ပစ္စည်းလွှဲပြောင်းရေးဥပဒေ
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
ပစ္စည်းလွှဲပြောင်းရေးဥပဒေကို( ၁-၇-၁၈၈၇ )ကပြဌာန်းတာ၊သီပေါမင်းပါလွန်တော်မမူမီသုံးနှစ်လောက်ကပြဌာန်းတာ၊ဒီဥပဒေကိုလွတ်လပ်ရေးဆုံးရှုံးပြီးချက်ချင်းမတည်သေးပါဘူး။
ရန်ကုန်မှာJudicialCommissionerမူလအမှုစစ်ဆေးတဲ့တရားသူကြီးရုံးမှစပြီး၊အဲဒီဥပဒေကစပြီးအာဏာတည်တယ်၊( ၁-၁-၁၈၉၃ )မှာစတည်တယ်။
6LBR98မှာဒီမှတ်တမ်းတွေကိုဖတ်ရတယ်။ 6 LBR စီရင်ထုံးစာမျက်နှာ၉၉မှာဒီလိုရေးထားတယ်။
" That Act was first extended to Rangoon or more correctly to the area within the local limits of the ordinary Civil Jurisdiction of the Recorder of Rangoon as from the 1st January 1893 by Judicial Department Notification No. 236 of 1892 , dated the 20th June in that year . "
အဲဒီကနေတဖြည်းဖြည်းနဲ့တက်သွားတယ်၊ရှမ်းပြည်မှာဆိုရင်အခုထိအကုန်အတည်မဖြစ်သေးဘူး၊မရွှေ့မပြောင်းနိုင်သောပစ္စည်းရောင်းချခြင်းနဲ့စပ်လျဉ်းပြီးတော့အဲဒီဥပဒေပုဒ်မ၅၄မှာပြဌာန်းထားတယ်၊တန်ဖိုး၁၀၀အောက်မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကိုရောင်းရင်၁၈၈၂ခုနှစ်ကပိုက်ဆံတကျပ်နဲ့၊ဒီပုဒ်မမှာမရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းတန်ဘိုး၁၀၀အထက်ကိုအရောင်းအဝယ်ပြုလုပ်ရင်မှတ်ပုံတင်စာချုပ်ချုပ်ရမယ်လို့ပြောထားတယ်၊၁၀၀မပြည့်ရင်မှတ်ပုံတင်စာချုပ်ချုပ်ဖို့မလိုဘူးလို့ပြောထားတယ်။
ဒါပေမယ့်လက်ရောက်တော့ပေးရမည့်ပြဿနာကတော့အဲဒီအထဲကစတာ။
လက်ရောက်ပေးအပ်တာဘာလဲ။
၁၉၆၄ခုနှစ်မြန်မာနိုင်ငံစီရင်ထုံးစာမျက်နှာ၆၃၅နဲ့ကျကျနနလေ့လာဖို့ကောင်းတဲ့စီရင်ထုံး၊အရောင်းအဝယ်အထမြောက်တယ်၊မမြောက်ဘူး၊ Deliveryလို့ခေါ်တဲ့ပေးအပ်ခြင်းမြောက်တယ်မမြောက်ဘူး၊ဒီအကြောင်းတွေကိုကျကျနနရေးထားတဲ့စီရင်ထုံး၊စာမျက်နှာ၆၃၅မှာ The delivering must be real and some sort of constructive possession is not sufficent . Sort ဆိုတာ Kind နဲ့အတူတူပါပဲ၊အမျိုးအစားပါပဲ။
ဆရာအလေးအနက်ပြောချင်တာကConstructiveEngagmentအကြောင်းပါပဲ၊အာဆီယံအသင်းကခေါင်းဆောင်တွေပြောတဲ့စကားလုံးတွေမှာအဲဒီစာလုံးလေးပါတယ်၊Engagment စေ့စပ်ကြောင်းလမ်းတာမဟုတ်ပါဘူး၊ Constructive Engagment ဆိုတာအပြုသဘောဆောင်တဲ့ဆက်ဆံရေးတော်တော်များများမှာအသုံးပြုကြပါတယ်။
ဒီမှာ Constructive Possession ကိုဒီလိုသွားပြန်လို့ရမှာမဟုတ်ဘူး၊ ဥပဒေအရလက်ရှိထားမှုလို့ဘာသာပြန်တယ်၊ Constructive Possessionမှာ၊ Actual Possession , Physical Possession , Constructive Possession , Judicial Possession ဆိုပြီးလေးမျိုးလောက်လုပ်ပစ်လိုက်တယ်၊ ဒါကြောင့်စာကိုအများကြီးဖတ်ဖို့လိုပါတယ်။
အဲဒီရဲ့ဥပမာတခုကိုပြောရရင်၊မိမိအိမ်ကိုလူတယောက်ငှားထားတယ်၊အိမ်ငှားကနေနေတယ်၊အဲဒီအိမ်ကိုတကယ်လက်ရှိဖြစ်နေတဲ့လူက၊အိမ်ငှားရဲ့လက်ရှိကို Actual Possession လို့ခေါ်တယ်၊သူကလက်ရှိလက်ရောက်အဲဒီအိမ်မှာနေနေတယ်၊ဒါကြောင့်သူ့ကို Physical Possession လို့လည်းပြောသေးတယ်။
The tenant is in actual possession ( or ) The tenant is in physical possession. လို့အင်္ဂလိပ်လိုပြောလို့ရတယ်၊အိမ်ရှင်ကတော့ဥပဒေအရလက်ရှိဖြစ်နေတယ်၊အိမ်ငှားမှတဆင့်သူလက်ရှိထားတာ၊ထိုနည်းလည်းကောင်းပဲ၊လူတယောက်ကိုအလကားထားမယ်ဆိုရင်လဲ၊တကယ်လက်ရှိဖြစ်တဲ့လူကလိုင်စင်စီ၊လိုင်စင်စီက Constructive Possession ဥပဒေအရလက်ရှိထားခြင်းကိုအိမ်ငှားမှတဆင့်၊အခွင့်အမိန့်အရနေတဲ့လူမှတဆင့်လက်ရှိထားတယ်လို့ဆိုတယ်။
ဒီအမှုမှာတော့၊မြေကြီးပေါ်မှာအိမ်ရှင်လည်းမထားဘူး၊အိမ်ငှားလည်းမထားဘူး၊မြေပုံမှာသူ့နာမည်ပေါက်တယ်၊ဦးပိုင်မှတ်ပုံတင်ပိုင်ရှင်တွေကိုရီဂျစ်စတာတခုလုပ်ထားတယ်၊ဦးပိုင်မှတ်ပုံတင်မှာလည်းတရားလိုရဲ့အမည်ပေါက်လို့၊ဒီတရားသူကြီးကအဲဒီလိုအမည်ပေါက်ခြင်းသည်ဥပဒေအရလက်ရှိဖြစ်ခြင်းပဲလို့ဆိုတယ်၊မြေပုံကဦးပိုင်မှတ်ပုံတင်မှာ၊အခွန်ပြေစာမှာနာမည်ပေါက်ရုံနဲ့၊ဥပဒေအရလက်ရှိဖြစ်သော်လည်း၊ လက်ရှိလက်ရောက်ပေးအပ်တဲ့သဘောမဆောင်ဘူးလို့ပြောခြင်းဖြစ်ပါတယ်။
Delivery must be real and some sort of constructive possession is not sufficient အဲဒီအကြောင်းလေးပြောခဲ့တယ်၊တန်ဖိုးငွေ၁၀၀ကျပ်အောက်မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်းကိုအရောင်းအဝယ်လုပ်ရင်မှတ်ပုံတင်စရာမလိုဘူး၊လက်ရောက်ပေးအပ်ရမယ်လို့ပြောတယ်၊ပေါ်ပေါ်ထင်ထင်ပေးရင်တော့လွယ်တာပေါ့၊သက်သေထင်ရှားပြတဲ့အခါတော့၊အခက်အခဲလေးတွေရှိလာတယ်။
အဲဒီအကြောင်းအရာကို၊ ၁၉၆၄ခုနှစ်မြန်မာနိုင်ငံစီရင်ထုံးစာမျက်နှာ၆၃၅၊၆၃၆မှာဖော်ပြထားပါတယ်။
U Pe Si was able to show that the suit land appear in his name in revenue maps and holding registered . But these are not conclusive proff of title nor do the amount to a registered instrument of sale .
amount to ဆိုတာ၊ ဆိုက်ရောက်သည်လို့ဘာသာပြန်ရမယ်။
ပထမဆုံးသင်ချင်တာက၊အင်္ဂလိပ်စာမဟုတ်သေးဘူး၊ nor do the amount to a registered instrument of sale ဆိုတဲ့စာကြောင်းလေးကိုပဲ၊ do ကိုရှေ့မှာထည့်ထားရင်မေးခွန်းဖြစ်သွားမယ်၊ဒါပေမဲ့ဒီမှာ do ကိုရှေ့ပို့ပေမဲ့မေးခွန်းမဖြစ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ nor နဲ့တွဲပြီးရေးထားတဲ့အရေးအသားဖြစ်နေလို့ပဲ။ nor နဲ့တွဲရင်အဲဒီလိုပဲရေးပါတယ်။အဲဒီအရေးအသားလေးကိုသိစေချင်တာပါပဲ။
အဲဒီလိုမေးခွန်းသဏ္ဍာန်ရေးထားပေမဲ့မေးခွန်းမဟုတ်တဲ့အရေးအသားလေးတွေစီရင်ထုံးတွေမှာတော်တော်များများတွေ့ရပါတယ်။အပေါ်ကစာကြောင်းလေးကိုရိုးရိုးအင်္ဂလိပ်လိုဘာသာပြန်လိုက်မယ်ဆိုရင် and they do not amount to a registered instrument of sale လို့ပြန်ရမယ်။ nor လိုနောက်တလုံးကတော့၊ not only......but also ဆိုတဲ့ရေးဟန်ပါပဲ၊ဒါလည်းမေးခွန်းမဖြစ်ပါဘူး။
1964BLR635ကိုဒေါက်တာမောင်မောင်ကရေးခဲ့တယ်။
အဲဒီစီရင်ထုံးမှာ၊မြန်မာနိုင်ငံမှာအထင်အရှားဖြစ်တဲ့ 8LBR264စီရင်ထုံးကိုကိုးကားထားတယ်။
ဥပဒေပိုင်းကတော့၊မြေပုံမှာဦးပိုင်မှတ်ပုံတင်မှာနာမည်ပေါက်ရုံနဲ့ပိုင်တယ်လို့မဆိုနိုင်ဘူးဆိုတာပြောချင်တာ၊ဒါတွေဟာဒီနေ့အထိလက်ခံကျင့်သုံးနေတဲ့ဥပဒေတွေပဲ၊ဒါပေမဲ့နိုင်ငံတော်ကောင်စီက၊အောင်လံကအမှုတမှုမှာ၊အခွန်မြေပုံမှာနာမည်ပေါက်တာနဲ့ပဲပိုင်ရှင်ဖြစ်ပြီလို့ဆုံးဖြတ်ခဲ့ပါတယ်။အဲဒီတုန်းက၊ဗဟိုတရားရုံးရဲ့စီရင်ထုံးကိုဖျက်တယ်။ဦးပိုင်မှတ်ပုံတင်မှာသူ့နာမည်ပေါက်နေပြီပဲ။အောက်မြန်မာပြည်မြို့များနဲ့ကျေးရွာများအက်ဥပဒေအရ၊ဒီနာမည်ပေါက်နေတာငါးနှစ်ကြာသွားပြီဖြစ်လို့ဘယ်သူမှစောဒကတက်ခွင့်မရှိတော့ဘူး။သူပိုင်တယ်ဆိုတာဟုတ်တယ်ဆိုပြီးဆုံးဖြတ်ဖူးပါတယ်။အခုနိုင်ငံတော်ကောင်စီလဲမရှိတော့လို့၊စီရင်ထုံးကိုမလိုက်နာပါနဲ့တော့။တရားရုံးချုပ်ရဲ့စီရင်ထုံးတွေကိုလိုက်နာရမယ်။မှားတာ၊မှန်တာဆရာတို့နဲ့မဆိုင်ဘူး။
ဆရာမောင်မောင်ကသူတရားသူကြီးချုပ်မဖြစ်ခင်၆၄ခုနှစ်မှာရေးထားတယ်။ဒီလိုအခွန်မြေပုံတွေ၊ဦးပိုင်မှတ်ပုံတင်တွေမှာနာမည်ပေါက်တာဟာဖြင့် Conclusive proff of title မဖြစ်ပါဘူး။အပြီးသတ်သက်သေသာဓကမဟုတ်ပါဘူးလို့ရေးခဲ့တယ်။သူပါဝင်တဲ့နိုင်ငံတော်ကောင်စီကနေ၊အထက်ကအောင်လံအမှုမှာဟုတ်တယ်လို့ပြင်ခဲ့တယ်။အခွန်မှာနာမည်ပေါက်အောင်၊ဦးပိုင်မှာနာမည်ပေါက်အောင်၊ဘယ်လိုဉာဏ်နီဉာဏ်နက်တွေနဲ့လုပ်ရင်ရနိုင်သလဲဆိုတာအားလုံးသိပါတယ်။
ဒါကြောင့်ဒါတွေဟာပိုင်ဆိုင်ခွင့်အထောက်အထားတွေမဟုတ်ပါဘူး။ဒေါက်တာမောင်မောင်ကလည်းအများနဲ့တယောက်ဖြစ်နေတော့နှာစေးနေလိုက်တယ်။
နှာစေးနေတာကိုဒေါက်တာမောင်မောင်ပဲရေးခဲ့ဖူးတယ်။ The rabbit has a cold လို့။
Comments
Post a Comment