A . I . R . 1927 P . C . 42

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

40 Mad. 204 ( F . B . )

 Venkati Rama Reddi And Ors.  vs  Pillati Rama Reddi And Ors. on 19 July , 1916 

စီရင်ထုံးအား၊နောက်ဆယ်နှစ်အကြာ၊ ၁၃-၁၂-၁၉၂၆နေ့တွင်ဆုံးဖြတ်သော-

A . I . R . 1927 P . C . 42 

Kalyanasundaram Pillai  vs  Karuppa  Mooppanar on 13 December , 1926 .

 Equivalent citations : ( 1927 ) 29 BOMLR 833 

အမှုတွင်လက်ခံပြီးအောက်ပါအတိုင်းထုံးဖွဲ့ပါသည်-

" မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုအပိုင်ပေးသူကနည်းလမ်းတကျချုပ်ဆို၍၊အသိသက်သေလက်မှတ်ရေးထိုးထားသောအပိုင်ပေးစာချုပ်ကို၊အပိုင်ရသူအားပေးအပ်၍အပိုင်ပေးခြင်းကိုအပိုင်ရသူကလက်ခံသောအခါ၊အပိုင်ပေးသူသည်စာချုပ်ကိုမှတ်ပုံမတင်မီ၊အပိုင်ပေးစာချုပ်ကိုရုပ်သိမ်းရန်အခွင့်အာဏာမရှိချေ။ "

စီရင်ထုံးစာမျက်နှာ၄၄တွင်ပရီးဗွီးကောင်စီကအောက်ပါအတိုင်းအကြောင်းပြပါသည်-

" အပိုင်ပေးစာချုပ်ကိုအပိုင်ပေးသူကပေးအပ်၍အပိုင်ရသူကလက်ခံသောအခါအပိုင်ပေးသူသည်အပိုင်ပေးခြင်းကိုပြီးမြောက်စေ၍အကျိုးသက်ရောက်စေရန်အရာရာကိုမိမိတတ်စွမ်းသမျှဆောင်ရွက်ပြီးဖြစ်သည်။မှတ်ပုံတင်ခြင်းသည်၎င်း​၏သဘောတူချက်အပေါ်တည်သည်မဟုတ်ပဲမှတ်ပုံတင်ပေးရန်ကိစ္စအလို့ငှာ၊ဥပဒေအရခန့်ထားသောအရာရှိ​၏လုပ်ရပ်ဖြစ်သည်။အခင်းဖြစ်စာချုပ်ကိုအပိုင်ပေးသူကဖြစ်စေ၊ထိုသူကိုယ်စားဖြစ်စေချုပ်ဆို၍အနည်းဆုံးအသိသက်သေနှစ်ဦးကလက်မှတ်ရေးထိုးပြီး၊ဆိုင်ရာအကျိုးခံစားခွင့်ရှိသောသူကသတ်မှတ်ထားသောကာလအတွင်းမှတ်ပုံတင်ပေးရန်တင်သွင်းလျှင်၊မှတ်ပုံတင်အရာရှိကမှတ်ပုံတင်ပေးရမည်ဖြစ်သည်။အခြားအချက်အလက်များနှင့်ညီညွတ်လျှင်၊အပိုင်ပေးသူသေဆုံးခြင်းသို့မဟုတ်အပိုင်ပေးသူကပြန်လည်ရုပ်သိမ်းခြင်းသည်၊မှတ်ပုံတင်မပေးလိုဟုငြင်းဆိုရန်အကြောင်းတရပ်မဟုတ်။ "

40 Mad. 204 ( F . B . )စီရင်ထုံး​၏မပြည့်စုံမှုကို၊ပရီးဗွီးကောင်စီကထောက်ပြထားပါသည်။

မဒရပ်စီရင်ထုံးမှာ၊အပိုင်ပေးစာချုပ်ကိုချုပ်ဆိုခြင်း( အပိုင်ပေးသူကချုပ်ဆိုခြင်းနှင့်အသိသက်သေများလက်မှတ်ရေးထိုးခြင်း )ကိုသာရည်ညွှန်းထားသည်။

အပိုင်ပေးခြင်းကိုအဓိပ္ပာယ်ဖွင့်ဆိုသောပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၂ပါပြဌာန်းချက်များနှင့်တိတိကျကျမညီညွတ်သောကြောင့်၊ပရီးဗွီးကောင်စီကစာမျက်နှာ၄၃တွင်အောက်ပါအတ်ုင်းသုံးသပ်ပါသည်-

" (မဒရပ်စီရင်ထုံးတွင်)ဥပဒေနှင့်စပ်လျဉ်းသည့်ရှင်းလင်းဖော်ပြချက်ကိုပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၂အားရည်ညွှန်း၍ဖြည့်စွက်ရန်လိုအပ်သည်။အပိုင်ပေးသူကအသက်ထင်ရှားရှိစဉ်အတွင်းအပိုင်ရသူကဖြစ်စေ၊၎င်းကိုယ်စားဖြစ်စေအပိုင်ပေးခြင်းကိုလက်ခံပြီးဖြစ်မှသာလျှင်ထိုဥပဒေဖော်ပြချက်သည်မှန်ကန်သည်။မရွှေ့မပြောင်းနိုင်သောပစ္စည်းအားအပိုင်ပေးသည့်စာချုပ်ကိုပုဒ်မ၁၂၃ပါပြဌာန်းချက်များနှင့်အညီချုပ်ဆိုသော်လည်းအပိုင်ရစေလိုသည့်သူအားမည်သည့်အခါကမျှအကြောင်းကြားခြင်းမရှိ၊မပေးမအပ်ပဲအပိုင်ပေးသူလက်တွင်ရှိမြဲရှိပါက၊မဒရပ်စီရင်ထုံးဘောင်အတွင်းကျရောက်မည်မဟုတ် "

ပရီးဗွီးကောင်စီစီရင်ထုံး၊ A . I . R . 1927 P . C . 42 ကို၊ 1937 RLR 375 ( F . B . )(ဦးအုန်းမောင်ကိစ္စနှင့်မောင်ရွှေမောင်ပါ၂)အမှုတွင်ကိုးကားဆုံးဖြတ်ထားပါသည်

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ