အပေါင်ပစ္စည်းကိုရောင်းချပေးရန်အပေါင်ခံသူက၊တရားမကျင့်ထုံးဥပဒေအမိန့်၃၄၊နည်း၃အရစွဲဆိုသောအပေါင်မှု
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
အပေါင်ပစ္စည်းကိုရောင်းချပေးရန်အပေါင်ခံသူက၊တရားမကျင့်ထုံးဥပဒေအမိန့်၃၄၊နည်း၃အရစွဲဆိုသောအပေါင်မှုသည်၊အပေါင်ခံပစ္စည်းအပေါ်အဓိကဦးတည်တရားစွဲဆိုသောအမှုဖြစ်သည်။ထိုအမှုတွင်ချမှတ်ထားသောပဏာမဒီကရီမှာ(တရားမပုံစံအမှတ်၁၅၄)ဖြစ်သည်။ထိုပဏာမဒီကရီအရပုဂ္ဂလိကဒီကရီချမှတ်ခံရသူတို့သည်ပေါင်နှံသူမဟုတ်ဘဲ၊အခြားတရားပြိုင်များဖြစ်ကြောင်း၊တရားမကျင့်ထုံးဥပဒေ၊အမိန့်၃၄၊နည်း၃(၁)တတိယအပိုဒ်ပါပြဌာန်းချက်များအရမြင်သာသည်။
၁၉၆၆မတစ၂၅၂အမှုတွင်တရားပြိုင်ဒေါ်ခင်သန်းသည်တရားလိုဘဏ်တွင်ပစ္စည်းပေါင်သူမဟုတ်။တရားရုံးချုပ်ကဒေါ်ခင်သန်းအပေါ်ချမှတ်သောဒီကရီသည်နည်း၃(၁)၏တတိယအပိုဒ်ပါပြဌာန်းချက်များအရချမှတ်သောပုဂ္ဂလိကဒီကရီ( personal decree )မဟုတ်သည်မှာယုံမှားဖွယ်မရှိ။ထိုမှတပါးအပေါင်ပစ္စည်းကိုရောင်းချရန်ပဏာမဒီကရီပါ"ထို့ပြင်တရားလို၏စရိတ်များအတွက် အထိတရားပြိုင်အမှတ် (တို့)၌ကိုယ်တိုင်တာဝန်ရှိစေရမည်ဟုထပ်မံအမိန့်ဒီကရီချမှတ်သည်"ဟူသောစကားရပ်ကိုထောက်ချင့်ပါက၊နည်း၃(၁)တတိယအပိုဒ်အရချမှတ်သော ပုဂ္ဂလိကဒီကရီသည်အပေါင်ကြွေးမြီအတွက်မဟုတ်၊တရားလို၏စရိတ်များအတွက်သာဖြစ်သည်။
ဤအခြေအနေတွင်ဒေါ်ခင်သန်း၌ခင်ပွန်းဖြစ်သူယူသောကြွေးမြီအတွက်တာဝန်ရှိသည်ဟုတရားရုံးချုပ်ကဆုံးဖြတ်ခြင်းသည်ထိုကြွေးမြီကိုဒေါ်ခင်သန်းကိုယ်တိုင်ပေးဆပ်ရန်တာဝန်ရှိသည် ဟုမဆိုလိုကြောင်း၊ပဏာမဒီကရီ၏သဘောသဘာဝအရလည်းကောင်း၊အမိန့်၃၄၊နည်း၃(၁)၏တတိယအပိုဒ်ပါပြဌာန်းချက်များအရမြင်သာသည်။
ပြဿနာမှာအဆုံးမသတ်သေး။၁၉၆၆ မတစ ၂၅၂အမှုတွင်၊စီရင်ထုံးစာမျက်နှာ၂၅၄အမှု၌အမှုတွင်ပေါ်ပေါက်သောသက်သေခံချက်များအရဒေါ်ခင်သန်းသည်ခင်ပွန်းသည်၏ပြုလုပ်မှုများကိုသဘောတူသည်ဟုမှတ်ယူရမည်ကိုအကြောင်းပြု၍ခင်ပွန်းဖြစ်သူယူသောကြွေးမြီအတွက်အချို့အခြေအနေတွင်မယား၌တာဝန်ရှိနိုင်သည်ဟုထုံးဖွဲ့ထားသောရန်ကုန်အတွဲ၉စာ၅၂၄(စုံညီ)အမှု၏အဆုံးအဖြတ်တွင်အကျုံးဝင်သည်ဟုဆုံးဖြတ်သည်(စီရင်ထုံးခေါင်းစီး၌မူဒေါ်ခင်သန်း၌ခင်ပွန်းယူသောကြွေးမြီအတွက်တာဝန်ရှိသည်ဟုပြဆိုသည်။)
ရန်ကုန်အတွဲ၉စာ၅၂၄(စုံညီ)အမှု၌၊မြန်မာဗုဒ္ဓဘာသာဝင်လင်မယားနှစ်ဦးတို့အနက်တဦးမှာကျန်တဦး၏ကိုယ်စားလှယ်ဖြစ်သည်ဟုလည်းကောင်း၊မယားသည်ခင်ပွန်း၏လုပ်ရပ်များကိုသဘောတူသည်ဟုမှတ်ယူရမည်ဖြစ်ကြောင်းသော်လည်းကောင်းမှတ်ယူ၍ရသည်မဟုတ်၊အမှုတမှုစီတွင်ပေါ်သောပတ်ဝန်းကျင်အခြေအနေအရအဆုံးအဖြတ်ပြုရမည့်အကြောင်းခြင်းရာပြဿနာဖြစ်ကြောင်းစီရင်ထုံးခေါင်းစီး၌ပြဆိုသည်။(ဆိုလိုသည်မှာလင်နှင့်မယားတို့အနက်တဦးသည်ကျန်တဦး၏ကိုယ်စားလှယ်ဖြစ်သည်။မယားကလင်၏လုပ်ရပ်များကိုသဘောတူသည်ဟုမှတ်ယူရန်ဟုတ်မဟုတ်၊အမှုတမှုစီတွင်ပေါ်ပေါက်သောပတ်ဝန်းကျင်အခြေအနေအရဆုံးဖြတ်ရမည့်အကြောင်းခြင်းရာပြဿနာများဖြစ်သည်)မယားဖြစ်သူ၌ခင်ပွန်းဖြစ်သူယူသောကြွေးမြီအတွက်ကိုယ်တိုင်ပေးဆပ်ရန်တာဝန်ရှိသည်ဟုမဆို။
ထို့ပြင် ရန်ကုန် အတွဲ၉ စာ၅၂၄(စုံညီ)အမှု၌အဓိကဆုံးဖြတ်ရန်ပြဿနာမှာ၊လင်သို့မဟုတ်မယားအပေါ်ချမှတ်သောငွေဒီကရီကိုအတည်ပြုရာ၌လင်မယားပိုင်ပစ္စည်းတွင်၊လင်နှင့်မယားပိုင်အကျိုးခံစားခွင့်အပေါ်မည်သည့်အတိုင်းအတာအထိအတည်ပြုနိုင်သည်ဆိုသောကိစ္စဖြစ်သည်။လင်သို့မဟုတ်မယား၌ထိုငွေဒီကရီကိုပြေကြေအောင်ပေးရန်ကိုယ်တိုင်တာဝန်ရှိခြင်းပြဿနာမဟုတ်ချေ။
Comments
Post a Comment