လင်နှင့်မယားတို့သည်ပေါင်းသင်းဆဲ၌ဖြစ်ထွန်းသောပစ္စည်းများကိုအတူပိုင်ဆိုင်သူများအနေဖြင့်ပိုင်ဆိုင်ကြသည်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

လင်နှင့်မယားတို့သည်ပေါင်းသင်းဆဲ၌ဖြစ်ထွန်းသောပစ္စည်းများကိုအတူပိုင်ဆိုင်သူများအနေဖြင့်ပိုင်ဆိုင်ကြသည်။9 Ran 524 ( F. B. )စီရင်ထုံးကိုကြည့်ပါ။၎င်းတို့ကွာရှင်းကြသောအခါလင်မယားပိုင်ပစ္စည်းများကိုခွဲဝေယူကြသည်။S.J.စီရင်ထုံးမှစ၍တရားရုံးကထိုပစ္စည်းမျိုးကိုခွဲဝေပေးသောညီညွတ်သည့်ထုံးသာဓကများရှိခဲ့သည်။

၁၉၁၁ခုနှစ်တွင်ဆုံးဖြတ်သောမောင်ဖေနှင့်လုံမကလေးအမှု၊6 LBR 18၌ထိုစဉ်ကအဆင့်မြင့်ဆုံးတရားစီရင်ရေးအဖွဲ့ဖြစ်သည့်ပရီဗီကောင်စီကမြန်မာဓလေ့ထုံးတမ်းဥပဒေအရလင်မယားကွာရှင်းသည့်ဒီကရီရပြီးနောက်တရားစွဲဆိုသောအမှုတွင်လင်မယားပိုင်ပစ္စည်းများကိုခွဲဝေပေးသည့်မူလတရားရုံး​၏ဒီကရီကိုအတည်ပြုခဲ့သည်။ဆန့်ကျင်ဘက်စီရင်ထုံးဟူ၍မရှိ။

ဝေစုအလျောက်ဘုံပိုင်သူများ( Tenants-in-common )ပိုင်ပစ္စည်း၌တဦး​၏ဝေစုကို " ကွက် " ၍လွှဲပြောင်းနိုင်သည်။9 Ran 524 ( F.B. )စီရင်ထုံးကိုကြည့်ပါ။

မြန်မာဗုဒ္ဓဘာသာဝင်လင်မယားဟာအိမ်ထောင်မှာဖြစ်ထွန်းတဲ့ပစ္စည်း(ခန်းဝင်အပါအဝင်)မှာအတူပိုင်ဆိုင်သူများဖြစ်တဲ့အတွက် မိမိအကျိုးခံစားခွင့်ကိုစီမံခန့်ခွဲခွင့်ရှိပါတယ်လို့ 9 Ran 524 ( F.B. )(အင်၊အေ၊ဗီ၊အာရ်၊ချစ်တီးယားဖမ်း နှင့် မောင်သံဒိုင်)အမှုမှာအပြီးသတ်ဆုံးဖြတ်ခဲ့ပါတယ်။

မယားဟာမိမိရဲ့အကျိုးခံစားခွင့်ကိုသူတပါး(လင်ငယ်မပါ)အားအပိုင်ပေးခွင့်ရှိတယ်လို့ 10 Ran 261 ( P.C. ) ( ဦးဖေ နှင့် ဦးမောင်မောင်ခ ) စီရင်ထုံးစာမျက်နှာ၂၆၃မှာညွှန်ပြခဲ့ပါတယ်။ဒီဥပဒေသကိုလက်ခံကျင့်သုံးခဲ့တာအနှစ်၆၀ကျော်ခဲ့ပါပြီ။အတည်တကျဖြစ်နေပါပြီ။

တဘက်မှာလင်ကမယားအကျိုးငှာမိမိအကျိုးခံစားခွင့်ကိုစွန့်လွှတ်လိုက်တဲ့အခါ မယားကပစ္စည်းရဲ့အပြည့်အဝပိုင်ရှင်ဖြစ်သွားတယ်လို့စာတွေ့သဘောဆိုနိုင်ပေမယ့်လင်ခန်းမယားခန်းဆိုင်ရာမြန်မာဓလေ့ထုံးတမ်းဥပဒေအရမယားပိုင်ပစ္စည်းထက်ဝက်ဟာလင်ပိုင်ပြန်ဖြစ်သွားမှာပါပဲ။

9Ran524(F. B .)(အင်၊အေ၊ဗီ၊အာရ်၊ချစ်တီးယားဖမ်း နှင့် မောင်သံဒိုင်)အမှုအား၊တရားသူကြီးချုပ် Sir Arthur Page အပါအဝင် တရားသူကြီးများဖြစ်ကြသော Carr , Das , Maung Ba (မြန်မာတရားသူကြီး), Mya Bu (မြန်မာတရားသူကြီး) , Sen , နှင့် Dunkley တို့ကကြားနာသုံးသပ်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

တရားသူကြီးချုပ် Page ကစီရင်ထုံးစာမျက်နှာ၅၂၉မှ၅၄၇အထိလည်းကောင်း

တရားသူကြီး Carr ကစီရင်ထုံးစာမျက်နှာ၅၄၇မှ၅၅၆အထိလည်းကောင်း

တရားသူကြီး Das ကစီရင်ထုံးစာမျက်နှာ၅၅၆တွင်တရားသူကြီးချုပ်​၏ဆုံးဖြတ်ချက်ကိုသဘောတူသည်ဟုလည်းကောင်း

မြန်မာတရားသူကြီးဦးဘက စီရင်ထုံးစာမျက်နှာ၅၅၆မှ၅၅၉အထိလည်းကောင်း

မြန်မာတရားသူကြီးဦးမြဘူးက စီရင်ထုံးစာမျက်နှာ၅၅၉မှ၅၆၁အထိလည်းကောင်း

တရားသူကြီး Sen နှင့် Dunkley တို့က စီရင်ထုံးစာမျက်နှာ၅၆၁တွင်တရားသူကြီးချုပ်​၏ဆုံးဖြတ်ချက်ကိုသဘောတူသည်ဟုလည်းကောင်းရေးသားဖော်ပြဆုံးဖြတ်ခဲ့ကြသည်။ 
" မင်းတိုင်းကြေ " စီရင်ဆုံးဖြတ်ခဲ့ကြသည်မဟုတ်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ