1968 BLR 10 ( ပြစ်မှု )

 ဆရာကြီးဦးမြသင်ကြားပို့ချချက်များ


1968BLR10( ပြစ်မှု )( U Tun Aung Tha vs. The Union of Burma )အမှုတွင်၊တရားခံဦးထွန်းအောင်သာသည်စိုက်ပျိုးရေးအရာရှိဖြစ်၍(၇-၂-၆၆)နေ့၌၊အစိုးရတာဝန်ဖြင့်ခရီးသွားခိုက်လက်နက်ကိုင်ကွန်မြူနစ်သောင်းကျန်းသူများက၎င်းတွင်ပါလာသောသေနတ်တလက်ကိုသိမ်းယူလိုက်သည်။ကျေးရွာလူကြီးများ​၏မေတ္တာရပ်ခံချက်အရ၎င်းတို့အားအဝတ်ဖိနပ်ဆယ်ရံဝယ်ပေးလိုက်ရာမှနောက်ပိုင်းတွင်မိမိသေနတ်ပြန်ရသည်။၎င်းအားမတရားအသင်းအက်ဥပဒေပုဒ်မ၁၇(၁)အရပြစ်မှုထင်ရှားစီရင်သည်။


ဦးထွန်းအောင်သာက၊မတရားအသင်းဖြစ်သောကွန်မြူနစ်ပါတီဝင်များအားဖိနပ်ဆယ်ရံပေးခြင်းသည်မတရားအသင်းအက်ဥပဒေပုဒ်မ၁၇(၁)ပါ၊ contributes for the purpose of any such association ဟူသောပြဌာန်းချက်များတွင်အကျုံးဝင်သည်ဟုဆုံးဖြတ်ရာ၌၊သေနတ်ကိုဖိနပ်များနှင့်လဲလှယ်ခြင်း ( exchange ) မဟုတ်ဟု၊အဘိဓာန်စာအုပ်တအုပ်ပါအဓိပ္ပာယ်ဖွင့်ဆိုချက်များကို၊ကိုးကားကာစီရင်ထုံးစာမျက်နှာ၁၁မှ၁၅၌၊တရားရုံးချုပ်တဦးထိုင်တရားသူကြီး(ဦးစိန်သင်း)ကအကျယ်တဝင့်အကြောင်းပြသည်။


သို့သော်၊1969BLR58( S B )( ဦးထွန်းအောင်သာ နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ )( ပြစ်မှု )၊အထူးအယူခံမှုတွင်တရားရုံးချုပ်က၊စီရင်ထုံးစာမျက်နှာ၆၂နှင့်၆၃တွင်၊ဦးထွန်းအောင်သာသည်၎င်းကကောင်းစွာထိန်းသိမ်းရန်တာဝန်ရှိသောသေနတ်ကိုရွာလူကြီးဦးထွန်းအောင်အားအဝတ်ဖိနပ်ပေး၍ပြန်လည်ရယူခဲ့ခြင်းသည်သောင်းကျန်းသူတို့ကိုထောက်ပံ့ခြင်း၊ကူညီခြင်းမြောက်သည်ဟုမဆိုသာဟုဆုံးဖြတ်သည်။


ယင်းအသင်း​၏ရည်ရွယ်ချက်( for the purpose of any such association )အတွက်ဆက်ကြေးပေးခြင်း၊ထောက်ပံ့ကြေးပေးခြင်း၊သို့မဟုတ်၊ဖိနပ်များ(ပစ္စည်းများ)ပေးခြင်းသည်သဘောသဘာဝချင်းတူပါသည်။ကွဲပြားရန်အကြောင်းမရှိနိုင်ပါ။


မတရားအသင်းအက်ဥပဒေပုဒ်မ၁၇(၁)ပါ contributes or receives or solicits any contribution for the purpose of any such association ,ဟူသောပြဌာန်းချက်များကိုသတ္တုချကြည့်လျှင်၊အောက်ပါပြစ်မှုသုံးမျိုးကိုတွေ့မြင်နိုင်သည်-


( က ) contributes for the purpose of any such association .


( ခ ) receives any contribution for the purpose of any such association .


( ဂ ) solicits any contribution for the purpose of any such association .


ဦးထွန်းအောင်သာအမှုသည်အပိုဒ်(က)ပါပြစ်မှုမျိုးဟုတ်မဟုတ်၊ပထမဆင်ခြင်ဆုံးဖြတ်ရန်ဖြစ်သည်။တရားရုံးချုပ်တဦးထိုင်တရားသူကြီး(ဦးစိန်သင်း)က contributes ​၏အဓိပ္ပာယ်ကိုအင်္ဂလိပ်အဘိဓာန်ပါအဓိပ္ပာယ်ဖွင့်ဆိုချက်များတွင်ရှာဖွေပြီးစီရင်ချက်စာမျက်နှာ၁၂တွင် " he can still be said to have contributed the articles for the purpose of an unlawful association within the meaning of section 17(1) of the Unlawful Association Act , as his act clearly amounted to the giving of boots for the common purpose of use by the members of the association . "ဟုသုံးသပ်သည်။


လက်နက်ကိုင်ကွန်မြူနစ်သောင်းကျန်းသူများပါဝင်သောကွန်မြူနစ်အသင်း(အဖြူ၊အနီ)​၏ရည်ရွယ်ချက်( purpose )သည်၊တရားဝင်ဖွဲ့စည်းတည်ထောင်သည့်အစိုးရကိုဖြုတ်ချပြီးအာဏာရယူရေးဖြစ်သည်။


ရွာသားများက၎င်းအသင်းကိုဆက်ကြေးပေးခြင်း၊ဦးထွန်းအောင်သာကဖိနပ်ဆယ်ရံဝယ်ပေးခြင်းသည်၊သောင်းကျန်းသူများပါသောအသင်းရည်ရွယ်ချက်အတွက်ပေးကမ်းထောက်ပံ့ပါမှ၊ပြဌာန်းချက်တွင်အကျုံးဝင်သောပြစ်မှုမြောက်ပါမည်။


သို့ဖြစ်ရာပုဒ်မ၁၇(၁)ပါ for the purpose of any such association ဟူသောစကားစပ် ( context )နှင့်တွဲဖက်စဉ်းစားလျှင်၊ contributes သည်အဘိဓာန်တွင်ပါရှိသောအဓိပ္ပာယ်ထက်ပို၍ကျယ်ဝန်းသည်ကိုတွေ့မြင်နိုင်သည်။


ဆက်ကြေးပေးရုံမျှဖြင့်လည်းကောင်း၊ဖိနပ်များပေးရုံမျှဖြင့်လည်းကောင်း၊ပုဒ်မ၁၇(၁)ပါပြဌာန်းချက်များတွင်အပြည့်အဝအကျုံးဝင်သည်မဟုတ်။ကွန်မြူနစ်အသင်းရည်ရွယ်ချက်အလို့ငှာပေးခြင်းဖြစ်ပါမှပြစ်မှုမြောက်မည်ဖြစ်သည်။


သို့ဖြစ်ရာ၊ 1969 BLR 58 ( S B )စီရင်ထုံးစာမျက်နှာ၆၁နှင့်၆၂တွင်ဖော်ပြထားသော၊မနောကံမြောက်ကျူးလွန်ခြင်း၊အပြစ်ရှိသောစိတ်စေတနာ ( guilty mind - mens rea )ရှိမှ၊ပြစ်မှုမြောက်မည့်ပြစ်မှုအမျိုးအစားဖြစ်ကြောင်းမြင်သာသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ