အမှုပုံစံမလွဲမှားအောင်ဆောင်ရန်ရှောင်ရန်အချက်များ ( ၂ )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

အမှုပုံစံမလွှဲမှားအောင်ဆောင်ရန်ရှောင်ရန်အချက်များမှာ၊တရားလို၊တရားပြိုင်တို့ရဲ့ဆက်ဆံရေးအနေအထားနဲ့၊အရေးဆိုရမဲ့ပစ္စည်းအမျိုးအစား(ရှိရင်)ကိုစိစစ်ပြီး၊တရားလိုရလိုတဲ့သက်သာခွင့်ကိုအရေးဆိုဖို့၊ဘယ်ပုံဘယ်နည်းနဲ့တရားစွဲဆိုရမယ်ဆိုတာဆုံးဖြတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

တရားလိုစွဲဆိုတဲ့အမှုပုံစံမှားတတ်လို့၊တရားပြိုင်ဘက်ကဖော်နည်းကားထုချေတတ်ပါတယ်။အမှုပုံစံမှားတယ်ဆိုတာဟာတရားပြိုင်ကိုအိမ်ငှားလို့အဆိုပြုပြီး၊၁၉၆၀ပြည့်နှစ်မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၁၂(၁)(က)မှ(စ)ပါကိစ္စတရပ်ရပ်အရမဟုတ်ပဲအခြားကိစ္စရပ်အရနှင်တာမျိုး၊အမွေပစ္စည်းကိုခွဲဝေပေးစေလိုမှုစွဲဆိုတာမျိုး၊အမွေပစ္စည်းအပါအဝင်ပူးတွဲပိုင်တဲ့ပစ္စည်းကိုလက်ရောက်ရလိုကြောင်းစွဲဆိုတာမျိုးအစရှိသည်တို့ဖြစ်ပါတယ်။

အမှုပုံစံမှန်မမှန်အဓိကအားဖြင့်အဆိုအရဆုံးဖြတ်ရန်ဖြစ်ပါတယ်။သို့သော်တခါတရံတရားလိုကအချက်အလက်ပြည့်ပြည့်စုံစုံအဆိုမပြုဘဲတရားပြိုင်ကအချက်အလက်အသစ်များဖော်ထုတ်ပြီးအမှုပုံစံမမှန်ဟုထုချေတတ်ပါတယ်။ဒီကိစ္စမှာတရားပြိုင်ထုချေတဲဲ့အချက်အသစ်များနှင့်စပ်လျဉ်းပြီးတရားမကျင့်ထုံးအမိန့်၈၊နည်း၉အရတရားလိုကိုဖြေကြားစေရာမှာတရားလိုကချေလွှာပါအချက်တွေကိုဝန်ခံရင်အမှုပုံစံမှန်မမှန်ကိစ္စကိုပဏာမငြင်းချက်အဖြစ်သတ်မှတ်ဆုံးဖြတ်ဖို့ဖြစ်ပါတယ်။

ဥပမာ-တရားလိုကတရားပြိုင်အပေါ်အခွင့်အမိန့်အရနေထိုင်သူအဖြစ်နှင်လိုမှုစွဲဆိုရာမှာတရားပြိုင်ကအိမ်ငှားဖြစ်တဲ့အကြောင်းထုချေပြီးအမှုပုံစံမှားကြောင်းထုချေတယ်ဆိုပါစို့။တရားလိုကအမိန့်၈၊နည်း၉အရပြန်ကြားရာမှာတရားပြိုင်စာတချိန်ကအိမ်ငှားဖြစ်ခဲ့ပေမယ့်နှစ်ဦးနှစ်ဖက်သဘောတူညီချက်အရအခွင့်အမိန့်အရနေထိုင်သူအဖြစ်ဆက်လက်နေခြင်းဖြစ်တယ်လို့ဆိုရင်အမှုပုံစံမမှန်စရာအကြောင်းမရှိပါဘူး။

အခွင့်အမိန့်အရနေထိုင်သူဟုတ်မဟုတ်ငြင်းချက်ထုတ်ပြီးစစ်ဆေးတဲ့အခါ ခွင့်ပြုချက်အရနေထိုင်ကြောင်းမပေါ်လွင်ပဲအိမ်ရှင်အိမ်ငှားဆက်သွယ်မှုမပြတ်စဲသေးကြောင်းတွေ့ရလို့၊တရားလိုရဲ့အမှုကိုပလပ်ခြင်းဟာ အမှုပုံစံမမှန်လို့မဟုတ်ပါဘူး။တရားလိုအဆိုပြုတဲ့အတိုင်းအခွင့်အမိန့်အရနေထိုင်သူဖြစ်ကြောင်းမထင်ရှားတဲ့အတွက်အမှုရှုံးရခြင်းသာဖြစ်ပါတယ်။ဒီဥပဒေသဘောကိုပဲ1987BLR27အမှုစာမျက်နှာ၂၉မှာရှင်းပြထားပါတယ်။

အမှုပုံစံမှားတယ်ဆိုတာကတရားလိုကိုယ်တိုင်ကဝန်ခံတဲ့၊

တရားပြိုင်ရဲ့အနေအထားနဲ့ဆန့်ကျင်တဲ့သက်သာခွင့်ကို

တောင်းဆိုစွဲဆိုတဲ့အမှုမျိုးဖြစ်ပါတယ်။

ဥပမာ-အချင်းဖြစ်မြေကိုတရားပြိုင်ထံအခိုင်အမာပေါင်ထားကြောင်းအဆိုပြုပြီးလက်ရောက်ရလိုမှုစွဲဆိုတာမျိုးဖြစ်ပါတယ်။တရားပြိုင်ကတရားဝင်အပေါင်ခံသူလို့ဝန်ခံရင်အပေါင်မှုစွဲဆိုမှသာအမှုပုံစံမှန်ပါလိမ့်မယ်။

အချင်းဖြစ်ပစ္စည်းဟာတရားလိုတဦးတည်းအမွေရတဲ့ပစ္စည်းပါလို့အဆိုပြုပြီးသူတစိမ်းတဦးတည်းအပေါ်အမွေစီမံခန့်ခွဲပေးစေလိုမှုစွဲဆိုတာဟာအမှုပုံစံမှားတာပဲ။

1994BLR14ဒေါ်ကျင်အေးပါ၂နှင့်ဒေါ်ဖြူအမှုမှာ၊တရားပြိုင်ဟာအိမ်ငှားဖြစ်ပါလျက်နဲ့အခင်းဖြစ်အိမ်ကိုလက်ရောက်ရလိုမှုစွဲဆိုတာအမှုပုံစံမှားခြင်းသာဓကတရပ်ပါ။

တရားပြိုင်ရဲ့အနေအထားဆိုတာဘာလဲ?

1948BLR411စီရင်ထုံးမှာ၊လက်ရောက်ရလိုမှုရဲ့သဘောသဘာဝကိုညွှန်ပြထားပါတယ်။ #1990BLR28ဒေါ်တင်ကြည်ပါ၆နှင့်ဦးစိုးဝင်း စီရင်ထုံးကိုကြည့်ပါ။ #တရားပြိုင်ဟာအခွင့်အရေးတစုံတရာမရှိတဲ့အနေအထားမှာရှိပါမှ၊လက်ရောက်ရလိုမှုအနိုင်ရမှာပါ။ဒါကြောင့်မြို့ပြဒေသရှိအိမ်ငှားကို၁၉၆၀ပြည့်နှစ်မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၁၂(၁)(က)မှ(စ)ပါကိစ္စတရပ်ရပ်အရမဟုတ်ပဲလက်ရောက်ရလိုမှုစွဲရင်အမှုပုံစံမှားပါတယ်။

အိမ်ငှားအဖြစ်နေထိုင်လျက်ရှိတဲ့အိမ်ငှားအပေါ်၊ရိုးရိုးလက်ရောက်ရလိုမှုစွဲဆိုခွင့်မရှိဘူးဆိုတာ၊၁၉၆၀ပြည့်နှစ်မြို့ပြဆိုင်ရာငှားရမ်းခကြီးကြပ်ရေးအက်ဥပဒေပုဒ်မ၁၂(၁)မှာပါတဲ့ဥပဒေဖြစ်ပါတယ်။

ပဋိညာဉ်အတိုင်းဆောင်ရွက်ပေးဖို့စွဲဆိုတာဟာ၊၁၉၆၀ပြည့်နှစ်ဥပဒေပုဒ်မ၁၂(၁)နဲ့ငြိစွန်းသလား?

၁၉၆၀ပြည့်နှစ်ဥပဒေပုဒ်မ၁၂(၁)ဟာ #အိမ်ငှားကိုနှင်တဲ့ကိစ္စနဲ့သာဆိုင်ပါတယ်။ပဋိညာဉ်အတိုင်းကျန်ငွေယူစေဖို့ကိစ္စဟာပုဒ်မ၁၂(၁)အရတားမြစ်ချက်မှာအကျုံးမဝင်ပါဘူး။သို့သော်အိမ်ရှင်အနေနဲ့အဓိကရည်ရွယ်ချက်ကဘာလဲ?၊အိမ်ငှားဆီကဥပစာရချင်တာမဟုတ်လား၊ဒါဟာအိမ်ငှားကိုနှင်ချင်တဲ့ကိစ္စပါ။

သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၁၂အရစွဲဆိုရာမှာ၊သက်သာခွင့်ကိုအမှုသည်ကအခွင့်အရေးတရပ်အနေနဲ့တောင်းဆိုခွင့်မရှိဘူး။တရားရုံးကမိမိရဲ့သဘောအတိုင်းခွင့်ပြုရမဲ့သက်သာခွင့်မျိုးဖြစ်ပါတယ်။

အိမ်ရှင်အိမ်ငှားတို့ချုပ်ဆိုတဲ့ပဋိညာဉ်ဟာ၊၁၉၆၀ပြည့်နှစ်ဥပဒေကိုအဟောသိကံဖြစ်စေတယ်ဆိုတာထင်ရှားနေတဲ့အတွက်သက်သာခွင့်ကိုတရားရုံးကငြင်းပယ်မယ်ဆိုရင်မိမိရဲ့ဆင်ခြင်တုံတရားကိုနည်းမှန်လမ်းမှန်အသုံးချရာရောက်ပါလိမ့်မယ်။

လက်ရောက်ရလိုမှုအကြောင်း1948BLR411မှာရှင်းပြခဲ့ပေမဲ့လူသိနည်းပါတယ်။ 

စီရင်ထုံးပါဥပဒေသကိုပဲ1990BLR28မှာမြန်မာလိုရှင်းပြတော့မှ၊လူသိများလာပါတယ်။

အမွေဆိုင်ဟာအမွေဆိုင်ရဲ့အခွင့်အရေးအရအမွေပစ္စည်းကိုလက်ရှိထားတဲ့အတွက်၊အခွင့်အရေးတစုံတရာမရှိပဲလက်ရှိထားခြင်းမဟုတ်လို့လက်ရောက်ရလိုမှုမစွဲဆိုနိုင်ဘူးဆိုတာဆင်ခြင်လို့ရတဲ့အချက်ပါပဲ။ဒါကြောင့်တရားလိုတရားပြိုင်တို့ရဲ့ဆက်ဆံရေးအနေအထားကိုစိစစ်ဖို့လိုတယ်လို့ပြောခဲ့တာပါ။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ