A I R 1929 Patna 117
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
AIR1929Patna117
( Bageswari Charan Singh vs. Jagarnath Kuari And Another . on 9 January , 1929 )
( Equivalent citations : 115 Ind Cas 699 )
အမှုတွင်၊ပီဒီအက်(ဖ်)စာမျက်နှာ၃၌အောက်ပါအတိုင်းဆုံးဖြတ်ထားသည်-
" Adverse possession denotes possession under a claim or colour of title and where a defendant entered upon possession by virture of a document and continued to be in possession on the strength of that document even if the title as based upon the document itself was void the possession , nevertheless , being under a claim or colour of title , must be regarded as adverse . "
1991BLR149( F B )အမှုတွင်၊ဒေါ်သိန်းရင်သည်၊အချင်းဖြစ်မြေလက်ရှိထားကြောင်းအငြင်းမပွား။မြေမှာဒေါ်သိန်းရင်၏အမည်ပေါက်လျက်ရှိသည်ဟုအဆိုရှိသည်။၁၉၇၁ခုနှစ်မှစ၍အချင်းဖြစ်၊အပေးစာချုပ်အရလွှဲပြောင်းပေးသည့်သဘောရှိသောပိုင်ဆိုင်မှုကိုအကြောင်းပြုကာ၊ဒေါ်သိန်းရင်ကမြေကိုဆက်လက်လက်ရှိထားခြင်းသည်၊ဆန့်ကျင်ပိုင်ဆိုင်မှုဖြစ်သည့်အလျောက်၊၁၂နှစ်ကျော်ကြာမြင့်သောအခါကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈အရယင်းမြေတွင်အမှန်တကယ်ပိုင်ဆိုင်သူတို့၏၊ပိုင်ရေးပိုင်ခွင့်သည်ဆိတ်သုဉ်းသွားပြီဖြစ်သည်။သို့ဖြစ်ရာ၁၉၈၅ခုနှစ်တွင်ဒေါ်လွန်းကအမွေမှုကိုစွဲဆိုသောအခါ၊အချင်းဖြစ်မြေမှာ၊ဒေါ်မကျန်ရစ်သည့်အမွေဆိုင်ပစ္စည်းမဟုတ်တော့သဖြင့်အမွေခွဲဝေရန်ပြဿနာပေါ်ပေါက်မည်မဟုတ်ချေ။
မြန်မာနိုင်ငံတွင်အတည်ဖြစ်လျက်ရှိသောကာလစည်းကမ်းသတ်ဆိုင်ရာဥပဒေမှာ၊ The Limitation Act ဖြစ်သည်။အင်္ဂလန်နိုင်ငံဥပဒေမှာ၊ The Statue of Limitation ဖြစ်ကြောင်း၊AIR1968SC1165စီရင်ထုံးအရသိနိုင်သည်။
သို့သော်မြန်မာနိုင်ငံ၌အတည်ဖြစ်လျက်ရှိသော၊ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈ပါပြဌာန်းချက်များမှာ၊အင်္ဂလန်နိုင်ငံရှိ The Statue of Limitation လာပြဌာန်းချက်များနှင့်တူပုံပေါ်ကြောင်း၊ AIR 1968 SC 1165 ထုံးဖွဲ့ချက်ကညွှန်ပြသည်။
အမှန်ဆိုသော်မြန်မာနိုင်ငံဥပဒေသည်၊အင်္ဂလန်နိုင်ငံကာလစည်းကမ်းသတ်ဥပဒေတွင်မြစ်ဖျားခံသည်မှာယုံမှားဖွယ်မရှိ။
အိန္ဒိယနိုင်ငံတရားလွှတ်တော်ချုပ်ကAIR1968SC1165စီရင်ထုံးတွင်၊အောက်ပါအတိုင်းပြဆိုသည်-
" It cannot be disputed that a person in possession of land in the assumed character of owner and exercising peaceably the ordinary rights of ownership has a perfectly good title against all the world but the rightful owner.
And if the rightful owner does not come forward and assert his title by the process of law within the period prescribed by the provisions of the Statue of Limitation applicable to the case , his right is forever extinguished , and the possessory owner acquires an absolute title . "
အထက်ပါထုံးဖွဲ့ချက်( a person in possession of land in the assumed character of owner and exercising peaceably the ordinary rights of ownership has a perfectly good title against all the world but the rightful owner . )သည်၊အိန္ဒိယနိုင်ငံတရားလွှတ်တော်ချုပ်၏ထုံးဖွဲ့ချက်ဖြစ်လာသည်။
ထုံးဖွဲ့ချက်၏( And if the rightful owner does not come forward and assert his title by the process of law within the period prescribed by the provisions of the Statue of Limitation applicable to the case , his right is forever extinguished , )သည်၊ကာလစည်းကမ်းသတ်အက်ဥပဒေပုဒ်မ၂၈ပါပြဌာန်းချက်ကိုအခြားတနည်းဖော်ပြခြင်းဖြစ်သည်။
လက်ရှိထားခြင်းဖြင့်ပိုင်သူသည်အကြွင်းမဲ့ပိုင်ဆိုင်ခွင့်ရရှိသည်( possessory owner acquires an absolute title . )ဟူသောဥပဒေကို၊ကာလစည်းကမ်းသတ်အက်ဥပဒေတွင်အတိအလင်းပြဌာန်းခြင်းမပြု။
သို့သော်ပိုင်ဆိုင်ခွင့်ကုန်ဆုံးပြတ်စဲသွားသဖြင့်၊လက်ရှိထားသူကအကြွင်းမဲ့ပိုင်ရှင်ဖြစ်သွားသည်။
ပုဒ်မ၂၈တွင်ထိုသို့အတိအလင်းပြဌာန်းထားခြင်းမရှိသည်မှာမလို၍ဖြစ်သည်။
သတ်မှတ်ထားသောကာလကြာလက်ရှိထားမှုသည်ပိုင်ရှင်ဖြစ်သွားသည်ဟုပုဒ်မ၂၈က၊မပြောမဆိုရုံတမယ်သာရှိသည်။
Comments
Post a Comment