Consistently - တစိုက်မတ်မတ်

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

စီးပွားရေးသတင်းမှာ၊ တစိုက်မတ်မတ်ဆိုတဲ့စာလုံးကိုပြောသွားတယ်။ consistentlyဆိုတော့ရှေ့နောက်ညီညွတ်သောlyထည့်လိုက်တော့တစိုက်မတ်မတ်လို့၊ဘာသာပြန်လိုက်တယ်။မြန်မာအင်္ဂလိပ်အဘိဓာန်မှာ၊ဆရာရှာကြည့်တော့ဒီစာလုံးအဓိပ္ပာယ်မပါပါဘူး။

တနေရာမှာ၊ဂျိမ်းစ်ဘွန်းကိုလူဆိုးကသတ်ဖို့အမျိုးမျိုးကြိုးစားတယ်။ဂျိမ်းစ်ဘွန်းကလူဆိုးကိုပြောတယ်။ You have a nasty habit of surviving.

surviveဆိုတဲ့စာလုံးကိုတရားမကျင့်ထုံးအမိန့်၂၂နည်း၁မှာစပြီးသုံးထားတယ်။ surviveဆိုတာအသက်ရှင်လျက်ကျန်နေတာ၊တရားမကျင့်ထုံးမှာတော့အဲလိုမသုံးဘူး။ တရားစွဲခွင့်ကျန်ရင်လို့သာသုံးတယ်။ ကျန်ရစ်သေးလို့ ဘာသာပြန်ကြတယ်။

ဥပမာ-လင်သေတဲ့အခါမှာ၊မယားကျန်ရစ်ခဲ့တယ်ဆိုပါစို့။ The wife survives when her husband dies. ၊ အသက်ရှင်လျက်ကျန်ရစ်တယ်ဆိုတာနဲ့ဆင်ဆင်စာလုံးလေးတလုံးရှိတယ်။ outliveဆိုတဲ့စာလုံးပဲဖြစ်တယ်။ out ဆိုတဲ့စာလုံးကို၊ကြိယာတွေတော်တော်များများနဲ့တွဲသုံးတယ်။

outpoint , outturn ဆိုတဲ့စာလုံးကို၊ဗမာလိုလည်းရှိနေတယ်။တရာကြိတ်ရင်"အောက်တန်း"ဘယ်လောက်ထွက်လဲဆိုတာကို"ကြိတ်နှုန်း"လို့ပြောတာပေါ့။

Daw Khin Kyi outlives U Aung San. ဆိုရင်၊ဒေါ်ခင်ကြည်ဟာဦးအောင်ဆန်းထက်ပိုပြီးအသက်ရှည်တယ်။

outpointကျတော့အမှတ်နဲ့နိုင်တယ်။ outrun , The man has outrun the lady . အဘိုးကြီးကမိန်းကလေးထက်အပြေးမှာသာသွားတယ်လို့ပြောတာ။

surviveဟာoutliveနဲ့မတူပါဘူး။

 survive က၊အသက်ရှင်လျက်ကျန်ရစ်ခဲ့တာ၊အင်္ဂလိပ်စာကိုတတ်ဖို့လိုအပ်တယ်ဆိုတာလူတိုင်းသိကြတယ်။ဒါပေမယ့်အသိခေါက်ခက်အဝင်နက်နေကြတယ်။

surviveကိုဒီမှာသက်ဆိုးရှည်တယ်လို့ဘာသာပြန်တယ်။သက်ဆိုးရှည်တာကို၊မြန်မာ-အင်္ဂလိပ်အဘိဓာန်မှာ၊ခင်ဗျားဟာသက်ဆိုးရှည်တတ်တဲ့ဉာဉ်ဆိုးရှိတယ်။သက်ဆိုးရှည်တာနဲ့ပတ်သက်ပြီးမကောင်းတဲ့အဓိပ္ပာယ်လည်းရှိတယ်၊မကောင်းတဲ့အဓိပ္ပာယ်မှာ၊ဆင်းဆင်းရဲရဲနဲ့အသက်ရှည်ရတယ်။နောက်အဓိပ္ပာယ်ကတော့အသက်ရှည်တာဆိုတဲ့အဓိပ္ပာယ်ပဲ။

ဆရာပထမဦးဆုံးသင်တဲ့နေ့မှာ၊ shall be liable to confiscation ကိုသင်စဉ်တုန်းက၊ဘာဥပဒေအကြောင်းနဲ့ပြောသလဲဆိုတော့၊ The Essential Supply and Services Act ကိုဘာသာပြန်တယ်။အဲဒီပုဒ်မ၈(၁)မှာ၊ဘယ်လိုအဓိပ္ပာယ်ကောက်ရမယ်ဆိုတာကိုပြောခဲ့တယ်။

အဲဒီအက်ဥပဒေကိုအဲဒီတုန်းကစီရင်ထုံးတွေအပါအဝင်၊အရေးကြီးသောကုန်ပစ္စည်းများနှင့်ဆောင်ရွက်မှုများဆိုင်ရာအက်ဥပဒေလို့ဘာသာပြန်ပါတယ်။

ဒါပေမဲ့၁၉၇၈နောက်ပိုင်းမှာဘယ်လိုပြန်လဲဆိုတော့၊ services ကိုတော့၊ ဆောင်ရွက်မှု ဆိုပြီးတော့အပြီးပြန်တာပဲ။အခုကျတော့၊ ဝန်ဆောင်မှု လို့ဘာသာပြန်တယ်။

အခုနောက်ထုတ်တဲ့ဥပဒေတွေမှာလည်း၊ဝန်ဆောင်မှုလို့ပဲ၊ဘာသာပြန်တာပဲ။ ဆောင်ရွက်မှုလို့ပြန်တာထက်ဝန်ဆောင်မှုလို့ဘာသာပြန်တာဟာပိုပြီးတော့ဆီလျော်မယ်လို့ထင်ပါတယ်။

ဘတ်စ်ကားတွေပြေးဆွဲနေတာလည်း၊ဝန်ဆောင်မှုလုပ်ငန်းတွေပါပဲ။အကျိုးဆောင်လုပ်ငန်းဆိုတာတွေလည်း၊ဝန်ဆောင်မှုတွေပါပဲ။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ