မြန်မာဗုဒ္ဓဘာသာဝင်လင်မယားကလင်မယားပိုင်ပစ္စည်းကိုပေါင်ခြင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

မြန်မာဗုဒ္ဓဘာသာဝင်လင်မယားကလင်မယားပိုင်ပစ္စည်းပေါင်သဖြင့်အပေါင်မှုစွဲဆိုလျှင်၊ပစ္စည်းပေါင်ရာ၌မပါသောမယား၊လင်ကိုလည်း၊တရားမကျင့်ထုံးဥပဒေအမိန့်၃၄၊နည်း၁ပါပြဌာန်းချက်များနှင့်အညီ၊တရားပြိုင်အဖြစ်မပျက်မကွက်ထည့်ပါ။

နောက်အကျဆုံး7LBR135အမှုတွင်၊လင်မယားပိုင်ပစ္စည်းပေါင်ရာ၌၊မပါသောမယားသည်၊အပေါင်မှုတွင်မပါမဖြစ်ပါဝင်ရန်လိုအပ်သည့်အမှုသည်ဖြစ်သည်ဟု၊စီရင်ထုံးစာမျက်နှာ၁၃၆တွင်ပြဆိုထားသည်။ 10 LBR 36 ( F B ) နှင့် 1966 BLR ( C C ) 252 အမှုများတွင်လည်းအလားတူပြဆိုသည်။

၁၉၆၆ခုနှစ်စီရင်ထုံး၌ပူးတွဲမိသားစုလုပ်ငန်းအကျိုးငှာငွေချေးယူခြင်းဖြစ်သည်စသည်ဖြင့်အကြောင်းပြခြင်းသည်၊ 7 LBR 135 ( 136 )အမှုတွင်-

" There is reason to believe that the loan was contracted for family purpose , and that Maung Paw acted on behalf of his wife as well as himself in mortgaging the land . " 

ဟုအကြောင်းပြခြင်းနှင့်သဘောချင်းတူသည်။

လင်အပေါ်ချမှတ်သောအပေါင်ဒီကရီကိုအပေါင်မှု၌အမှုသည်အဖြစ်မပါသောမယားအပေါ်အတည်မပြုနိုင်ဟု 7 LBR 135 တွင်ထုံးပြုထားသည်။

ပစ္စည်းပေါင်ပြီးနောက်အပေါင်ခံပစ္စည်းကိုဝယ်သူသည်၊အမိန့်၃၄၊နည်း၁​၏အဓိပ္ပာယ်အရ အပေါင်ရွေးနုတ်ခွင့်တွင်အကျိုးခံစားပိုင်ခွင့်ရှိသည်ဖြစ်၍ 7 LBR 135 ( 136 )စီရင်ထုံးအရ၊အပေါင်မှုတွင်မပါမဖြစ်ပါဝင်ရန်အမှုသည်ဖြစ်သည်ကိုသတိပြုပါ။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ