၁၉၆၆ မတစ ၂၅၂

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

၁၉၆၆မတစ၂၅၂အမှုတွင်၊မြန်မာဗုဒ္ဓဘာသာဝင်ဒေါ်ခင်သန်းသည်ဦးမောင်မောင်စော​၏ဇနီးဖြစ်သည်။နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်တွင်အချင်းဖြစ်ပစ္စည်းများ​၏စာချုပ်စာတမ်းများကိုအပ်နှံပေါင်နှံ(စီရင်ထုံး၌ဖော်ပြထားသော equitable mortgage )သူများအနက်တဦးမှာဦးမောင်မောင်စောဖြစ်သည်။

အဆိုပါဘဏ်ကအပေါင်အရရရန်ရှိသောကြွေးမြီအတွက်အပေါင်မှုစွဲဆိုရာတွင်၊ပေါင်နှံသူမဟုတ်သောဒေါ်ခင်သန်းကိုလည်းအမှတ်(၃)တရားပြိုင်အဖြစ်ထည့်သွင်းစွဲဆိုရာ၌၊မူလတရားရုံးဖြစ်သည့်ခရိုင်တရားရုံးကတရားမပုံစံအမှတ်၁၅၄ကိုသုံး၍ပေါင်နှံသောပစ္စည်းကိုရောင်းချရန်ပဏာမအပေါင်ဒီကရီချမှတ်ရာတွင်(မှတ်ချက်။  ။စီရင်ထုံးစာမျက်နှာ၂၅၃တွင်" The lower Court after hearing  the parties decreed the appellant's suit."ဟုဖော်ပြထားရာ၊ရှင်းလင်းစေရန်စီရင်ထုံးချမှတ်သောအယူခံရှိမူလတရားရုံး​၏စီရင်ချက်နှင့်ဒီကရီတို့ကိုလေ့လာသောအခါ၊ပဏာမအပေါင်ဒီကရီဖြစ်နေသည်ကိုတွေ့ရသည်။

အမှန်စင်စစ်စီရင်ထုံးစာမျက်နှာ၂၅၂ပါ( equitable mortgage )ဟူသောစကားရပ်နှင့်ဆက်စပ်ဆင်ခြင်ပါကလည်းမူလတရားရုံးကချမှတ်သောဒီကရီသည်အပေါင်ပစ္စည်းရောင်းချရန်ပဏာမဒီကရီချမှတ်ခြင်းဖြစ်ကြောင်းမြင်သာသည်)

"As regards the issue No.4 and 6 I must say that the 3rd defendant has never granted a general power of attorney to U Po Dan and Daw Kyi Hlaing . She does not own any of the properties the title deeds of which were deposited with the Bank . She should not be a party to the suit , for unmistakably the plaintiff Bank has no cause of action against her . I would , therefore , answer the issue No.4 in the sense that the plaintiff Bank had not cause of action against the defendant No. 3 . It seems that her name appears on the record as she is the wife of the 2nd defendant and the plaintiff Bank took the stand that loans were taken for the joint family business of U Po Dan and his son , U Mg Mg Saw."

ဟုအကြောင်းပြပြီး၊၎င်းအပေါ်ဒီကရီချမှတ်ခြင်းမပြုသဖြင့်နိုင်ငံတော်ကူးသန်းရောင်းဝယ်ရေးဘဏ်ကတရားရုံးချုပ်တွင်အယူခံဝင်သောအခါတရားရုံးချုပ်က-

"The Lower Court has found as a fact that the loan in suit was taken for the benefit of the joint family business."

ဟုပြဆိုပြီးနောက်၊ထိုမိသားစုလုပ်ငန်းတွင်ဦးမောင်မောင်စောဦးဆောင်လုပ်ကိုင်သည်ဟုယူဆရကြောင်း၊အမှု​၏ပတ်ဝန်းကျင်အခြေအနေအရဇနီးဒေါ်ခင်သန်းသည်မိမိခင်ပွန်း​၏လုပ်ရပ်များကိုသဘောတူသည်ဟုမှတ်ယူရမည်ဖြစ်ကြောင်းဆက်လက်သုံးသပ်သည်။ထိုဆုံးဖြတ်ချက်အထိအငြင်းပွားရန်ပြဿနာမပေါ်ပေါက်။

သို့သော်တရားရုံးချုပ်ကစီရင်ထုံးစာမျက်နှာ၂၅၄တွင်-

"In this view of the matter , the present case is covered by the decision in N . A . V . R . Chettiar Firm  Vs. Maung Than Daing ( 9 Ran 524 ( S . B . ) where it was held that a debt contracted by the husband could be made liable under certain circumstances by the wife."

ဟုဆက်လက်အကြောင်းပြသည်။

စီရင်ထုံးခေါင်းစီးတွင်ထိုအကြောင်းပြချက်ကိုအကျဉ်းချုံး၍၊အယူခံတရားပြိုင်ဒေါ်ခင်သန်းသည်မိမိခင်ပွန်းရှိသည့်ကြွေးမြီအတွက်တာဝန်ရှိသည်(The respondent Daw Khin Than is liable for the debt contracted by her husband)ဟုဖော်ပြသည်။

၁၉၆၆ မတစ ၂၅၂အမှုတွင်၊တရားရုံးချုပ်ကမူလတရားရုံး​၏အဆုံးအဖြတ်ကိုပယ်ဖျက်ပြီးနောက်ဒေါ်ခင်သန်းအပေါ်တွင်လည်းအယူခံတရားလိုအကျိုးငှာဒီကရီလည်းချမှတ်သည်ဟုဆုံးဖြတ်သည်။စီရင်ထုံးတွင်" a decree "ဟုသာဖော်ပြသည်။

အပေါင်ပစ္စည်းရောင်းချရန်ပဏာမဒီကရီဟုအတိအလင်းဖော်ပြချမှတ်ခြင်းမပြုသော်လည်း၊တရားရုံးချုပ်စီရင်ချက်စာမျက်နှာ၂၅၂၌စာချုပ်စာတမ်းအပ်နှံသည့်အပေါင်အရပေးဆပ်ရန်ရှိသည့်ငွေများရလိုကြောင်းတရားလိုဘဏ်ကတရားစွဲဆိုသည်ဟူသောစကားရပ်အရလည်းကောင်း၊မူလတရားရုံး​၏ပဏာမဒီကရီချမှတ်ထားခြင်းအရလည်းကောင်း၊ဒေါ်ခင်သန်းအပေါ်အပေါင်ပဏာမဒီကရီချမှတ်ခြင်းဖြစ်ကြောင်းယုံမှားဖွယ်မရှိ။

၁၉၄၀ရန်ကုန်၁၈၀(ခုံရုံး)စီရင်ထုံးအရ၊ခင်ပွန်းဖြစ်သူဦးမောင်မောင်စောချေးယူခဲ့သောအပေါင်ကြွေးမြီအတွက်ပေါင်သောပစ္စည်းများတွင်ပေါင်သူဦးမောင်မောင်စော​၏အကျိုးခံစားခွင့်အပေါ်တွင်သာမကမယားဒေါ်ခင်သန်း​၏ဝေစုအပေါ်တွင်လည်းအပေါင်ဒီကရီချမှတ်ခြင်းဖြစ်သည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ