အေအိုင်အာ၁၉၃၅ရန်ကုန်၁၁စီရင်ထုံးအကြောင်း
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အေအိုင်အာ၁၉၃၅ရန်ကုန်၁၁စီရင်ထုံးတွင်၊လေလံဆွဲဝယ်သောချစ်တီးကပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုလာလျှင်မချစ်ဘက်မှထုချေလာမည့်အချက်တချက်ကိုတပါတည်းဆွေးနွေးလိုပါသည်။
မောင်ကျင်မောင်နှင့်မဝိုင်းကြည်အမှု၊၁၉၆၃ မတစ ၉၁၂( တရားဝန်ကြီးဦးစံမောင်ကြားနာဆုံးဖြတ်သည်) တွင်အချင်းဖြစ်မြေမှာမူလကမဝိုင်းကြည်၏မိဘများဖြစ်သည့်ဦးချစ်နှင့်ဒေါ်ထူးပိုင်ဖြစ်ခဲ့၍၊ဒေါ်ထူးအပေါ်ချမှတ်သည့်ဒီကရီကိုအတည်ပြု၍ထိုမြေတွင်ဒေါ်ထူး၏ပိုင်ဆိုင်ခွင့်ကိုလေလံတင်ရောင်းချသောအခါမောင်ကျင်မောင်တို့ဝယ်ယူခဲ့ပြီးမြေ၏တောင်ဘက်ပိုင်းကိုလက်ရောက်ရခဲ့သည်။(မှတ်ချက်။ ။မောင်ကျင်မောင်တို့သည်ပထမမြေကိုစတိလက်ရောက်ရခဲ့ပြီးနောက်ဦးချစ်ပိုင်အိမ်မီးလောင်သွားသောအခါမြေအတွင်းသို့ကျူးကျော်ဝင်နေခြင်းဖြစ်သည်။)
ဦးချစ်ကွယ်လွန်ပြီးနောက်မဝိုင်းကြည်ကဂရန်ကိုသူ့အမည်သို့ပြောင်းယူ၍မောင်ကျင်မောင်တို့အပေါ်မြေလက်ရောက်ရလိုမှုစွဲဆိုရာမောင်ကျင်မောင်တို့ကမြေကိုလေလံဆွဲဝယ်ပြီးနေထိုင်သူဖြစ်ကြောင်းထုချေသည်။ယင်းထုချေချက်နှင့်စပ်လျဉ်း၍၊နိုင်ငံတော်တရားရုံးချုပ်ကအောက်ပါအတိုင်းဆုံးဖြတ်သည်-
" ( လေလံတင် )ရောင်းချခြင်းမှာတရားဝင်သော်လည်း၊တရားပြိုင်များသည်ထိုသို့ဝယ်ယူခြင်းဖြင့်၊ရောင်းသူ(မူလမြေဂရန်ရသူ၏ဇနီးဒေါ်ထူး)၏အခွင့်အရေး၊ပိုင်ရေးပိုင်ခွင့်နှင့်အကျိုးသက်ဆိုင်ခွင့်( right , title and interest )သာရရှိခဲ့သည်။လင်နှင့်မပြတ်စဲသေးသောမြန်မာဗုဒ္ဓဘာသာမယားတဦးအနေဖြင့်ဒေါ်ထူးသည်ထိုစဉ်က(ပစ္စည်းလေလံတင်ရောင်းချစဉ်က)မိမိခင်ပွန်းအပေါ်အချင်းဖြစ်မြေကိုခွဲဝေပေးစေရန်တောင်းဆိုခြင်းမပြုနိုင်၊သို့ဖြစ်ရာတရားပြိုင်များလည်းပစ္စည်းဝယ်သည့်အချိန်ကမူလဂရန်မရှိသူ(ဦးချစ်)အပေါ်အချင်းဖြစ်မြေကိုခွဲဝေပေးစေရန်တောင်းဆိုခြင်းမပြုနိုင် "
ဤသုံးသပ်ချက်နှင့်စပ်လျဉ်း၍ကျမ်းပြုဆရာဒေါက်တာဧမောင်က
မြန်မာဗုဒ္ဓဘာသာတရားဥပဒေ( Myanmar Buddhist Law )ကျမ်း(၁၉၇၀ပြည့်နှစ်)စာမျက်နှာ၆၃တွင်အောက်ပါအတိုင်းဝေဖန်သည်။
" An obiter dictum in Maung Kyin Maung Vs. Ma Waing Kyi ( 1963 C C 912 ) at page 917 of the report that the auction purchaser of the wife's interest at an execution sale cannot claim partition of the interest against the husband during the subsistence of marriage is clearly incorrect . It ignores a long line of decisions to the contrary and also over looks the fact that the inability to claim partition is personal to the husband or the wife . "
Comments
Post a Comment