၁၉၆၇ မတစ ၅၄၅

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

၁၉၆၇ခုနှစ်မြန်မာနိုင်ငံတရားစီရင်ထုံးစာမျက်နှာ၅၄၅ကိုအကြောင်းပြုပြီးတော့၊လင်မယားနှစ်ယောက်ပိုင်ပစ္စည်းကိုလင်လုပ်တဲ့သူကရောင်းချတဲ့ကိစ္စမှာ၊မယားလုပ်သူကအတိအလင်းသဘောတူညီချက်မရှိပေမယ့်၊နောက်ပိုင်းမှာမယားရဲ့အပြုအမူအရသဘောတူရာရောက်ခဲ့ရင်၊မယားရဲ့ဝေစုကိုပါလင်ရောင်းချတာဟာတရားဝင်တယ်၊အတည်ဖြစ်တယ်။ဝယ်တဲ့သူဟာရောင်းချတဲ့နေရာမှာမပါတဲဲ့မယားရဲ့ဝေစုကိုလည်းရရှိမှာဖြစ်တယ်ဆိုတဲ့အကြောင်းဆရာသင်ခဲ့ပြီးပြီ။

မယားလုပ်သူဟာအတိအလင်းသဘောတူသည်ဖြစ်စေ၊နောက်ပိုင်းမှာသဘောတူရာရောက်လျှင်ဖြစ်စေ၊လင်ရောင်းချလိုက်တာတရားဝင်ဖြစ်တယ်လို့၊ဒီနေ့အထိလက်ခံကျင့်သုံးနေတယ်၊ဒီဥပဒေသကိုတရားသေမှတ်ဖို့မဟုတ်ပါဘူး၊ခြွင်းချက်ရှိနေပါသေးတယ်။

10LBR36( F . B )စီရင်ထုံးဟာစုံညီခုံရုံးကဆုံးဖြတ်ထားတာဖြစ်တယ်။

ဆရာပြောခဲ့တဲ့၁၉၆၇မတစ၅၄၅ဒေါ်ကြည်အမှုလိုပဲ၊လင်ကလင်မယားနှစ်ယောက်ပိုင်ပစ္စည်းကို(အေ)ကိုပေါင်တယ်၊ဒီလိုပေါင်တာကိုမယားလုပ်သူသိတယ်၊သဘောလည်းတူတယ်၊ဥပဒေအရကြည့်ရင်လင်ဟာပစ္စည်းရဲ့တဝက်ကိုပေါင်ရာရောက်သလား၊တခုလုံးကိုပေါင်ရာရောက်သလားဆိုရင်၊အပေါင်စာချုပ်မှာမယားကလက်မှတ်မထိုးပေမဲ့တခုလုံးပေါင်ရာရောက်တယ်။ With full knowledge and consent of the wife လို့ရေးတယ်၊နောက်မရွေးနိုင်ဘူး၊အပေါင်ခံသူကလင်အပေါ်မှာအပေါင်မှုစွဲတယ်၊ဒီကရီချလိုက်တယ်။မယားလုပ်သူကနောက်ပိုင်းမှာဒီအပေါင်ဒီကရီဟာသူ့အပေါ်အတည်မဖြစ်ကြောင်းမြွက်ဟကြေညာပေးဖို့တရားစွဲတယ်။

၁၉၆၇မတစ၅၄၅ဒေါ်ကြည်စီရင်ထုံးနဲ့တွဲပြီးစဉ်းစားရမှာဖြစ်တယ်၊ဒေါ်ကြည်စီရင်ထုံးကရောင်းတာဖြစ်ပြီး၊10 LBR 36 ( F B )စီရင်ထုံးကပေါင်တာ၊ဒေါ်ကြည်အမှုမှာမယားကမသိဘူး၊သဘောမတူဘူး၊နောက်ပိုင်းမှသဘောတူရာရောက်တယ်၊မယားကရောင်းတာဟာသူ့ဝေစုအကျိုးသက်ရောက်မှုမရှိဘူးဆိုပြီးစွဲတယ်၊ဒါပေမဲ့တရားရုံးကရောင်းစဉ်တုန်းကမပါပေမဲ့၊နောက်ပိုင်းမှာရောင်းချခြင်းကိုသဘောတူရာရောက်လို့ဝယ်သူဟာပစ္စည်းတခုလုံးကိုဝယ်ရာရောက်တယ်။

10 LBR 36( F B )အမှုမှာသဘောကိုတူခဲ့တာ၊တကယ်ဆိုမယားဘက်ကပိုပြီးတော့ပြောစရာမရှိဘူး၊မယားလုပ်သူဟာသူ့ဝေစုနဲ့ပတ်သက်ပြီးအတည်မဖြစ်ပါဘူးလို့စွဲတာဟာအကျိုးရှိပါ့မလား။

ဗုဒ္ဓဘာသာအိမ်ထောင်စုမှာလင်လုပ်သူဟာမိမိရဲ့ပိုင်ဆိုင်ခွင့်ကိုရောင်းနိုင်တယ်၊ပေါင်နိုင်တယ်၊ဒါပေမဲ့မယားရဲ့ပိုင်ဆိုင်ခွင့်ကိုပါရောင်းချပေါင်နှံမယ်ဆိုရင်၊မယားလုပ်သူသဘောတူဖို့တော့လိုတယ်။

10 LBR 36( F B )အမှုမှာပေါင်တဲ့ကိစ္စကို၊မိန်းမလုပ်သူကသဘောတူထားလို့နောက်အမှုစွဲတယ်ဆိုတာနိုင်ချေမရှိပါဘူး၊သို့သော်ခြွင်းချက်ရှိတယ်၊ဒီအမှုမှာသုံးယောက်ပါဝင်တဲ့စုံညီခုံရုံးကမယားကိုအနိုင်ပေးခဲ့ပါတယ်၊အမိန့်၃၄၊နည်း၁ကြောင့်ပါပဲ၊အပေါင်မှုတွေဟာတရားရုံးမှာသိပ်များများစားစားမရှိသေးပါဘူး၊ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးပြီးတဲ့နောက်ပိုင်းမှာတော်တာ်များများရှိလာတော့မှာပါ။

အမိန့်၃၄နည်း၁သည်အပေါင်မှုအတွက်လုပ်ထုံးလုပ်နည်းဖြစ်တယ်။ဆရာတို့နိုင်ငံမှာကျင့်သုံးတဲ့အမိန့်၃၄သည်အိန္ဒိယနိုင်ငံမှာသုံးတဲဲ့ကျင့်ထုံးနဲ့မတူပါဘူး၊ဒါကြောင့်အိန္ဒိယနိုင်ငံကစီရင်ထုံးတွေကိုအရမ်းကြည့်လို့မရပါဘူး။

အမိန့်၃၄၊နည်း၁သည်အပေါင်မှုမှာပါဝင်ရမယ့်အမှုသည်များနဲ့ပတ်သက်ပါတယ်၊အချင်းဖြစ်ပစ္စည်းမှာအကျိုးသက်ဆိုင်ခွင့်ရှိသူ(သို့မဟုတ်)အချင်းဖြစ်ပစ္စည်းအားရွေးနုတ်ခွင့်ကိစ္စတွင်အကျိုးသက်ဆိုင်ခွင့်ရှိသူတွေကိုထည့်စွဲရပါမယ်။

10 LBR 36( F B )အမှုမှာမယားလုပ်သူဟာ၊တဝက်ဆိုင်တဲ့အတွက်အကျိုးသက်ဆိုင်ခွင့်ရှိသူဖြစ်တယ်၊သူ့ကိုအမှုသည်အဖြစ်ထည့်ရမယ်၊သို့သော်မထည့်ခဲ့ပဲလင်အပေါ်မှာပဲစွဲခဲ့တယ်၊ဥပဒေအရကတော့အပေါင်စာချုပ်ကိုမယားလက်မှတ်မထိုးပေမယ့်၊မယားပစ္စည်းအပါအဝင်ပစ္စည်းတခုလုံးကိုပေါင်ရာရောက်တယ်၊သို့သော်အမိန့်၃၄၊နည်း၁အရမယားကိုပါတရားပြိုင်အဖြစ်မလွဲမသွေစွဲရမဲ့ဟာကိုထည့်မစွဲခဲ့တဲ့အတွက်၊ဒီကရီဟာမယားအပေါ်အကျိုးသက်ရောက်မှုမရှိဘူး။ရောင်းတာနဲ့ကွဲလွဲသွားတယ်၊ဒီအကြောင်းအရာလေးကြောင့်အနိုင်ရသွားတာ။

ဆရာပြောခဲ့ပါတယ်၊ဒီကရီဟာအမှုသည်အပေါ်မှာအကျိုးသက်ရောက်တယ်၊သူက Parties and Privies လို့ဆိုထားတယ်၊ဒါကြောင့် Privies တွေ(စီရင်ထုံးစာမျက်နှာ၃၉ကိုကြည့်ပါ)အပေါ်မှာလဲအကျိုးသက်ရောက်တယ်။

ဒီကရီ​၏နှောင်ဖွဲ့ခြင်းကိုခံရသူဆိုတာ၊တရားစွဲပြီးနောက်အမှုသည်ဆီကဆိုင်ရာဆိုင်ခွင့်ရရှိသူတွေဖြစ်တယ်၊မယားဟာလင်အပေါ်မှာကျတဲ့ဒီကရီကိုလိုက်နာရန်တာဝန်ရှိသလားလို့ကြည့်ရင်မယားဟာတရားစွဲဆိုပြီးတဲ့နောက်၊အချင်းဖြစ်ပစ္စည်းရဲ့ပိုင်ရာပိုင်ခွင့်ကိုရခဲ့သည်ဖြစ်ခဲ့ရင်၊လင်အပေါ်ကျတဲ့ဒီကရီကိုလိုက်နာရမှာသေချာတယ်။

ဥပမာ-ပေါင်တဲ့သူကအိမ်ထောင်မကျသေးခင်မှာပေါင်တယ်၊အပေါင်ခံတဲ့သူကပေါင်သူအပေါ်မှာတရားစွဲတယ်ဆိုပါစို့၊အိမ်ထောင်ပြုတာကိုအကြောင်းပြုပြီးတော့မယားလုပ်သူဟာသုံးပုံတပုံရမယ်၊အမှုမှာအမှုသည်အဖြစ်မပါဘူး၊လင်အပေါ်ကျတဲ့ဒီကရီဟာမယားအပေါ်မှာအတည်ဖြစ်ပါမယ်၊ဆိုင်ရာဆိုင်ခွင့်ရတာဟာတရားစွဲပြီးမှရတာ။

10 LBR 36 ( F B )အမှုမှာတော့မယားလုပ်သူဟာတရားမစွဲခင်ကထဲကပိုင်တာ၊ဒါကြောင့်သူဟာ Privies မဖြစ်ဘူး။ဒီကရီကိုလိုက်နာဖို့တာဝန်ရှိတယ်မရှိဘူးဆိုတာBuddhistLawနဲ့မဆိုင်ဘူး။အခုကိစ္စမှာအမိန့်၃၄၊နည်း၁ရဲ့လိုအပ်ချက်အတိုင်း၊မယားကိုအမှုသည်အဖြစ်မထည့်ခဲ့တော့၊သူဟာ Privies ဆိုတဲ့စာရင်းထဲမှာလည်းမပါဘူး၊အမှုသည်လည်းမဖြစ်ဘူး၊ဒါကြောင့်ဒီကရီကိုလိုက်နာဖို့တာဝန်မရှိဘူး။

ဒါကြောင့်၁၉၆၇ခုနှစ်ဒေါ်ကြည်စီရင်ထုံးနဲ့ဖြစ်ရပ်ချင်းတူသယောင်ယောင်ရှိပေမယ့်အဖြေချင်းမတူဘူး။အမိန့်၃၄၊နည်း၁အရအမှုသည်အဖြစ်ပါရမဲ့သူတွေကိုမထည့်ခဲ့ရင်၊အဲဒီလူတွေအပေါ်မှာဒီကရီဟာအတည်မဖြစ်ပါဘူး။

ဒေါ်ကြည်အမှုမှာလည်းမယားဟာအမှုသည်အဖြစ်မှမပါဘဲလို့ပြောစရာရှိတယ်၊ဒီကရီဟာမယားအပေါ်မှာအတည်ဖြစ်နိုင်သလားစဉ်းစားရင်၊မဖြစ်နိုင်ပါဘူး။ 

မယားလုပ်တဲ့သူဟာဘာကြောင့်ရှုံးသလဲဆိုရင်လင်ရောင်းတာကိုမယားလုပ်သူဟာသဘောတူရာရောက်လို့ပဲ။မြန်မာဓလေ့ထုံးတမ်းဥပဒေကိုအကြောင်းပြုပြီးတော့ရှုံးသွားတာ။

ရောင်းချတဲ့အမှုမှာအပေါင်မှုစီရင်ထုံးကိုသွားသုံးလို့မရဘူး။

ပေါင်တဲ့အမှုမှာလည်းရောင်းချတဲ့အမှုကစီရင်ထုံးကိုသွားသုံးလို့မရပါဘူး။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ