kin and Mr.Justice Rigg)အနက်မြန်မာများတွင်ပထမဆုံးတရားဝန်ကြီးဖြစ်သောဦးခင်ကစီရင်ထုံးစာမျက်နှာ၂၁၅တွင်ယုံမှတ်အပ်နှံခြင်းအက်ဥပဒေ(The Trust Act )ပုဒ်မ၈၂ပါပြဌာန်းချက်များကိုကိုးကားပြီးနောက်အမှုတွင်ဆုံးဖြတ်ရန်ပြဿနာမှာလင်ဖြစ်သူကမယားအား၎င်းဝယ်ယူသောပစ္စည်းများ၌အကျိုးခံစားခွင့်ရရန်ရည်ရွယ်သလား။သို့မဟုတ်မယားကို၎င်းအတွက်ယုံမှတ်အပ်နှံခြင်းခံရသူအဖြစ်ထားရန်ရည်ရွယ်သလားဖြစ်သည်ဟုစီရင်ထုံးစာမျက်နှာ၂၁၅နောက်ဆုံးစာပိုဒ်တွင်အောက်ပါအတိုင်းဖော်ပြဆုံးဖြတ်ပါသည်-
" So , in this case the question would be , " Did the husband intend that his wife should hold the property purchased as trustee for him or that she was to have the beneficial interest therein? "
“The Trust Act” ပုဒ်မ၈၂တွင်”ယုံမှတ်အပ်နှံခြင်းခံရသူ”( Trustee )ဆိုသောစကားလုံးမပါပါ။
သို့သော်ပုဒ်မ၈၂ပါဝင်သောအခန်း၉၏ခေါင်းစဉ်မှာ”OF CERTAIN OBLIGATIONS IN THE NATURE OF TRUSTS”ဖြစ်ပါသည်။
ထိုအခန်း၏ပထမဆုံးပြဌာန်းချက်ဖြစ်သောပုဒ်မ၈၀တွင်အောက်ပါအတိုင်းပြဌာန်းထားပါသည်-
" An obligation in the nature of trust is created in the following cases."
အဆိုပါဥပဒေပုဒ်မ၃ပထမအပိုဒ်၌ " trust "ကို " A " trust " is an obligation annexed to the ownership of property.”(မလိုသည်များကိုချန်လှပ်ထားပါသည်။)(ယုံကြည်အပ်နှံခြင်းဟူသည်ပစ္စည်းပိုင်ဆိုင်ခွင့်နှင့်ပူးတွဲနေသောတာဝန်ဖြစ်သည်)ဟုအဓိပ္ပာယ်ဖွင့်ဆိုထားရာပုဒ်မ၈၀အရပုဒ်မ၈၂သည်ယုံကြည်အပ်နှံခြင်းဆိုင်ရာတာဝန်ကိုဖြစ်ပေါ်စေခြင်းနှင့်သက်ဆိုင်သည်မှာယုံမှားဖွယ်မရှိပါ။
ပုဒ်မ၈၂ပါ”the transferee must hold the property for the benefit of the person paying or providing the consideration.”ဟူသောပြဌာန်းချက်ကိုအထက်ပုဒ်မ၈၀နှင့်ပုဒ်မ၃ပါအဓိပ္ပာယ်ဖွင့်ဆိုချက်နှင့်ဆက်စပ်ဖတ်ရှုပါကလွှဲပြောင်းရရှိသူ ( transferee )သည်ယုံကြည်အပ်နှံခြင်းခံရသူ ( trustee )ဖြစ်ကြောင်းမြင်သာပါသည်။
အောက်မြန်မာပြည်စီရင်ထုံးများ၊အတွဲ၉၊စာ၂၁၂ကိုဆုံးဖြတ်သော ခုံရုံးတွင်ပါဝင်သည့်အခြားတရားဝန်ကြီး ( Mr . Justice Rigg )ကစီရင်ထုံးစာမျက်နှာ၂၁၃၌ဤအမှုတွင်ဆုံးဖြတ်ရန်ပြဿနာများမှာဤအိမ်နှစ်လုံးနှင့်မြေကွက်များကိုမယားဖြစ်သူအားအပိုင်ရစေရန်ရည်ရွယ်ခဲ့သလား။သို့မဟုတ်မယား၏အမည်ကိုဘီနာမီ ( Benami )အဖြစ်ထည့်ထားသည်ဆိုသောအကြောင်းကြောင့်လင်အကျိုးငှာယုံမှတ်အပ်နှံမှုတရပ်ပေါ်ပေါက်သလားဖြစ်သည်ဟုအောက်ပါအတိုင်းဖော်ပြပါသည်-
“The question for decision in this suit is whether these two houses and pieces of land were intended as a gift to the wife , or whether there is a resulting trust in favour of the husband on the ground that they merely placed in her name benami in order to evade a supposed rule prohibiting government servants from speculating in landed property.”
တရားဝန်ကြီးဦးခင်ညွှန်ပြသောပြဿနာနှင့်အထက်ပါပြဿနာတို့မှာအနှစ်သာရအားဖြင့်အတူတူဖြစ်သည်ကိုတွေ့မြင်နိုင်ပါသည်။
ဦးခင်ကယုံမှတ်အပ်နှံခြင်းခံရသူ ( trustee )ဟူသောစကားလုံးကိုရိုးရိုးစင်းစင်းသုံးပြီးကျန်အင်္ဂလိပ်တရားသူကြီး ( Mr . Justice Rigg )ကမူအိန္ဒိယနိုင်ငံစကားဖြစ်သည့် ( benami ) ( အမည်ခံအမည်ငှား )နှင့်”The Trusts Act”ပါ”trustee”ဟူသောစကားရပ်အစားအင်္ဂလန်နိုင်ငံသုံးစကားဖြစ်သော”resulting trust”ဟူသောစကားကိုသုံးပါသည်။
" Benami "ဟူသောဝေါဟာရသည်မြန်မာနိုင်ငံစီရင်ထုံးအများအပြားတွင်လွှမ်းမိုးလျက်ရှိကြောင်းတွေ့မြင်နိုင်ပါသည်။
" Resulting trust "ဟူသောစကားရပ်ကိုမူနောက်ပိုင်း၌မောင်ထွန်းဖေနှင့်ဘီကေဟော်ဒါး၊ရန်ကုန်၊အတွဲ၁၄၊စာ၂၄၂ ( စုံညီ )အမှုတွင်သာသုံးထားသည်ကိုတွေ့မြင်နိုင်ပါသည်။
Comments
Post a Comment