မောင်ကို နှင့် မမဲ၊ SJ 19 စီရင်ထုံးအကြောင်း
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
၁၈၇၄ခုနှစ်ကစီရင်ထုံးဖြစ်တဲ့မောင်ကိုနှင့်မမဲSJ19၊လင်မယားဖြစ်နေသမျှကာလပတ်လုံး၊လင်ဖြစ်စေမယားဖြစ်စေတဦးအပေါ်မှာတဦးကပစ္စည်းခွဲဝေပေးစေလိုမှုစွဲလို့မရဘူးဆိုတာမှန်ပါတယ်။
( This rule will apply only to husband and wife ) မယားနဲ့လင်နှစ်ယောက်နဲ့ပဲဆိုင်မှာပါ။
မယားရဲ့အစုသို့မဟုတ်လင်ရဲ့အစုကိုတခြားသူကဝယ်လိုက်လို့လွှဲပြောင်းပြီးရင်၊အဲဒီလူဟာလင်သို့မဟုတ်မယားအပေါ်မှာပစ္စည်းခွဲဖို့စွဲနိုင်တယ်။လင်မယားမဟုတ်သူအပေါ်မှာဒီကိစ္စနဲ့မဆိုင်ပါဘူး။
မြန်မာ့အိမ်ထောင်မှာဖြစ်ထွန်းလာတဲ့ပစ္စည်းတွေမှာလင်တို့မယားတို့ဆိုင်ကြတယ်လို့ပြောနေတာ၊လင်ရော၊မယားရောမဆိုင်တဲ့ပစ္စည်းလဲရှိတယ်။အထက်ပါပစ္စည်းမှာမဆိုင်ဘူး။
မယားရဲ့အထက်ပါပစ္စည်းမှာလင်ဘာမှရပိုင်ခွင့်မရှိဘူး။လင်ရဲ့အထက်ပါပစ္စည်းမှာလည်းမယားရပိုင်ခွင့်မရှိပါဘူး။ဒီကိစ္စနဲ့ပတ်သက်တဲ့စီရင်ထုံးဟာတော်တော်ရှားရှားပါးပါးပဲဖြစ်ပါတယ်။
မဟာမေဒင်လင်မယားရဲ့ပစ္စည်းခန်းဆိုင်ရာဥပဒေဟာ၊မြန်မာဓလေ့ထုံးတမ်းဥပဒေနဲ့မတူပါဘူး။
စပ်တူဝယ်တဲ့၊ပစ္စည်းပေးလို့အပိုင်ရတဲ့ပစ္စည်းမျိုးကလွဲရင်လင်မယားအတူပိုင်တဲ့ပစ္စည်းဆိုတာမရှိပါဘူး။ဒါကြောင့်မယားရဲ့သီးခြားပစ္စည်းမှာလင်အနေနဲ့အကျိုးခံစားခွင့်မရှိသလို၊လင်ကလည်းမယားပစ္စည်းမှာအကျိုးခံစားခွင့်မရှိပါဘူး။
ဒါကြောင့်လင်မယားကွာရှင်းတဲ့အခါပစ္စည်းခွဲစရာပြဿနာမပေါ်နိုင်ပါဘူး။မြန်မာဗုဒ္ဓဘာသာလင်မယားရဲ့အနေအထားနဲ့လုံးဝကွဲပြားပါတယ်။
မြန်မာဗုဒ္ဓဘာသာလင်မယားအနေနဲ့ကတော့ပေါင်းသင်းဆဲမှာအတူပိုင်ပစ္စည်းတွေရှိတဲ့အတွက်၊လင်မယားကွာရှင်းတဲ့အခါပစ္စည်းခွဲရမဲ့ပြဿနာပေါ်လာပါတယ်။
မကွာရှင်းပဲပစ္စည်းခွဲယူခွင့်မရှိဘူးလို့ SJ19မောင်ကိုနှင့်မမဲ၊အမှုမှာတရားသူကြီးနှစ်ဦးပါတဲ့ခုံအဖွဲ့က၁၈၇၄ခုနှစ်မှာဆုံးဖြတ်ခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ကိုဒီနေ့အထိလက်ခံကျင့်သုံးလျက်ပါပဲ။
ထိုစဉ်ကခဲရာခဲဆစ်ဥပဒေပြဿနာကိုတရားသူကြီးနှစ်ဦးပါတဲ့အထူးခုံရုံးကဆုံးဖြတ်လေ့ရှိပါတယ်။
အမှန်မှာတော့၊လင်မယားပိုင်ပစ္စည်းတွေကိုခွဲပြီးကိုယ့်အထုပ်ကိုယ်သိမ်းထားပေမဲ့တဦးရဲ့ပစ္စည်းမှာကျန်တဦးကမြန်မာဓလေ့ထုံးတမ်းဥပဒေအရအကျိုးခံစားခွင့်ရှိလေတော့ပစ္စည်းခွဲတာဟာ၊စွန့်လွှတ်ခြင်းလိုပဲအဓိပ္ပာယ်ရှိနိုင်မယ်မဟုတ်ပါဘူး။
Comments
Post a Comment