လေလံဆွဲဝယ်သူအနေဖြင့်မိမိအနေအထားကိုကောင်းစွာမစိစစ်ပဲလက်ရောက်ရလိုမှုစွဲဆိုခြင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

A . I . R . 1935 Ran . 11 ( အေ၊အယ်၊ပီ၊အေ၊အမ်၊ချစ်တီးယားဖမ်း နှင့် မောင်စံရီ )အမှုမှာလည်း၊လေလံဆွဲဝယ်သူအနေနဲ့မိမိအနေအထားကိုကောင်းစွာမစိစစ်ပဲလက်ရောက်ရလိုမှုမှားစွဲဆိုမိခြင်း၊ဖြစ်ပါတယ်။

A . L . P . A . M . Chettyar , Firm  vs. Maung San Yi and others အမှုတွင်၊ချစ်တီးကမောင်စံရီနှင့်အခြားသူများအပေါ်ရသောငွေဒီကရီကိုအတည်ပြုရာ၌၊မြေတကွက်ကိုဝရမ်းကပ်သည်။ထိုအခါမောင်စံရီ​၏ဇနီးမချစ်ကထိုမြေမှာမိမိအမွေရသောမြေဖြစ်သည်ဟုအကြောင်းပြကာဝရမ်းခွာပေးရန်လျှောက်ထားရာ၊မူလရုံးကတောင်ဘက်ပိုင်းအတွက်ဝရမ်းဆက်လက်တည်စေပြီး၊လေလံတင်ရောင်းချလိုက်သည်။

ချစ်တီးကထိုပစ္စည်းကိုဝယ်ယူပြီးနောက်လက်ရောက်ရလိုကြောင်း၊မောင်စံရီ၊ဇနီးမချစ်နှင့်အခြားသူတို့အပေါ်တရားစွဲဆိုသည်။မူလရုံးတွင်ချစ်တီးနိုင်သော်လည်း၊ပဝမအယူခံရုံးတွင်အရေးနိမ့်သဖြင့်၊တရားလွှတ်တော်သို့ဆက်လက်အယူခံဝင်သောအခါ၊တရားလွှတ်တော်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-

" ဝရမ်းကပ်သောပစ္စည်းသည်တရားရှုံးနှင့်သူ​၏ဇနီးပူးတွဲပိုင်ပစ္စည်းဖြစ်၍ပစ္စည်းတွင်တရားရှုံး​၏အကျိုးသက်ဆိုင်ခွင့်ကိုသာဝရမ်းကပ်ရောင်းချခဲ့ခြင်းဖြစ်သည်။ထိုအကျိုးသက်ဆိုင်ခွင့်​၏အတိုင်းအတာကိုမသတ်မှတ်ရသေး၊သို့ဖြစ်၍အချင်းဖြစ်ပစ္စည်း​၏မည်သည့်အစိတ်အပိုင်းကိုမျှ၊တရားရှုံး​၏အစုအဖြစ်ဖြင့်တရားနိုင်အားလက်ရောက်ပေးအပ်ရန်မဖြစ်နိုင်။တရားရှုံး​၏အကျိုးသက်ဆိုင်ခွင့်ကိုပထမခွဲဝေသတ်မှတ်ရမည်။ "

လေလံဆွဲဝယ်သူချစ်တီးသည်ပစ္စည်းလက်ရောက်ရလိုမှုစွဲဆိုခြင်းမှာမှားယွင်းသည်။

မည်သည့်အပိုင်းသည်မောင်စံရီပိုင်ဖြစ်ကြောင်းလက်ညှိုးထိုးမပြနိုင်ပါပဲလျက်၊လက်ရောက်ရလိုမှုမစွဲဆိုနိုင်။

မူလရုံးကမြေ​၏တောင်ဘက်ပိုင်းကိုဝရမ်းကပ်၍ရောင်းသည်မှန်သော်လည်း၊ဥပဒေအရထိုသို့ဆောင်ရွက်ခြင်းမှာမှားယွင်းသည်။ချစ်တီးသည်ပစ္စည်းကိုခွဲဝေ၍သူရရန်ရှိသည့်အစိတ်အပိုင်းကိုလက်ရောက်အပ်ပေးစေရန်စွဲဆိုရန်ဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ