1972 BLR 28 (ပြစ်မှု)၊ မောင်ချစ် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ

ဆရာကြီးဦးမြသင်ကြားပို့ချချက်များ

1972 BLR 28 ( ပြစ်မှု )( မောင်ချစ် နှင့် ပြည်ထောင်စုမြန်မာနိုင်ငံ )အမှုတွင်၊"နိုင်ငံခြားစီရင်ထုံးများကိုကိုးကားခြင်းမပြုအပ်၊ဗဟုသုတအလို့ငှာဖတ်ရှုကောင်းသော်လည်း၊၎င်းတို့ကိုမှီငြမ်းပြုရန်ကားမလျော်ချေ။ "ဟုပြဆိုပါသည်။

မြန်မာနိုင်ငံတွင်စီရင်ထုံးမရှိသေးသည့်ပြဿနာပေါ်ပေါက်သည့်အခါ၊မည်သို့ဆောင်ရွက်ရန်ဖြစ်သည်ကိုမူ၊စီရင်ထုံးကအဖြေမပေးပါ။

မောင်ချစ်စီရင်ထုံးတွင်၊ " နိုင်ငံတွင်း၌ဖြစ်ပွားသောတမှုနှင့်အခြားတမှုပင်မတူနိုင်လျှင်၊နိုင်ငံတွင်း၌ဖြစ်ပွားသောအမှုနှင့်နိုင်ငံခြား၌ဖြစ်ပွားသောအမှုသည်၊တူညီနိုင်ဘို့ပို၍ပင်ခက်ခဲသေးသည်။ထို့ပြင်၊တည်ရှိသောဥပဒေများသည်လည်းထပ်တူညီကြသည်ဟုတ်ချေ။ "ဟုမြွက်ဆိုချက်ကိုအငြင်းပွားရန်မရှိပါ။

မြန်မာနိုင်ငံ​၏တရားမကျင့်ထုံးဥပဒေ၊သက်သေခံအက်ဥပဒေ၊ပဋိညာဉ်အက်ဥပဒေစသည့်ဥပဒေအချို့သည်၊အိန္ဒိယနိုင်ငံဥပဒေများပါပြဌာန်းချက်များနှင့်တူသည်များလည်းရှိရာ၊မြန်မာနိုင်ငံစီရင်ထုံးများတွင်သာဓကမရှိသောအမှု၌၊မြန်မာနိုင်ငံဥပဒေနှင့်ပြဌာန်းချက်ချင်းတူသောအမှုတွင်၊အိန္ဒိယနိုင်ငံတရားလွှတ်တော်၊တရားလွှတ်တော်ချုပ်တို့​၏အဆိုအမိန့်ကိုလေ့လာဆုံးဖြတ်ခြင်းက၊အတ္တနောမတိမိမိသဘောဖြင့်ဆုံးဖြတ်သည်ထက်အမှန်တရားကိုဖော်ထုတ်နိုင်ရန်ပို၍၊အခွင့်အလမ်းရှိသည်မှာငြင်း၍မရသောအချက်ဖြစ်ပါသည်။

Comments

Popular posts from this blog

လင်မယားအဖြစ်ပြတ်စဲနိုင်သည့်နည်းအမျိုးမျိုး

ဇာရီမှုကိုဆိုင်းငံ့ရန်ငြင်းပယ်သောအမိန့်သည်ပုဒ်မ၄၇တွင်အကျုံးမဝင်။ 1938 Rangoon Law Reports 580

ဇာရီမှုတွင်ချမှတ်သောအမိန့်များ