1937 R . L . R . 375 ( FB )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

1937 R . L . R . 375 ( F . B . )အမှုမှာ၊တရားသူကြီးချုပ်( Sir Ernest H . Goodman Roberts )က၊ပရီးဗွီးကောင်စီရဲ့သုံးသပ်ချက်အပါအဝင်အကြောင်းပြချက်များကိုကိုးကားပြီး၊စီရင်ထုံးစာမျက်နှာ၃၈၂မှာဒီလိုဆက်ပြီးဝေဖန်ပါတယ်-

" ကျွန်ုပ်​၏အမြင်အရဆိုလျှင်မှတ်ပုံတင်ရန်လိုအပ်ခြင်းသည်ပုံစံကျနရန်လိုအပ်မှုမျှသာဖြစ်သည်။အက်ဥပဒေက၊ကာယကံရှင်များအချင်းချင်းသဘောတူညီမှုအစစ်အမှန်ကိုကြည့်သည်မဟုတ်။ထိုသဘောတူညီချက်ကိုဖော်ပြထားသည့်ပုံစံကိုကြည့်သည်။ပုံစံကျသည်နှင့်တပြိုင်နက်အမှုကိစ္စတကယ်ဖြစ်မှုကိုအသိအမှတ်ပြုသည်။သို့ဖြစ်၍မြန်မာနိုင်ငံအင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၅၄တွင်ရည်ညွှန်းထားသောကာလကိုလွှဲပြောင်းစာချုပ်ချုပ်ဆိုသည့်နေ့ရက်မှစ၍ရေတွက်ရမည်ဟုကျွန်ုပ်သဘောရရှိသည်။သို့ရာတွင်စာချုပ်ကိုသတ်မှတ်ထားသည့်အချိန်ကာလအတွင်းနည်းလမ်းတကျမှတ်ပုံတင်ပြီးဖြစ်ရမည်။ "

မြန်မာနိုင်ငံအင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၅၄(၁)မှာအကျုံးဝင်တဲ့လွှဲပြောင်းမှုဟာ၊ရောင်းချခြင်း၊ပေါင်နှံခြင်း၊အပိုင်ပေးခြင်း၊သို့မဟုတ်၊လဲလှယ်ခြင်းဖြစ်နိုင်ပါတယ်။

ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပါဆိုင်ရာပြဌာန်းချက်အရ၊ဒီလွှဲပြောင်းမှုကိုအထမြောက်စေဖို့ရန်မှတ်ပုံတင်စာချုပ်ချုပ်ဆိုဖို့လိုမယ်ဆိုရင်၊ပရီးဗွီးကောင်စီက၊ A . I . R . 1927 P . C . 42မှာထောက်ပြထားသလို၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၅၄၊၅၉၊၁၂၃နဲ့၁၁၈ပါပြဌာန်းချက်အသီးသီးကိုစာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇နဲ့၊ညှိယူနိုင်ဖို့တခုတည်းသောနည်းလမ်းကတော့၊စာချုပ်ချုပ်ဆိုတဲ့နေ့နဲ့မှတ်ပုံတင်တဲ့နေ့ကြားကာလအတွင်းမှာ၊မှတ်ပုံမတင်ရသေးတာကိုအကြောင်းပြုပြီးသက်ဆိုင်ရာလွှဲပြောင်းမှုအား၊ရပ်ဆိုင်းထားခြင်းမရှိဘူးလို့မြင်မယ်ဆိုရင်၊မြန်မာနိုင်ငံအင်ဆော်လဝင်စီအက်ဥပဒေပုဒ်မ၅၄(၁)မှာရည်ညွှန်းထားတဲ့နေ့ရက်ဟာ၊စာချုပ်ချုပ်တဲ့နေ့ဖြစ်တယ်ဆိုတာကွက်ကွက်ကွင်းကွင်းပေါ်လာမှာဖြစ်ပါတယ်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ကာလစည်းကမ်းသတ်ဥပဒေ[ Part Five ]