4 LBR 266 ( PC )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

တီပီပီသာပါမားချစ်တီးနှင့်အာရ်မူနီယန်ဒီဆာဗိုင်းပါ၃

4 LBR 266 ( P C ) 

အမှုတွင်၊အေသည်မိမိမြေကိုကြွေးမြီဖြင့်သိမ်းယူမည်ကိုစိုးရိမ်သောကြောင့်၊ဘီအားရောင်းချလေဟန်စာချုပ်ချုပ်ဆိုလွှဲပြောင်းပေးခဲ့သည်။နောက်ပိုင်းတွင်အေကယင်းစာချုပ်မှာဘီအားအမည်ခံသဘောရောင်းချခြင်းဖြစ်၍ပယ်ဖျက်ပေးရန်နှင့်မြေကိုလက်ရောက်ရလိုကြောင်းတရားစွဲဆိုရာ၊အယူခံတွင်အမည်ခံသဘောရောင်းချကြောင်းချုပ်ဆိုသည့်စာချုပ်သည်အကျိုးသက်ရောက်မှုမရှိသဖြင့်အေသည်အချင်းဖြစ်မြေကိုလက်ရောက်ရရှိရန်တရားစွဲဆိုရာ၌၊ယင်းစာချုပ်ကိုပယ်ဖျက်ရန်မလိုကြောင်းဆုံးဖြတ်သည်။

ဘီနာမီအရောင်းအဝယ်စာချုပ်သည်အကျိုးသက်ရောက်မှုမရှိ၍၊ပယ်ဖျက်ရန်တရားစွဲဆိုရန်မလိုဟု၊ 4 LBR 266 ( PC )တွင်ဆုံးဖြတ်ပါသည်။ပျက်ပြယ်သော ( void )စာချုပ်ဖြစ်ကြောင်းမြွက်ဟကြေညာပေးရန်အတွက်တရားစွဲဆိုရန်စည်းကမ်းသတ်ကာလကျော်လွန်သွားစေကာမူ၊ပျက်ပြယ်သောစာချုပ်ဖြစ်ကြောင်းအချိန်မရွေးတင်ပြနိုင်သည်။ 4 LBR 266 ( PC )သည်အထင်ရှားဆုံးထုံးသာဓကဖြစ်ပါသည်။

တချိန်ကအမွေပစ္စည်းဖြစ်ခဲ့ပြီးအမှုစွဲဆိုသောအချိန်တွင်အမွေပစ္စည်းမဟုတ်ကြောင်း၊ ညွှန်ပြလျက်ရှိသောစာချုပ်တရပ်ရပ်၊တရားမဝင်ပျက်ပြယ်ကြောင်းသီးခြားတရားတထုံးစွဲဆိုရန်လိုသလား၊ထိုသို့မစွဲဆိုစေကာမူအမွေစီမံခန့်ခွဲပေးစေလိုမှုတွင်ပင်၊တရားမဝင်ပျက်ပြယ်ကြောင်းဆုံးဖြတ်ပြီးအမွေပစ္စည်းဖြစ်သည်ဟုဆုံးဖြတ်နိုင်သလားပြဿနာကို၊စုံညီခုံရုံးက 1991 BLR 149 ( FB )တွင်အဆုံးအဖြတ်ပေးပြီးဖြစ်ပါသည်။

အမွေရှင်ကအမွေအားလုံးကိုအပိုင်ပေးသောစာချုပ်သည်ပျက်ပြယ်သည်ဟု 1991 BLR 149 ( FB )အမှုတွင်ထုံးဖွဲ့ထားပါသည်။

ပျက်ပြယ်သောစာချုပ်ဟူသည်တရားဥပဒေအရအကျိုးသက်ရောက်မှုမရှိပါ။ 1983 BLR 26 စီရင်ထုံးကိုကြည့်ပါ။

ဟန်ဆောင်စာချုပ်သည်တကယ့်စာချုပ်မဟုတ်ပါ။ 1964 BLR 250 စီရင်ထုံးကိုကြည့်ပါ။

တဘက်တွင်ထိုစာချုပ်များပျက်ပြယ်ကြောင်း ( null and void )မြွက်ဟကြေညာပေးစေရန်တရားစွဲဆိုနိုင်ပါသည်။အဆိုပါစာချုပ်များသည်အကျိုးအာနိသင်မရှိ၍၊ စက္ကူစုတ်မျှသာဖြစ်ရာ၊ထိုစာချုပ်များအပေါ်အခြေခံပြီးပစ္စည်းပိုင်ဆိုင်ကြောင်းအရေးဆိုလာလျှင်၊တန်ဖိုးမရှိကြောင်းတဘက်ကအချိန်မရွေးအခိုင်အမာပြောဆို ( assert )နိုင်သည်။တရားရုံးကအာနိသင်မရှိကြောင်းအဆုံးအဖြတ်ပေးနိုင်ပါသည်။အချို့စာချုပ်များသည်ပျက်ပြယ်သော ( void )စာချုပ်များဖြစ်ပါသည်။

ပဋိညာဉ်အက်ဥပဒေပုဒ်မ၁၅မှ၁၈၊၂၀မှ၂၂ပါပြဌာန်းချက်များနှင့်ငြိစွန်း၍၊ဖျက်သိမ်းခွင့်ရသောvoidableစာချုပ်ကိုမူ၊သီးခြားသက်သာခွင့်အက်ဥပဒေပုဒ်မ၃၉အရဖျက်သိမ်းခြင်းမပြုလျှင်၊ကာလစည်းကမ်းသတ်ကျော်လွန်သောအခါခိုင်လုံသွားမည်ဖြစ်ပါသည်။

ဖျက်သိမ်းခွင့်ရှိသောစာချုပ်မျိုးကို၊ပျက်ပြယ်ကြောင်းမြွက်ဟကြေညာပေးရန်တရားစွဲဆိုခွင့်မရှိပါ။

ထိုစာချုပ်မျိုးသည်၊ပျက်ပြယ်အကျိုးသက်ရောက်မှုမရှိသောစာချုပ်မျိုးမဟုတ်ပါ။

တဘက်ကဖျက်သိမ်းလိုလျှင်ဖျက်သိမ်းခွင့်ရှိသောစာချုပ်မျိုးသာဖြစ်ပါသည်။

ဤခြားနားချက်ကိုသတိချပ်ရန်လိုပါသည်

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ