အတူပိုင်ဆိုင်ခြင်းအားတရားဝင်ဖျက်သိမ်းနိုင်သောနည်းသုံးရပ်
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
Desai Narotomပြုစုသော A Dictionary of Law Terms and Phrasesကျမ်းစာမျက်နှာ၃၈၂တွင် tenancy in common (အတူပိုင်ဆိုင်ခြင်း)အကြောင်းရေးရာ၌အတူပိုင်ဆိုင်ခြင်းအားတရားဝင်ဖျက်သိမ်းနိုင်သောနည်းသုံးရပ်ကိုဖော်ပြထားသည်။
(၁)အတူပိုင်သူများအနက်တဦးကိုကျန်အတူပိုင်ဆိုင်သူများကမိမိတို့အသီးသီးပိုင်အစိတ်အပိုင်းတို့ကိုလွှဲပြောင်းလိုက်လျှင်သို့မဟုတ်စွန့်လွှတ်လိုက်လျှင်တဦးတည်းပိုင်အဖြစ်သို့ရောက်ရှိသွားသဖြင့်အတူပိုင်ဆိုင်ခြင်းချုပ်ငြိမ်းသွားမည်ဖြစ်သည်။
(၂)အတူပိုင်သောပစ္စည်းကိုအတူပိုင်သူများအချင်းချင်းခွဲဝေယူလိုက်လျှင်လည်းအတူပိုင်ဆိုင်ခြင်းပျောက်ပျက်သွားမည်ဖြစ်သည်။
တတိယနည်းမှာ compulsory partition ဖြစ်သည်။အတူပိုင်သောပစ္စည်းကိုတရားရုံး၏အမိန့်ဒီကရီအရအသီးသီးခွဲဝေပေးလိုက်လျှင်အတူပိုင်ဆိုင်ခြင်းဟူ၍မရှိနိုင်တော့။
သို့ဖြစ်ရာ၊2005 BLR 52(S.A.B.)အမှုတွင်အတူပိုင်ဆိုင်သူများဖြစ်ကြသောဒေါက်တာဦးတင်ဦးနှင့်ဒေါ်အေးအေးသန်းတို့အားတရားရုံးကအချင်းဖြစ်မြေကိုခွဲဝေပေးနိုင်ကြောင်းသာဓကရှိသည်။ကျမ်းအကိုးအကားရှိသည်။
လင်နှင့်မယားတို့သည်ပေါင်းသင်းဆဲ၌ဖြစ်ထွန်းသောပစ္စည်းများကိုအတူပိုင်ဆိုင်သူများအနေနှင့်ပိုင်ဆိုင်ကြသည်။
5 Ran 526(561)(F.B.)( Sir Arthur Page , Kt., Chief Justice , Mr . Justice Carr , Mr . Justice Das , Mr . Justice Maung Ba , Mr . Justice Mya Bu , Mr . Justice Sen and Mr . Justice Dunkley.တို့ဆုံးဖြတ်သည်။
မှတ်ချက်။ ။ Chief Justice Mr Page ကစီရင်ချက်စာမျက်နှာ၅၂၉မှ၅၄၇ထိရေးသားသည်။ Mr . Justice Carr ကစီရင်ချက်စာမျက်နှာ၅၄၇မှ၅၅၆ထိရေးသားသည်။ Mr . Justice Maung Ba ကစီရင်ချက်စာမျက်နှာ၅၅၆မှ၅၅၉ထိရေးသားသည်။ Mr . Justice Mya Bu ကစီရင်ချက်စာမျက်နှာ၅၅၉မှ၅၆၁ထိရေးသားသည်။)စီရင်ထုံးကိုကြည့်ပါ။
၎င်းတို့ကွာရှင်းကြသောအခါလင်မယားပိုင်ပစ္စည်းများကိုခွဲဝေယူကြသည်။
S.J.စီရင်ထုံးမှစ၍တရားရုံးကထိုပစ္စည်းမျိုးကိုခွဲဝေပေးသောညီညွတ်သည့်ထုံးသာဓကများရှိခဲ့သည်။
၁၉၁၁ခုနှစ်တွင်ဆုံးဖြတ်သောမောင်ဖေနှင့်လုံမကလေးအမှု6LBR18( Lord Atkinson , Lord Robson , Sir Arthur Wilson , and Mr . Ameer Ali.တို့ဆုံးဖြတ်သည်)၌ထိုစဉ်ကအဆင့်မြင့်ဆုံးတရားစီရင်ရေးအဖွဲ့ဖြစ်သည့်ပရီဗီကောင်စီကမြန်မာဓလေ့ထုံးတမ်းဥပဒေအရလင်မယားကွာရှင်းသည့်ဒီကရီရပြီးနောက်တရားစွဲဆိုသောအမှုတွင်လင်မယားပိုင်ပစ္စည်းများကိုခွဲဝေပေးသည့်မူလတရားရုံး၏ဒီကရီကိုအတည်ပြုခဲ့သည်။ဆန့်ကျင်ဘက်စီရင်ထုံးဟူ၍မရှိ။
အထက်ပါကျမ်းစာမျက်နှာ၃၈၂တွင်အတူပိုင်ဆိုင်ခြင်းတွင်”unity of possession”သာရှိသည်။
“unity of interest”မရှိဟုဆိုသည်။
အချင်းဖြစ်ပစ္စည်းတွင်အစိတ်အပိုင်းအသီးသီး၌ကိုယ်စီအကျိုးခံစားခွင့်ရှိသည်ဖြစ်၍၎င်းတို့အချင်းချင်းတွင်"unity of interest"(စုဖွဲ့အကျိုးခံစားခြင်း)မရှိဟုဆိုသည်။
ထိုသို့ဆိုလျှင်5 Ran 785နှင့်1967 BLR 525စီရင်ထုံးများအရပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရန်လိုအပ်သောအင်္ဂါတရပ်လိုနေပေလိမ့်မည်။
ဤအခြေအနေတွင်အတူပိုင်ဆိုင်သူများပိုင်ပစ္စည်းကိုခွဲဝေပေးစေလိုမှုစွဲဆိုနိုင်ခြင်းရှိမရှိကိစ္စ၌"unity of interest" နှင့် "unity if possession"အင်္ဂါရပ်များနှင့်ညီမညီစောကြောရန်ပြဿနာမပေါ်နိုင်။
နှစ်ဦးသို့မဟုတ်နှစ်ဦးထက်ပိုသောသူများသည်မိမိတို့ပိုင်သောပစ္စည်းကိုခွဲဝေယူကြသည့်အစဉ်အလာအတိုင်းတရားရုံးကခွဲဝေပေးလျှင်အများလက်ခံကြမည်သာဖြစ်သည်။
1963 BLR 961(965)အမှု(တရားသူကြီးဦးစောဘသိန်းဆုံးဖြတ်သည်)တွင်မြန်မာဗုဒ္ဓဘာသာအမွေရှင်၏အမွေကိုဆက်ခံသူငါးဦးအနက်လေးဦးထံမှဝယ်သူကကျန်တဦးအပေါ်ပစ္စည်းခွဲဝေပေးစေလိုမှုစွဲဆိုရာတရားစွဲဆိုပိုင်ခွင့်မရှိဟုအငြင်းပွားခြင်းမရှိသည်ကိုတွေ့ရသည်။
Comments
Post a Comment