1959 BLR ( H C ) 6 ( ပြစ်မှု )

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

1968 BLR 10 စီရင်ထုံးစာမျက်နှာ၁၃တွင်ကိုးကားသောအခြားအမှုမှာ-

1959 BLR ( HC ) 6 ( ပြစ်မှု ) ( Ganesh Narayan  vs. The Union of Burma )ဖြစ်သည်။

ထိုအမှုမှာနိုင်ငံခြားငွေလဲလှယ်ခြင်းစည်းမျဉ်းအက်ဥပဒေပုဒ်မ၉(၂)ပါအောက်ပါပြဌာန်းချက်များနှင့်သက်ဆိုင်သည်-

" No person shall , except with the general or special permission of the Controller or the written permission of a person authorized in this behalf by the Controller , take or send out of the Union of Myanmar ( Burma ) , any gold , jewellery or precious stones , or Myanmar ( Burma ) currency notes , bank notes or coin or foreign exchange other than foreign exchange obtained from an authorized dealer . "

တိုကျိုမြို့သို့လေယာဉ်ဖြင့်လိုက်ပါမည့်တရားခံတွင်သက်ဆိုင်ရာအာဏာပိုင်​၏ခွင့်ပြုချက်မရှိသည့်ရွှေလက်စွပ်အစရှိသည့်အထက်ပါဥပဒေနှင့်ငြိစွန်းသောပစ္စည်းများကိုတွေ့သဖြင့်တရားစွဲသောအမှုဖြစ်သည်။တရားခံကလူကြုံပါးလိုက်ခြင်းဖြစ်သည်ဟုထုချေသည်။

ပြဌာန်းချက်ပါဥပဒေနှင့်ငြိစွန်းသောပစ္စည်းများကိုယူဆောင်သွားခြင်းအမှုကိစ္စ၌၊မနောကံအကျုံးဝင်ရန်အကြောင်းမရှိနိုင်သဖြင့်၊၁၉၅၉ခုနှစ်စီရင်ထုံးပါထုံးဖွဲ့ချက်သည်ပြစ်မှုအမျိုးအစားချင်းမတူသော၊1968BLR10အတွက်ထုံးသာဓကမဖြစ်နိုင်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ