Law is nothing but common sense

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

ဥပဒေဆိုတာဘာလဲသိဖို့လိုပါမယ်။

 Law is nothing but common sense .

common sense ကိုမြန်မာလိုဘာသာပြန်ဆိုတာ၊အခက်အခဲအများကြီးရှိပါတယ်။အဘိဓာန်များမှာ ပကတိအသိဉာဏ် လို့ဘာသာပြန်ပါတယ်။ ပကတိအသိဉာဏ်ဆိုတာဘာလဲလို့၊သင်တန်းသားကိုမေးရင်သိမှာလည်းမဟုတ်ပါဘူး။ဆရာလည်းမသိဘူး။ common sense ကိုမသိသလိုပဲ၊ပကတိအသိဉာဏ်ဆိုတာကိုလည်းသိမှာမဟုတ်ပါဘူး။

မြန်မာလို ဟုတ်တိပတ်တိ စကားတခုရှိတယ်။ နှယ်နှယ်ရရ မြန်မာစကားတခုရှိတယ်။အဲဒီမြန်မာစကားနှစ်လုံးဟာအဓိပ္ပာယ်အတူတူပါပဲ။အင်္ဂလိပ်လိုတော့ Substantially ဆိုတဲ့စကားလုံးကို၊ဥပဒေစာအုပ်အများကြီးထဲမှာတွေ့ရမှာဖြစ်တယ်။

အဲဒီစကားလုံးကိုလူတိုင်းနားလည်အောင်၊ " ဟုတ်တိပတ်တိ " ၊ " နှယ်နှယ်ရရ " လို့ပြောရင်လူတိုင်းနားလည်ပါတယ်။ဒီကောင်ဝင်ငွေဟုတ်တိပတ်တိမရှိပါဘူးကွာပြောရင်၊ပြောပလောက်အောင်ဝင်ငွေမရှိပါဘူးလို့ပြောတာနဲ့အတူတူပါပဲ။ဒီစကားလုံးတွေကလူတိုင်းသိနေတဲ့စကားလုံးတွေပဲ။တကယ်ကျကျနနဗမာစာကိုရေးမယ်ဆိုရင်မလွယ်ဘူး။

ဆရာတို့ဒီဘက်ခေတ်မှာ၊ဗမာလိုစီရင်ချက်ပီပီသသရေးတဲ့၊တရားရုံးဆန်ဆန်ရေးတဲ့ပုဂ္ဂိုလ်က၊၁၉၆၅ခုနှစ်မှာပင်စင်ယူသွားတဲ့၊ #တရားသူကြီးချုပ်ဦးဘိုကြီး ဖြစ်တယ်။တရားသူကြီးချုပ်ဦးဘိုကြီးဟာစီရင်ချက်တွေကို၊ဗမာဆန်ဆန်ရေးနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါတယ်။

အတ္တနောမတိ လို့ရေးတယ်။ဆရာတော့ " အတ္တနောမတိ " ကိုမသိဘူး။အဲဒီစီရင်ချက်ကဆရာမှတ်မိသလောက်၁၉၆၄ခုနှစ်ဝန်းကျင်လောက်မှာထွက်တဲ့စီရင်ထုံးဖြစ်ပါလိမ့်မယ်။အဲဒီစာအုပ်ထဲမှာ " မိမိ​၏အယူအဆ " လို့ဘာသာပြန်ထားတယ်။

မြန်မာအဘိဓာန်အကျဉ်းချုပ်အမြန်ဆုံးဝယ်ပါ။

ဥပဒေကိုတကယ်တတ်ချင်ရင်၊ဒီအဘိဓာန်စာအုပ်ဝယ်ရလိမ့်မယ်။

မြန်မာအဘိဓာန်အကျဉ်းချုပ်အတွဲ၅တွဲရှိပါတယ်။

ဒီအဘိဓာန်စာအုပ်ဘယ်လောက်ကောင်းလဲဆိုရင်၊ ကျမ်းပေါင်း၁၃၈၈ကျမ်းကိုကိုးကားရေးထားတာဖြစ်တယ်။

၁၉၆၅ခုနှစ်မှာထွက်တဲ့မစ္စရိုး(စ်)စီရင်ထုံးကို၊ဆရာဦးဘိုကြီးပဲရေးတာပဲ။ဆရာဦးဘိုကြီးက၊ အန္တောကတဝင်သည် လို့ရေးပါတယ်။

အဲဒီအဘိဓာန်မှာ " အန္တောကတဝင်သည် " ဆိုတာ၊ အကျုံးဝင်သည် လို့အဓိပ္ပာယ်ဖွင့်ပါသည်။

ဆရာဦးဘိုကြီးကအင်္ဂလိပ်စာလုံးကိုဘာသာပြန်ခြင်းဖြစ်တယ်။ involve ကိုပြန်တော့၊ အန္တောကတ လို့ပြန်တယ်။

မြန်မာကနေအင်္ဂလိပ်လိုပြန်တဲ့အဘိဓာန်ဆိုရင်၊တချိန်တုန်းကဂျပ်ဆင်(ယုဒဿန်)ဆိုတဲ့ပုဂ္ဂိုလ်ပြုစုတဲ့အဘိဓာန်ပဲဆရာတို့ဗမာပြည်မှာရှိတယ်။အခုတော့မြန်မာစာအဖွဲ့ကပြုစုထားတဲ့စာအုပ်ရှိတယ်။

common sense ကို၊ပကတိအသိဉာဏ်လို့ပြန်ထားတယ်။ပကတိအသိစိတ်ကိုနားမလည်တော့၊အင်္ဂလိပ်လိုရေးထားတာနဲ့ဘာမှမထူးဘူးပေါ့၊တကယ်တိတိကျကျပြောမယ်ဆိုရင်လည်း common sense ကိုဗမာလိုပြောဖို့မလွယ်လှဘူး။ဆရာထင်တယ်၊နိဗ္ဗာန်ဆိုတဲ့စကားလုံးကိုဗမာလိုပြောလို့မရသလိုဘဲထင်တယ်။

I do not reach Hinthada , let alone Neibban . ကျွန်တော်နိဗ္ဗာန်ရောက်ဖို့ဝေးစွ၊ဟင်္သာတတောင်မရောက်ဘူးပါဘူးဗျာ၊ " let " ဆိုတာလေးကိုတော့ဒို့သိတယ်၊အိမ်သာသွားချင်ရင်ဆရာမဆီကိုသွားပြီး၊ Please , let me go out sir . let ကိုအင်္ဂလိပ်စာစသင်ကထဲကသိတဲ့စကားလုံးပဲ၊ alone လည်းလူတိုင်းသိတယ်။တယောက်ထဲလို့၊ဒါပေမဲ့ " let alone " ကိုစာကြောင်းတကြောင်းတည်ဆောက်တော့သိဖို့မလွယ်တော့ဘူး။ဒါဟာစီရင်ထုံးတွေမှာအများကြီးတွေ့ရမဲ့စကားလုံးဖြစ်တယ်။

" let alone " ဆိုတော့၊ #ဝေးစွ တဲ့။ common sense ဆိုတာကိုဘာလဲဆိုဆရာပြောရင်ဆရာလည်း Dictionary ပြောတဲ့ " ပကတိအသိဉာဏ် " ကိုပြောပြပြီး၊ဘာလဲဆိုတာတော့ပြောဖို့သိပ်မလွယ်ဘူး၊ဒီတော့နားလည်အောင်ပြောဖို့ဆိုတာရှိတယ်။

အဝေးကြီးမှာရှိတဲ့အဆင်းကိုဒီကနေလှမ်းမြင်နိုင်တဲ့ဉာဏ်ကို၊ဒိဗ္ဗစက္ခုဉာဏ်လို့ခေါ်တယ်၊ common sense အဲဒီလောက်မကြီးကျယ်ဘူး၊ဒိဗ္ဗစက္ခုဉာဏ်မဟုတ်ဘူး။ဇဝနဉာဏ်ဆိုတာသိတယ်မဟုတ်လား၊ထိုးထွင်းတဲ့ဉာဏ်၊ common sense ဆိုတာထိုးထွင်းတဲ့ဉာဏ်လည်းမဟုတ်ဘူး၊ " instinct " ကိုအင်မတန်ဉာဏ်ကောင်းတာ၊ဒါလည်းမဟုတ်ဘူး။အဆိုးဘက်ကပြောဦးမယ်၊အတွေးခေါင်တဲ့ဉာဏ်လည်းမဟုတ်ဘူး၊မဟုတ်တာတွေဖယ်လိုက်ရင် common sense ဘာလည်းဆိုတာရမယ်။

အင်္ဂလိပ်မှာနားလည်အောင်ဘယ်လိုရေးရမယ်ဆိုရင် practical good sense . 

common sense ဆိုတာ၊ လက်တွေ့ဆန်ရမယ်၊ကောင်းလည်းကောင်းရမယ်ဆိုလိုတဲ့အဓိပ္ပာယ်ကတော့၊ စိတ်ကူးစိတ်သန်းကောင်းခြင်း ပေါ့ကွာ။

Lawဟာအဆင့်မြင့်မြင့်တွေးဖို့မဟုတ်ပါဘူး

ဥပဒေကိုတတ်ချင်ရင်ရိုးရိုးစင်းစင်းစဉ်းစားပါ

ဥပဒေကိုတတ်ချင်ရင်ဆန်းဆန်းကြယ်ကြယ်မတွေးခေါ်ပါနဲ့

ရိုးရိုးတွေးရင်အမှန်ကိုရပါတယ်

ဥပဒေမှာ Law is nothing but common sense ဆိုတော့၊ဥပဒေဆိုတာတကယ်တော့ဘာမှမဟုတ်ပါဘူး။

စိတ်ကူးစိတ်သန်းကောင်းနဲ့ကြံဆဖို့

အတွေးမခေါင်ပါနဲ့အဖြေမှန်မရနိုင်ပါဘူး

ကြီးကြီးကျယ်ကျယ်တွေးရင်လည်းဘယ်တော့မှမဖြစ်နိုင်ဘူး

ဆရာပြောချင်တာဒါပါပဲ။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ