အင်္ဂလိပ်တရားသူကြီးတို့အကြောင်း
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
တချိန်ကမြန်မာနိုင်ငံအမြင့်ဆုံးတရားရုံးတွင်တရားစီရင်ကြသောအင်္ဂလိပ်တရားသူကြီးတို့သည်၊အင်္ဂလိပ်လင်မယားစနစ်နှင့်ကွဲပြားသောမြန်မာဗုဒ္ဓဘာသာလင်မယား၏ပစ္စည်းခန်းကိုကောင်းစွာသဘောပေါက်ဟန်မတူ။
လင်နှင့်မယားတို့သည်မိမိတို့အိမ်ထောင်၌ထွန်းကားသောပစ္စည်းများကိုအပုံလိုက်(အပိုင်းလိုက်)ပိုင်ကြသည်ကို၊ 20December1897နေ့တွင်ဆုံးဖြတ်သော PJLB403(408)အမှု၌ဆင်ခြင်ယူနိုင်ခဲ့သည်။
သို့သော်လင်သို့မဟုတ်မယားသေဆုံးသောအခါကျန်ရစ်သူမယားသို့မဟုတ်လင်သည်၊ကွယ်လွန်သူ၏အစု(ဝေစု)ကိုမည်သို့မည်ပုံအမွေဆက်ခံသည်ကိုမူသဘောပေါက်ပုံမပေါ်ဘဲ၊ကွယ်လွန်သူ၏အစုကို ကျန်ရစ်သူမုဆိုးဖိုမုဆိုးမက၎င်း၏ တသက်တာအကျိုးခံစားပိုင်ခွင့်ရှိသည်ဟု၊အထူးတရားရုံးက၊ 7April1886နေ့(သီပေါမင်းပါတော်မူပြီးနောက်လပိုင်းအတွင်း)၌၊ SJLB378(386)အမှု၌ဆုံးဖြတ်သည်။
Comments
Post a Comment