A . I . R . 1927 P . C . 42
ဆရာကြီးဦးမြသင်ကြားပို့ချချက်များ
A . I . R . 1927 P . C . 42
( Kalyanasundaram Pillai vs. Karuppa Mooppanar on 13 December , 1926 .
Equivalent citations : ( 1927 ) 29 BOMLR 833
အမှုမှာ၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၃နဲ့စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇တို့ကို၊#သဟဇာတဖြစ်အောင်ညှိယူဆုံးဖြတ်ခဲ့တဲ့သာဓကရှိပြီးဖြစ်နေတာဟာ၊ 1937 R. L . R . 375 . ( F . B . )အမှုမှာ၊#ရင်ဆိုင်ရတဲ့ပြဿနာကိုအဖြေထုတ်ရာမှာလွယ်ကူစေခဲ့ပါတယ်။
ပရီးဗွီးကောင်စီဆုံးဖြတ်ရတဲ့ဥပဒေပြဿနာက၊အပိုင်ပေးစာချုပ်ကိုမှတ်ပုံမတင်ခင်ပေးသူသေဆုံးသွားရင်ဖြစ်ဖြစ်၊ပြန်လည်ရုပ်သိမ်းလိုက်ရင်ဖြစ်ဖြစ်၊အပိုင်မပေးနိုင်တဲ့အခြေအနေရောက်သွားရင်ပဲဖြစ်ဖြစ်၊အပိုင်ပေးစာချုပ်ဟာအတည်ဖြစ်ပါတော့မလားဆိုတဲ့အချက်ဖြစ်ပါတယ်။
ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၃ပါပြဌာန်းချက်များအရဆိုရင်၊အပိုင်ပေးစာချုပ်ကိုမှတ်ပုံတင်ဖို့လိုအပ်ပါတယ်။
ဒါကြောင့်မှတ်ပုံမတင်ခင်အပိုင်ပေးစာချုပ်ဟာမပြီးမြောက်သေးပါဘူး။
အပိုင်ပေးသူရဲ့ပိုင်ဆိုင်ခွင့်ဟာသူ့ဆီမှာပဲရှိမြဲရှိနေဦးမှာပါ။
ဒါပေမဲ့စာချုပ်ကိုမှတ်ပုံတင်ဖြစ်သွားရင်၊စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇အရ၊အပိုင်ရသူဟာစာချုပ်ချုပ်ဆိုတဲ့နေ့ကပဲအပိုင်ရသွားပါမယ်။
ကော်စရာကပ်စရာအချက်ကစာချုပ်ချုပ်ဆိုတဲ့နေ့နဲ့မှတ်ပုံမတင်ခင်ကြားကာလမှာ၊အကြောင်းတရပ်ရပ်ကြောင့်စာချုပ်အတည်မဖြစ်တဲ့အခြေအနေကိုရောက်သွားနိုင်တယ်ဆိုတာပါပဲ။
ပုဒ်မ၄၇သာမရှိခဲ့ရင်ဒီအမြင်ဟာမှန်နိုင်ပါတယ်။
ဒါပေမဲ့စာချုပ်ကိုမှတ်ပုံတင်တာနဲ့တပြိုင်နက်၊အပေးစာချုပ်ဟာစာချုပ်ချုပ်တဲ့နေ့ကစပြီးအတည်ဖြစ်တဲ့အတွက်၊#ကြားကာလမှာစာချုပ်ကိုပျက်ပြယ်စေတဲ့အကြောင်းမပေါ်ပေါက်နိုင်ပါဘူးလို့ကောက်ယူပါမှ၊ပြဌာန်းချက်တွေဝိရောဓိဖြစ်ခြင်းမှရှောင်ရှားနိုင်မှာဖြစ်ပါတယ်။
ပရီးဗွီးကောင်စီက၊စီရင်ထုံးစာမျက်နှာ၄၄မှာ၊ပညာသားပါပါဒီလိုအကြောင်းပြပါတယ်-
" မှတ်ပုံတင်ခြင်းသည်မရွှေ့မပြောင်းနိုင်သောပစ္စည်းအားအပိုင်ပေးခြင်းအတည်ဖြစ်စေရန်အလို့ငှာလိုအပ်သောလေးနက်မှုတရပ်ဖြစ်သော်လည်း၊အမှန်တကယ်မှတ်ပုံတင်သည်အထိအပိုင်ပေးခြင်းကိုဆိုင်းငံ့ထားခြင်းမရှိဟူသောအမြင်မှတပါး၊ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ၁၂၃ပါပြဌာန်းချက်သည်စာချုပ်စာတမ်းမှတ်ပုံတင်ခြင်းအက်ဥပဒေပုဒ်မ၄၇နှင့်စပ်ဟပ်နိုင်ရန်အကြောင်းမမြင်။ "
ပြဌာန်းချက်နှစ်ရပ်ကိုသဟဇာတတည့်အောင်အဓိပ္ပာယ်ကောက်ယူခြင်းဟာသဘာဝကျတဲ့လုပ်ရပ်ပါ။
12 Ran. 263 ( D . B . )မှာလို၊စာချုပ်ကိုမှတ်ပုံမတင်ခင်မှာအကျိုးသက်ရောက်မှုမရှိသေးဆိုတဲ့အချက်ကိုကွက်ကြည့်ပြီး၊ဘေးကိစ္စတွေကိုထည့်တွက်ရင်ပုဒ်မ၄၇နဲ့ထိပ်တိုက်တိုးမှာပါ။
၁၉၃၄ခုနှစ်မှာ၊ 12 Ran. 263အမှုကိုဆုံးဖြတ်စဉ်က၊ပရီးဗွီးကောင်စီစီရင်ထုံးကိုဆင်ခြင်မိခဲ့ဟန်မတူပါဘူး၊ဒါကြောင့်၊အနှောင့်အသွားမလွတ်တဲ့ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။
Comments
Post a Comment