1948 BLR 278
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
1948BLR278အမှုတွင်တရားလွှတ်တော်ကအင်္ဂလန်နိုင်ငံစီရင်ထုံးများသာမက၊အမေရိကန်စီရင်ထုံးတရပ်ကိုလည်းကိုးကားကာ၊ခက်ခဲနက်နဲသောပဋိညာဉ်အက်ဥပဒေဆိုင်ရာဥပဒေပြဿနာတရပ်ကိုလည်းအဆုံးအဖြတ်ပေးခဲ့ပါသည်။
ထိုစီရင်ထုံးကိုတရားလွှတ်တော်ချုပ်က1949BLR64အမှုတွင်အတည်ပြုရာ၌လည်း၊အင်္ဂလန်နိုင်ငံစီရင်ထုံးများကိုကိုးကားဆုံးဖြတ်ပါသည်။
နိုင်ငံခြားစီရင်ထုံးကိုမကိုးကားရစတမ်းဟုဆိုပါလျှင်၊ 1954 BLR ( S C ) 52 ( 57 )တွင်ပြဆိုထားသည့်အတိုင်း၊အတ္တနောမတိဆုံးဖြတ်ရန်သာဖြစ်ပါလိမ့်မည်။
အကြောင်းမူထိုစဉ်ကထုတ်ဝေပြီးသောမြန်မာနိုင်ငံစီရင်ထုံးများတွင်၊ဆုံးဖြတ်ရန်ရှိသည့်ဥပဒေပြဿနာအတွက်ထုံးသာဓကမရှိသေးပါ။
၁၉၆၂ခုနှစ်မတ်လကုန်မှစ၍အိန္ဒိယနိုင်ငံစီရင်ထုံးများမြန်မာနိုင်ငံသို့မရောက်ရှိခဲ့။
ထိုနိုင်ငံ၏၊တရားလွှတ်တော်နှင့်တရားလွှတ်တော်ချုပ်တို့၏၊အမြင်ကိုသိခွင့်မရသည်မှာအနှစ်ငါးဆယ်ကျော်ခဲ့ခြင်းသည်ဖြစ်သင့်ပါသလား။
သို့သော်ယခုအခါအင်တာနက်မှတဆင့်၊ထိုစီရင်ထုံးများကိုဖတ်ရှုရန်အခွင့်အလမ်းပေါ်လျက်ရှိရာ၊တရားသူကြီးများနှင့်ရှေ့နေရှေ့ရပ်တို့၊ထိုအခွင့်အရေးကိုအပြည့်အဝအသုံးချသင့်ပါသည်။
ဥပဒေပြဿနာတရပ်အပေါ်အဆင့်မြင့်တရားရုံးတရားသူကြီးများ၏၊အမြင်အသီးသီးကိုသိခွင့်ရခြင်းသည်၊တရားစီရင်ရေးဖြစ်ထွန်းမှုကိုအနည်းနှင့်အများအထောက်အကူဖြစ်စေပါလိမ့်မည်။
Comments
Post a Comment