5 Ran 175 ( PC ) စီရင်ထုံးအကြောင်း

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

SJLB402 , PJLB37 , 2UBR204 , 1892-96 စီရင်ထုံးများကိုသာဖတ်ခွင့်ရပြီး၊မြန်မာဗုဒ္ဓဘာသာလင်မယား​၏ဆက်ဆံရေးကိုဂဃဏနသိပုံမပေါ်သောပရီဗီကောင်စီသည် 5Ran175( PC )အမှုကိုစီရင်သောအခါအဖွဲ့ဝင် Mr . Ameer Ali ကစီရင်ချက်ရေးရာ၌၊စီရင်ချက်စာမျက်နှာ၁၇၈၊တတိယအပိုဒ်တွင်-

" It is to be noted that in the Myanmar ( Burmese ) social and legal system the wife is , to all intents and purposes , a partner . " 

ဟုပြဆိုသည်။

[ ( to all intents and purposes )ကိုမြန်မာစာအဖွဲ့​၏အင်္ဂလိပ်-မြန်မာအဘိဓာန်စာမျက်နှာ၇၂၈၌ လက်တွေ့အားဖြင့်အမှန်အားဖြင့် ဟုဘာသာပြန်ထားသည်။ ]

အမှားကိုထပ်တလဲလဲရွတ်ဆိုဖန်များသောအခါအမှန်ဟုထင်ယောင်ထင်မှားဖြစ်လာတတ်သည့်သာဓကဖြစ်သည်။

ပရီဗီကောင်စီ​၏အဆိုအမိန့်တို့သည်အလွန်တာသွားသည်။

ငွေတိုးချစားသောချစ်တီးလောကကိုချောက်ချားစေသည့်5Ran296( F B ) ( မပိုင် နှင့် မောင်ရွှေဘော်ပါ၈ )စီရင်ထုံးကိုထွက်ပေါ်စေသည်။

တရားလွှတ်တော်တရားသူကြီးငါးဦးပါသောစုံညီခုံရုံးသည်စောဒကမှုကိုဆုံးဖြတ်ရာ၌၊ဦးဆောင်စီရင်ချက်ကိုရေးသည့်မြန်မာတရားဝန်ကြီးဦးဘက၊စီရင်ချက်စာမျက်နှာ၃၂၉တွင်-

" It has been rightly held from time to time that to all intents and purposes Myanmar ( Burmese ) husbands and wives may be regarded as partners."

ဟုမြွက်ဆိုသည်။

တရားလွှတ်တော်တရားသူကြီးချုပ်ပါဝင်သည့်အခြားစုံညီခုံရုံးက9Ran524( F B ) ( အင်၊ကေ၊ပီ၊အာရ်၊ချစ်တီးယားဖမ်း နှင့် မောင်သံဒိုင် )အမှုတွင် "မြန်မာဗုဒ္ဓဘာသာထိမ်းမြားမှုသည်၊သာမန်စီးပွားရေးအစုစပ်လုပ်ငန်းနှင့်ထပ်တူထပ်မျှတူဖို့ဝေးစွ၊ဆင်တူခြင်းပင်မရှိ"ဟုဆုံးဖြတ်လိုက်ရာ၊ထိုအမြင်ကိုပရီဗီကောင်စီက 10Ran261( PC ) ( ဦးဖေ နှင့် ဦးမောင်မောင်ခ )အမှုတွင်လက်ခံအတည်ပြုခဲ့သည်။

ထို့ပြင်( ၁-၁၀-၁၉၃၂ )နေ့တွင်ပြဌာန်းသော၊အစုစပ်လုပ်ငန်းအက်ဥပဒေပုဒ်မ၅၌၊မြန်မာဗုဒ္ဓဘာသာလင်နှင့်မယားတို့သည် လင်မယားအနေဖြင့် မိသားစုလုပ်ငန်းကိုလုပ်ကိုင်ရာ၌အစုစပ်ဝင်များမဟုတ်ဟုအတိအလင်းပြဌာန်းကာ 9 Ran 524 ( F B )တွင်ပြဆိုသောအမြင်ကိုလက်ခံလိုက်သဖြင့် ၁၈၈၆ခုနှစ်၌မွှေးခဲ့သောမီးသည်( ၁-၁၀-၁၉၃၂ )နေ့တွင်မှအပြီးသတ်ငြိမ်းသွားသည်။

အမှန်စင်စစ်ဗုဒ္ဓဘာသာလင်မယားတို့သည်လင်မယားအနေဖြင့်မိသားစုလုပ်ငန်းလုပ်ကိုင်ရာ၌၊အစုဝင်များဖြစ်သည်ဟုယတိပြတ်မပြောနိုင်သကဲ့သို့၊အစုစပ်များအဖြစ်လုပ်ကိုင်ခြင်းမရှိဟူ၍လည်း၊ ယတိပြတ်ပြောရန်ခိုင်ခံ့သောအထောက်အထားရှိသည်မဟုတ်။ 1951 BLR ( S C ) 158 စီရင်ထုံးတွင်မြွက်ဆိုထားသော suspicion ( ထင်ကြေး )သာရှိသည်။တရားဝင်သက်သေခံ ( legal testimony )မရှိ။

မြန်မာဓလေ့ထုံးတမ်းဥပဒေအရလင်မယားပိုင်ပစ္စည်းကိုပူးတွဲပိုင်သည်ဟု၊ 5 Ran. 296 ( F.B. ) ( မပိုင် နှင့် မောင်ရွှေဘော်ပါ၈ )တွင်ဆုံးဖြတ်ခဲ့ခြင်းကို၊နောင်လေးနှစ်အကြာ 9 Ran.  524 ( F.B. ) ( အင်၊ကေ၊ပီ၊အာရ်၊ချစ်တီးယားဖမ်း နှင့် မောင်သံဒိုင် )အမှုတွင်ပယ်ဖျက်ခဲ့ပါသည်။ 9 Ran. 524 ( F.B. )မှန်သည်ဟု 10 Ran. 261 ( P.C. ) ( ဦးဖေ နှင့် ဦးမောင်မောင်ခ )အမှုတွင်၊ပရီဗီကောင်စီကပြဆိုပါသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]