1937 R . L . R . 375 ( FB )၊ ဦးအုန်းမောင်ကိစ္စ နှင့် မောင်ရွှေမောင်ပါ၂

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


A. I. R. 1937 Rangoon 446

FULL BENCH

ROBERIS, C. J., BAGULEY AND SPARGO, JJ.

U On Maung - Appellant.

           V.

Maung Shwe Hpaung and another -Respondents.

Equivalent citation = 1937 RLR 375

12Ran263အမှုမှာပေါ်ပေါက်တဲ့ဥပဒေပြဿနာဟာ၁၉၃၆ခုနှစ်မှာတကျော့ပြန်ပေါ်လာပါတယ်။

အယူခံကိုကြားနာတဲ့ခုံရုံးက၊ 12 Ran. 263 စီရင်ထုံးကိုလက်မခံပါဘူး။

ဒါပေမဲ့တရားသူကြီးအရေအတွက်ချင်းတူနေလို့၊ 12 Ran.263 စီရင်ထုံးနဲ့ကွဲလွဲဆုံးဖြတ်ခွင့်မရှိတဲ့အတွက်၊အနည်းဆုံးတရားသူကြီးသုံးဦးပါတဲ့စုံညီခုံရုံးနဲ့ဆုံးဖြတ်ဖို့လိုလာပါတယ်။

ဘာကြောင့်12Ran263နဲ့သဘောချင်းမတူရပုံကိုဒီလိုရှင်းပြပါတယ်-

" ဆင်ခြင်ဆုံးဖြတ်ရန်အချက်မှာပစ္စည်းပိုင်ဆိုင်ခွင့်လွှဲပြောင်းသွားသည့်နေ့ရက်မဟုတ်။ပစ္စည်းပိုင်ဆိုင်ခွင့်သည်မည်သည့်နေ့ရက်မှစတင်လွှဲပြောင်းသည်ဆိုသောပြဿနာဖြစ်သည်။စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇ကဆိုသည်မှာ၊စာချုပ်သည်ချုပ်ဆိုသည့်နေ့မှအကျိုးသက်ရောက်သည်ဟူ၍ဖြစ်သည်။#စာချုပ်ချုပ်ဆိုသည့်နေ့မှအကျိုးသက်ရောက်သည်ဟုဆိုလျှင်၊လွှဲပြောင်းသည့်နေ့ရက်သည်လွှဲပြောင်းစာချုပ်ကိုချုပ်ဆိုသည့်နေ့မဟုတ်မူပဲ၊အခြားနေ့ဖြစ်သည်ဟုမည်သို့ဆိုနိုင်သည်ကိုကျွန်ုပ်တို့နားမလည်။မြန်မာနိုင်ငံအင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၅၄ပါ"thereof"ဆိုသောစကားရပ်သည်"of the transfer"ဟုဆိုလိုသည်။လွှဲပြောင်းသည့်နေ့သည်စာချုပ်ချုပ်ဆိုသည့်နေ့ဖြစ်ရမည်။အကြောင်းမူစာချုပ်ကိုနောက်ပိုင်း၌မှတ်ပုံတင်လျှင်လွှဲပြောင်းခြင်းသည်စာချုပ်ချုပ်ဆိုသည့်နေ့မှစ၍အကျိုးသက်ရောက်သည်။စကားအသုံးအနှုန်းကတခါတရံအခက်အခဲဖြစ်စေနိုင်ခြင်းသည်၊ဇွတ်အဓိပ္ပာယ်ကောက်ယူရန်ခိုင်လုံသောအကြောင်းပြချက်ဖြစ်သည်ဟုကျွန်ုပ်တို့သဘောမရရှိချေ။ထိုကိစ္စသည်အနိဌာရုံတခုဖြစ်ခဲ့လျှင်ဥပဒေပြုအဖွဲ့ကကုစားရန်ဖြစ်သည်။"

အောက်ပါပြဿနာကိုစုံညီခုံရုံးဖြင့်ဆုံးဖြတ်ရန်တင်ပြပါတယ်-

" မြန်မာနိုင်ငံအင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၅၄တွင်ရည်ညွှန်းထားသောသုံးလတာကာလသည်လွှဲပြောင်းမှုကိုမှတ်ပုံတင်ရန်လိုအပ်ပါကစာချုပ်ချုပ်ဆိုသောနေ့မှစတင်မည်လား၊သို့မဟုတ်၊စာချုပ်ကိုမှတ်ပုံတင်သည့်နေ့မှအစပြုပါသလား "

ဒီပြဿနာကို၊ 1937 R . L . R . 375 ( F . B . )( ဦးအုန်းမောင်ကိစ္စ နှင့် မောင်ရွှေမောင်ပါ၂ )မှာဆုံးဖြတ်တဲ့အခါ၊အယူခံတရားလိုဘက်ရှေ့နေက၊ 12 Ran. 263စီရင်ထုံးကိုထောက်ခံတင်ပြတဲ့အခါဆိုင်ရာဥပဒေအပေါ်အခြားနည်းရှုမြင်မယ်ဆိုရင်လိမ်လည်လှည့်ဖြားမှုအတွက်လမ်းဖွင့်ပေးရာရောက်မဲ့အကြောင်း၊လူမွဲဟာစာချုပ်ကိုလေးလကြာမှတ်ပုံမတင်ဘဲထားခြင်းဖြင့်၊လိမ်လည်လှည့်ဖြားချုပ်ဆိုတဲ့စာချုပ်အပေါ်အဆုံးအဖြတ်ပေးခြင်းမပြုရန်ရှောင်ရှားနိုင်မယ်ဖြစ်ကြောင်း၊အကြောင်းမူလေးလကြာသောအခါစာချုပ်ကိုပယ်ဖျက်ပေးရန်လျှောက်လွှာမှာကာလစည်းကမ်းသတ်ကျော်လွန်မှာဖြစ်ကြောင်း(မှတ်ချက်။ ။သတ်မှတ်ကာလသုံးလ)တင်ပြလျှောက်လဲပါတယ်။

ဒီလျှောက်ထားချက်ဟာ၊ 12 Ran. 263မှာခုံရုံးကထုတ်ဖော်ဆုံးဖြတ်တဲ့အကြောင်းပြချက်ဖြစ်ပြီး၊၁၉၃၆ခုနှစ်မှာတင်သွင်းတဲ့အယူခံကိုဆုံးဖြတ်ရမဲ့၊ခုံရုံးကသဘောမတူခဲ့တဲ့အကြောင်းပြချက်ဖြစ်တာတွေ့ရပါတယ်။

စာချုပ်ချုပ်ဆိုတဲ့နေ့ကစပြီး၊မြန်မာနိုင်ငံအင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၅၄(၁)မှာပါတဲ့ကာလကိုစတင်ရေတွက်ရင်၊ 12 Ran.263အမှုမှာအပေါင်စာချုပ်ပျက်ပြယ်တယ်လို့ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

ဒီလိုဆုံးဖြတ်ရာမှာဥပဒေကိုလက်တလုံးခြားတိမ်းရှောင်ခြင်းကိုတားဆီးရာရောက်တယ်ဆိုတဲ့အမြင်အပေါ်အခြေခံပါတယ်။

ဒါပေမဲ့စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇နဲ့၊ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတာကိုတော့၊မသိကျိုးကျွန်ပြုရာရောက်နေတယ်ဆိုတာကိုတော့ထည့်မတွက်ပါဘူး။

ဒီရှုဒေါင့်ကကြည့်ရင်လိုရာဆွဲပြောသလိုဖြစ်နေပါတယ်။

ဒါကြောင့်လည်းစုံညီခုံရုံးကိုတင်ပြတဲ့ခုံရုံးက၊ပုဒ်မ၄၇နဲ့အညီဆုံးဖြတ်လို့မတရားမှုဖြစ်စေတယ်ဆိုရင်၊ဥပဒေကိုပြင်ဖို့ဖြစ်တယ်လို့ထောက်ပြခြင်းဖြစ်ပါတယ်

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]