1966 BLR 252 စီရင်ထုံးအကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

1966BLR252အမှုတွင်၊မြန်မာဗုဒ္ဓဘာသာဦးမောင်မောင်စောသည်ဇနီးဒေါ်ခင်သန်းနှင့်အတူတကွပိုင်သောပစ္စည်းများကို၊ပိုင်ဆိုင်ခွင့်စာချုပ်စာတမ်းများအပ်နှံကာနိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်၌ပေါင်နှံရာ၊ကြွေးမဆပ်သဖြင့်ဘဏ်က၎င်းတို့နှစ်ဦးအပေါ်အပေါင်မှုစွဲဆိုသည်။

မူလတရားရုံးကဒေါ်ခင်သန်းသည်ပေါင်သူမဟုတ်သဖြင့်၎င်းအပေါ်အပေါင်မှုတရားစွဲဆိုရန်အကြောင်းမပေါ်ပေါက်ဟုအကြောင်းပြကာ၊ဒေါ်ခင်သန်းအပေါ်အပေါင်ဒီကရီချမှတ်ခြင်းမပြု၊တရားရုံးချုပ်ကမူဒေါ်ခင်သန်းအပေါ်တွင်လည်းအပေါင်ဒီကရီချမှတ်သည်။

အပေါင်ခံသူဘဏ်နှင့်ဒေါ်ခင်သန်းတို့အချင်းချင်းတွင်ပဋိညာဉ်ဆိုင်ရာဆက်ဆံမှု ( privity of contract )မရှိသော်လည်း၊ဒေါ်ခင်သန်းသည်ပေါင်သောပစ္စည်း၌အကျိုးခံစားပိုင်ခွင့်ရှိသဖြင့်၊တရားမကျင့်ထုံးဥပဒေ၊အမိန့်၃၄၊နည်း၁​၏အဓိပ္ပာယ်အရအပေါင်ရွေးနုတ်ခွင့်ရှိသည်။

အပေါင်ခံသူဘဏ်နှင့်ဒေါ်ခင်သန်းတို့အချင်းချင်းတွင်ပစ္စည်းခန်းဆိုင်ရာဆက်ဆံမှု ( privity of estate )ရှိသည်ဖြစ်၍၊၎င်းအပေါ်အပေါင်မှုတရားစွဲဆိုရန်အကြောင်းပေါ်ပေါက်သည်ကိုမူလတရားရုံးကဆင်ခြင်မိပုံမပေါ်။ယင်းဆက်ဆံမှုရှိသည်ဖြစ်၍ဒေါ်ခင်သန်းအပေါ်ဒီကရီချမှတ်နိုင်သည်။ 

1940RLR180 ( U RAI GYAW THOO & CO., LTD.  vs.  MA  HLA  U  PRU. )စီရင်ထုံးကိုကြည့်ပါ။

ဥပဒေပြဿနာစာအုပ်စာမျက်နှာ၂၉၄တွင်၊၁၉၄၀ပြည့်နှစ်စီရင်ထုံးကို(စုံညီ)ဟုဖော်ပြခြင်းသည်မမှန်ပါ။

တရားဝန်ကြီးနှစ်ဦး (  Before Mr . Justice Dunkley , and Mr . Justice Wright . )ပါသောခုံရုံးကဆုံးဖြတ်သောအမှုဖြစ်သည်။

ဘဏ်တွင်ပေါင်ရာ၌ဒေါ်ခင်သန်းမပါသော်လည်း၊ 1966 BLR 252အမှု ( 7 LBR 135(136) ( MA  SEIN vs. M. M. K . A . MUTHUCURPAN  CHETTY. )စီရင်ထုံးရှိအကြောင်းပြချက်များကိုလည်းကြည့်ပါ။)၌ " ဒေါ်ခင်သန်းသည်လင်ပိုင်သောအပေါင်ခံပစ္စည်းတွင်အကျိုးခံစားခွင့်ရှိသည်။ပူးတွဲမိသားစုလုပ်ငန်းအကျိုးငှာအချင်းဖြစ်ကြွေးမြီကိုချေးယူခြင်းဖြစ်သည် " စသည်တို့မှာ၊အပေါင်ခံပစ္စည်းနှင့်စပ်လျဉ်း၍၊ဘဏ်တိုက်နှင့်ဒေါ်ခင်သန်းတို့အချင်းချင်းတွင်၊ privity of estate ရှိခြင်း​၏ပြယုဂ်များဖြစ်သည်။

မြန်မာဗုဒ္ဓဘာသာဝင်လင်မယားကလင်မယားပိုင်ပစ္စည်းပေါင်သဖြင့်အပေါင်မှုစွဲဆိုလျှင်၊ပစ္စည်းပေါင်ရာ၌မပါသောမယား၊လင်ကိုလည်း၊တရားမကျင့်ထုံးဥပဒေအမိန့်၃၄၊နည်း၁ပါပြဌာန်းချက်များနှင့်အညီ၊တရားပြိုင်အဖြစ်မပျက်မကွက်ထည့်ပါ။

နောက်အကျဆုံး7LBR135အမှုတွင်၊လင်မယားပိုင်ပစ္စည်းပေါင်ရာ၌၊မပါသောမယားသည်၊အပေါင်မှုတွင်မပါမဖြစ်ပါဝင်ရန်လိုအပ်သည့်အမှုသည်ဖြစ်သည်ဟု၊စီရင်ထုံးစာမျက်နှာ၁၃၆တွင်ပြဆိုထားသည်။ 10 LBR 36 ( F B ) နှင့် 1966 BLR ( C C ) 252 အမှုများတွင်လည်းအလားတူပြဆိုသည်။

၁၉၆၆ခုနှစ်စီရင်ထုံး၌ပူးတွဲမိသားစုလုပ်ငန်းအကျိုးငှာငွေချေးယူခြင်းဖြစ်သည်စသည်ဖြင့်အကြောင်းပြခြင်းသည်၊ 7 LBR 135 ( 136 )အမှုတွင်-

" There is reason to believe that the loan was contracted for family purpose , and that Maung Paw acted on behalf of his wife as well as himself in mortgaging the land . " 

ဟုအကြောင်းပြခြင်းနှင့်သဘောချင်းတူသည်။

လင်အပေါ်ချမှတ်သောအပေါင်ဒီကရီကိုအပေါင်မှု၌အမှုသည်အဖြစ်မပါသောမယားအပေါ်အတည်မပြုနိုင်ဟု 7 LBR 135 တွင်ထုံးပြုထားသည်။

ပစ္စည်းပေါင်ပြီးနောက်အပေါင်ခံပစ္စည်းကိုဝယ်သူသည်၊အမိန့်၃၄၊နည်း၁​၏အဓိပ္ပာယ်အရအပေါင်ရွေးနုတ်ခွင့်တွင်အကျိုးခံစားပိုင်ခွင့်ရှိသည်ဖြစ်၍ 7 LBR 135 ( 136 )စီရင်ထုံးအရ၊အပေါင်မှုတွင်မပါမဖြစ်ပါဝင်ရန်အမှုသည်ဖြစ်သည်ကိုသတိပြုပါ။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ