မယားက၊နှစ်ယောက်ပိုင်မရွှေ့မပြောင်းနိုင်သောပစ္စည်းကိုရောင်းခြင်း
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
မြန်မာဗုဒ္ဓဘာသာလင်မယားနှစ်ယောက်ရှိတဲ့အနက်ကမယားကနှစ်ယောက်ပိုင်၊မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကိုရောင်းတယ်၊အဲဒီပဋိညာဉ်အတိုင်းအတည်ပြုဆောင်ရွက်ပေးပါဆိုပြီးမယားအပေါ်မှာတရားစွဲတယ်။
လင်လုပ်တဲ့သူကတဝက်သို့မဟုတ်သုံးပုံတပုံဆိုင်မှာ၊လင်ကိုအမှုသည်အဖြစ်ထည့်နိုင်အောင်ဘယ်လိုလုပ်မလဲ၊ဘယ်သူတွေအပေါ်မှာတရားစွဲနိုင်သလဲဆိုတာ၊သီးခြားသက်သာခွင့်ဥပဒေပုဒ်မ၂၇မှာရှိတယ်။
ပုဒ်မ၂၇အရတော့လင်လုပ်တဲ့သူဟာအမှုသည်အဖြစ်ပါခွင့်မရှိဘူး။ဒါပေမဲ့အဲဒီပုဒ်မမှာ May လို့သုံးထားတယ်။အဲဒီပုဒ်မမှာမပါပေမဲ့လို့ထည့်နိုင်တာရှိတယ်။အမိန့်၁၊နည်း၃အရထည့်နိုင်တယ်။
လင်လုပ်တဲ့သူကဒီအရောင်းအဝယ်ကိစ္စမှာပါဝင်ပတ်သက်နေရမယ်။လင်အပေါ်မှာတရားတထုံးစွဲမယ်၊မယားအပေါ်သီးခြားတရားတထုံးစွဲမယ်ဆိုရင်၊အဲဒီနှစ်မှုစလုံးမှာပေါ်ပေါက်မယ့်အကြောင်းခြင်းရာသို့မဟုတ်ဥပဒေပြဿနာတူမယ်လို့ဆိုရင်၊အမှုသည်အဖြစ်ထည့်နိုင်မယ်လို့ပြောခဲ့ပါတယ်။
ပါဝင်ပတ်သက်မှုမှာလင်ကအရောင်းအဝယ်ပဋိညာဉ်ထဲမှာမပါဘူး။ဒီလိုပြောမယ်ဆိုရင်လည်းမှန်သင့်သလောက်တော့မှန်ပါတယ်။သို့သော်မြန်မာဗုဒ္ဓဘာသာတွေမှာလင့်ပစ္စည်းကိုမယားကဆိုင်တယ်။မယားပစ္စည်းကိုလင်ကပိုင်ပြီးတော့၊တချိန်တုန်းက 5Ran296မပိုင်စီရင်ထုံးဟာအင်မတန်နာမည်ကြီးခဲ့တယ်။အဲဒီစီရင်ထုံးမှာ၊ လင်ဟာမယားရဲ့ကိုယ်စားလှယ်ဖြစ်တယ်၊ #မယားကလည်းလင်ရဲ့ကိုယ်စားလှယ်ဖြစ်တယ်၊ဒီလိုတွေးခေါ်ခဲ့တယ်။
မယားကရောင်းတဲ့အခါမှာလင်ရဲ့ကိုယ်စားလှယ်အနေနဲ့ရောင်းတာ၊ လင်ကရောင်းတဲ့အခါမှာလည်းမယားရဲ့ကိုယ်စားလှယ်အနေနဲ့ရောင်းတာ။မယားကအိမ်မှာအိပ်နေတယ်၊အိမ်ကိစ္စမှာသူပါဝင်ပတ်သက်မယ်။
မပိုင်စီရင်ထုံးက၄နှစ်ပဲခံတယ်။ 9Ran524လည်းကျရောပျက်သွားတယ်။
လင်ဟာမယားကိုယ်စားလှယ်ဖြစ်တယ်ဆိုတာအခါခပ်သိမ်းမမှန်ဘူး။သက်ဆိုင်ရာဖြစ်ရပ်ရဲ့အကြောင်းခြင်းရာပေါ်မှာမူတည်ပြီးတော့ဆိုင်လာမှာဖြစ်တယ်ဆိုပြီးပြောင်းလဲဆုံးဖြတ်ခဲ့တယ်။
လင်ကိုဘယ်အခါမှာတရားစွဲလို့ရမလဲဆိုရင်၊မယားကနှစ်ယောက်ပိုင်ပစ္စည်းကိုအခုလိုရောင်းတဲ့ကိစ္စမှာ၊ လင်ဟာတနည်းနည်းနဲ့သဘောတူတဲ့အထောက်အထားတွေ့ရှိရင်၊သူကိုယ်တိုင်အရောင်းအဝယ်စာချုပ်မချုပ်စေကာမူ၊သဘောတူတဲ့အရိပ်နိမိတ်တွေပါခဲ့မယ်ဆိုရင်သူလည်းတာဝန်ရှိမှာဖြစ်တယ်။
မယားလုပ်တဲ့ကိစ္စကိုတားမြစ်ပိတ်ပင်တာမရှိဘူးဆိုရင်ဒါဟာသွယ်ဝိုက်ပြီးသဘောတူတာပဲဖြစ်မယ်။ဝယ်တဲ့လူဘက်ကလင်ဟာဒီအရောင်းအဝယ်ကိစ္စမှာတနည်းနည်းနဲ့သဘောတူခဲ့ပါတယ်၊သက်သေပြနိုင်တယ်ဆိုရင်လင်ကိုလဲထည့်စွဲလို့ရမှာပါ။
အမိန့်၁နည်း၃ရဲ့ပထမအချက်ဖြစ်တဲ့အချင်းဖြစ်ကိစ္စမှာသူပါဝင်ပတ်သက်နေတဲ့ကိစ္စဟာတဲ့တိုးကြီး၊ပါဝင်ပတ်သက်နေမှမဟုတ်ပါဘူး။သွယ်ဝိုက်ပြီးတော့ပါဝင်ပတ်သက်နေရင်လည်းသူ့မှာတာဝန်ရှိမှာပါ။
ပဋိညာဉ်မှာခေါင်းညိတ်တဲ့အထိသဘောမတူသောသဘောတူနည်းရှိသေးတာကို၊အဲဒါကိုဆရာ့စာအုပ်တွေမှာဘယ်လိုဘာသာပြန်လဲဆိုတော့၊ လက်ပိုက်ကြည့်နေတယ်လို့ဘာသာပြန်တယ်။မယားကရောင်းတဲ့ကိစ္စတွေမှာဆိတ်ဆိတ်နေတယ်။အဲဒါလည်းတာဝန်ရှိတာပဲ။
Acquiscanceကိုဆရာကလက်ပိုက်ကြည့်တယ်လို့ဘာသာပြန်တယ်။ သူကConsentအထိမရောက်ဘူး၊ဒီလိုစာလုံးဆန်းဆန်းပြားပြားတွေကိုသေချာမှတ်ထားဖို့လိုတယ်။
at the moment ဆိုတာ၊ လက်ရှိကိုပြောတာ၊ဆရာတို့သာဆိုရင် at present လို့ပြောမှာ၊စီးပွားရေးသတင်းကိုအင်္ဂလိပ်လိုကြေညာတဲ့ဟာကိုနားထောင်ရင်စာလုံးလေးတွေကိုဒီလိုပဲနှစ်မျိုးသုံးမျိုးနားလည်သွားလိမ့်မယ်။
လင်ကမယားရောင်းတာကို၊မင်းရောင်းလိုက်ပါ၊ငါသဘောတူတယ်ဆိုပြီးတော့၊ဒီလိုမရှိသော်လဲပဲလက်ပိုက်ကြည့်နေတယ်၊မရောင်းနဲ့လဲမပြောဘူး။အဲဒါဟာ Acquiscance သဘောတူခြင်းတမျိုးပဲ။ဆရာတို့မြန်မာမှာလို၊ ဆိတ်ဆိတ်နေခြင်းသည်သဘောတူခြင်းဖြစ်၏လို့ဆိုလိုတာပေါ့။
Silence is Consent ပြောတယ်။
သူ့ပစ္စည်းကိုမယားကရောင်းနေတာကိုလင်လုပ်တဲ့သူကသိရင်၊ လက်ပိုက်ကြည့်နေရင်သဘောတူရာရောက်ပါလိမ့်မယ်။ဒီပဋိညာဉ်အတိုင်းသူဆောင်ရွက်ရမှာပဲ၊ငြင်းလို့မရဘူး။
Comments
Post a Comment